မြိတ်တွင် ညမထွက်ရအချိန် ပြန်လည်လျှော့ချသော်လည်း ဒေသခံများ အပြင်မထွက်ရဲသေး

မြိတ်တွင် ညမထွက်ရအချိန် ပြန်လည်လျှော့ချသော်လည်း ဒေသခံများ အပြင်မထွက်ရဲသေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် စစ်ကောင်စီမှ ညမထွက်ရအချိန် သတ်မှတ်ချက်ကို ပြန်လည် လျှော့ချလိုက်သော်လည်း ခြိမ်းခြောက်ခံရမှုများ ရှိနေသေးသောကြောင့် ဒေသခံများအနေဖြင့် အပြင်မထွက်ရဲသေးကြောင်း မြိတ်ဒေသခံများက ပြောသည်။

မြိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ညမထွက်ရအချိန်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာတွင် ယခု အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ပြီး မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၏ လက်မှတ်ဖြင့် ည ၁၂ နာရီ မှ နံနက် ၃ နာရီသို့ ပြောင်းလည်း သတ်မှတ်လိုက် ခြင်းဖြစ်သည်။

ထိုသို့ ပြောင်းလဲသတ်မှတ်လိုက်သော်လည်း စစ်ကောင်စီမှ ညအချိန်အပြင်ထွက်သူများကို သေနတ်ဖြင့် လိုက် လံပစ်ခတ်ခြင်း၊ ဖမ်းဆီးငွေညှစ် ခြိမ်းခြောက်ခြင်းများကို ပြုလုပ်လျက်ရှိသောကြောင့် ဒေသခံများ အနေဖြင့် ညဘက်အချိန် အပြင်မထွက်ရဲကြောင်း မြိတ်မြို့နေ အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

“ပြီးခဲ့တဲ့ရက်ကပဲ ညမထွက်ရအချိန်ကိုထုတ်ပြန်လိုက်တာ။ ဒါပေမဲ့ ဘယ်သူမှ အပြင်ထွက်တာ မတွေ့ရဘူး။ ရှစ်နာရီနောက်ပိုင်းဆိုဘယ်သူမှ မရှိတော့ဘူး။ အရင်ကလည်း စစ်တပ်က ညမထွက်ရအချိန်ကို တစ်ခုပြီး တစ်ခု ပြောင်းလဲထုတ်တယ်။ ဒါပေမဲ့ ညထွက်ရင် ဖမ်းခံထိတာတို့၊ ငွေနဲ့ပြန်ရွေးရတာတွေ။ ဟို တစ်ခေါက်ကဆို သေ နတ်နဲ့ တောင်လိုက်ပစ်တယ်လေ။ အဲ့တော့ ဈေးသည်တွေအတွက် ဈေးထွက် ချိန်တွေ ကမောက်ကမ ဖြစ်ကုန် တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

၎င်းဖြစ်စဉ်နှင့်အလားတူ မွန်ပြည်နယ်၊ ချောင်းဆုံမြို့တွင်လည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ယခင်က ည ၁၂ နာရီမှ နံနက် ၄ နာရီအချိန်ထိ သတ်မှတ် ထားရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ညမထွက်ရအမိန့်ကို ည ၁နာရီမှ နံနက် ၃ နာရီအထိ လျှော့ချ ထုတ်ပြန်လိုက်ကြောင်း ချောင်းဆုံမြို့နေဒေသခံများက ပြောသည်။

ယခုလို အချိန်လျှော့သတ်မှတ်မှုများရှိသော်လည်း အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း လူငယ်များအနေဖြင့် လွတ် လပ်စွာ သွားလာနိုင်ခြင်း မရှိသလို စိတ်မလုံခြုံမှုများမှာ ဆက်လက်ရှိနေသေးကြောင်း ချောင်းဆုံမြို့နေ အမည် မဖော်လိုသူ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အချိန်ကဘာမှ မထူးသွားဘူးလေနော်။ အဲ့အချိန်တွေက ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး။ အာဏာ မသိမ်းခင်ကတော့ တစ်မျိုးပေါ့။ ကိုယ့်ဘာသာကိုယ် ဘယ်အချိန်ထွက်ထွက်ဘယ်သူမှ ကြောက် စရာမလိုဘူး။ လူငယ်တစ်ယောက်အနေနဲ့ဆို ကိုယ့်နိုင်ငံနဲ့ကိုယ်တောင် ပျော်ဖို့ပါးဖို့အခွင့်အရေး မရှိသလို နေ နေရတယ်။ လူ တိုင်းကို ကြောက်စိတ်နဲ့ ကြည့်နေရတယ်။ စိတ်မလုံခြုံဘူးပေါ့လေ” ဟု ပြောသည်။

ထို့အပြင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ် အပါအဝင် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်တွင်လည်း ညမထွက်ရအမိန့် အချိန်ပြောင်းလဲမှု မရှိသေးဘူးဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီမှ ညမထွက်ရအချိန်ကို လျှော့ချပေးခဲ့သော်လည်း အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် လူ ၅ ဦးနှင့် အထက် စု‌ဝေးခြင်း၊ စီတန်းလှည့်လည် ဆန္ဒပြခြင်း၊ ဟောပြောခြင်း စသည်တို့ကို တားမြစ် လုပ် ဆောင်နေဆဲ ဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

Most read this week

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...