ကော့ကရိတ်မြို့တွင် တစ်ပတ်အတွင်း ထိခိုက်သေဆုံးသူ အရပ်သား ၂၀ ကျော်ရှိလာ

ကော့ကရိတ်မြို့တွင် တစ်ပတ်အတွင်း ထိခိုက်သေဆုံးသူ အရပ်သား ၂၀ ကျော်ရှိလာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တစ်ပတ်အတွင်း လက်နက်ကြီးကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ် ရာရရှိသော အရပ်သားပြည်သူ အယောက် (၂၀) ဦးကျော် ရှိလာကြောင်း မြို့ခံပြည်သူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကော့ကရိတ်မြို့နေရာအနှံ့ စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်များ တိုက်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်း စစ်တပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးများကြောင့် လက်ရှိ မြို့တွင်းနေ ပြည်သူ (၅)‌ဦး သေဆုံး ကာ အယောက် (၂၀) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့သတင်းအရင်းအမြစ်က ပြော သည်။

ကော့ကရိတ်မြို့ခံတစ်ဦးက “အမှတ်(၄) အမှတ်(၃) အမှတ်(၇) ရပ်ကွက်တွေမှာ အရပ်သား ၅ ယောက် သေ တယ်။ အယောက် ၂၀ ဝန်းကျင် ဒဏ်ရာရတယ်။ ဒါက ကျနော်တို့ မြို့ထဲကစာရင်း‌ပေါ့။ နာမည်စာရင်းတွေတော့ အကုန်မရသေးဘူး” ဟု ကေအိုင်စီသို့ပြောသည်။

လတ်တလော ကော့ကရိတ်မြို့အတွင်းတွင် နှစ်ဖက်တိုက်ပွဲများမရှိတော့သော်လည်း မြို့အခြေစိုက် စစ်ကောင်စီ ၏‌ ခြေလျင်တပ်ရင်း (ခလရ-၉၇) နှင့် လှိုင်ဝအမြှောက်ကုန်းမှ လက်နက်ကြီး ပစ်ခတ်မှု အမြဲလုပ်ဆောင်သေး သောကြောင့် နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း မြို့ခံပြည်သူ တစ်ဦးထပ်မံ ထိခိုက်ခဲ့ကြောင်း ဒေသခံ များက ပြောသည်။

“နှစ်ဖက်တိုက်ပွဲက မဖြစ်တော့ပေမဲ့ လက်နက်ကြီး ပစ်တာက ရှိနေတုန်းပဲ။ ဒီနေ့ မနက်တောင် မြို့ထဲမှာ တစ်ဦး ထိတယ်ကြားသေးတယ်။ ကြောက်ကြောက်နဲ့ပဲ အလုံးကြီး သံကိုနား ထောင်ပြီးနေရတယ်” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့ရှိ ပြည်သူများသည် တိုက်ပွဲနှင့် လက်နက်ကြီးရန်ကြောင့် မြဝတီ၊ ဖားအံ၊ ကျုံဒိုး၊ မော်လမြိုင် အစရှိသော မြို့များရှိ ဆွေမျိုးများထံတွင် သွားရောက် တိမ်းရှောင်နေကြရသလို နေရပ်စွန့်ခွာရှောင်တိမ်းရန် အခက်အခဲရှိသော ဒေသခံများသည်လည်း အသက်အိုးအိမ်ကို စိုးရိမ်စိတ်ဖြင့် သတိထားနေထိုင်ရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီမှ ကော့ကရိတ်မြို့နှင့် အနီးဒေသရှိ ကျေးရွာများ ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဖြင်းဖြစ်ရာ ဒေသခံများထိခိုက် သေဆုံးမှုရှိခဲ့ သေးသည်။

ထိုနေ့ နောက်ပိုင်းမှစ၍ KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့မှ မြို့အတွင်းရှိ စစ်ကောင်စီ တပ်ချ ထား သည့် နေရာအနှံ့အပြားတွင် ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ မြို့အနှံ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးသူများလည်း ရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...