မွန်ပြည်နယ်မှာ ခရီးသွားဝင်ရောက်မှုများအောင်လုပ်ဖို့ စစ်ကောင်စီဖိအားပေး

မွန်ပြည်နယ်မှာ ခရီးသွားဝင်ရောက်မှုများအောင်လုပ်ဖို့ စစ်ကောင်စီဖိအားပေး

မွန်ပြည်နယ်မှာ လာမယ့်ပွင့်လင်းရာသီကစပြီး ခရီးသွားဧည့်သည် ဝင်ရောက်မှုများအောင်လုပ်ဖို့နဲ့ ခရီးသွားနေရာ အသစ်တွေ ဖော်ဆောင်ဖို့ စစ်ကောင်စီဘက်က ဖိအာပေးလာတယ်လို့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့ ပြည်နယ်စစ်ကောင်စီဟာ ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ဆိုပြီး ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းရှင်တွေကို ပြီးခဲ့တဲ့လပိုင်းတွေကစပြီး မကြာခဏ ခေါ်ယူဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။

ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ်မှာ စစ်ကောင်စီက နယ်မြေတည်ငြိမ်အေးချမ်းပြီး စည်ကားနေ ကြောင်း ပုံဖော်နိုင်ဖို့နဲ့ ခရီးသွားကဏ္ဍမြှင့်တင်ဖို့ ဖိအားပေးပြောဆိုတာတွေ ရှိနေတာပါ။

ခရီးသွားဧည့်လမ်းညွှန်တစ်ဦးက “သူတို့ကတော့ မွန်ပြည်နယ်ကို အဓိကထားပြီးတော့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး ချင် တယ်။ သူတို့ခေါ်ဆွေးနွေးတဲ့အပိုင်းက နယ်စပ်ပေါက်တွေဖွင့်ရင် လုံခြုံမလားအဲဒီလိုမေးတယ်ပေါ့။ နယ်စပ် ပေါက်တွေ ဖွင့်တဲ့အခါကျရင် မြဝတီဘက်ခြမ်းက ဧည့်သည်တွေဝင်လာရင်တော့ အဆင်ပြေတယ်။ သူတို့က လုံခြုံရေးပေးလို့ ရှိရင်တော့ ကျွန်တော်တို့မှာ နည်းနည်းခက်ခဲတယ်” လို့ ပြောပါတယ်။

ခရီးသွားကဏ္ဍဖွံ့ဖြိုးအောင်လုပ်ဖို့ စစ်ကောင်စီဘက်က ဖိအားပေးပြောဆိုနေပေမယ့် လုံခြုံရေးအပါအဝင် ညမထွက်ရအမိန့် ကန့်သတ်ချက်တွေကြောင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးဖို့မရှိနိုင်ဘူးလို့ သူက ဆက် ပြောပါတယ်။

“ဧည့်သည်တွေဆင်းတဲ့အခါ သူတို့လုံခြုံရေး ကို တွေ့ရင် နှစ်ဖက်ကတင်းမာမှုရှိတဲ့ အခါကျတော့ ကျွန်တော်တို့ သူတို့လုံခြုံရေးနဲ့ မဆင်းနိုင်ဘူး။ ကျွန်တော်တို့ လုံခြုံရေးမလိုချင်ဘူး။ လုံခြုံရေးကိုတွေ့လိုပဲ ကျွန်တော်တို့မှာ ပြဿနာတွေတက်နေတာ အများကြီး။ အခက်အခဲ ဆုံးက ဒီမာရှယ်လောပဲ။ အချိန်အကန့်အသတ်ရယ်၊ တံတား တွေပိတ်တာရယ်၊ တံတားအမှီဖြတ်ရတာတို့၊ လမ်းကြောင်းမှာ အိပ်ရတာတို့က မလုံခြုံတော့ဘူး။ ဒီအခက် အခဲက တော်တော်ကြီးတယ်။ မာရှယ်လောမရုပ်မချင်းကတော့ ခရီးသွားကဏ္ဍဖွံ့ဖြိုးမှုဟာ လွတ်လွတ်လပ်လပ် သွားလို့မရဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ခရီးသွားလာရာမှာလည်း စစ်ကောင်စီရဲ့ တင်းကျပ်တဲ့ စစ်ဆေးမှုတွေကြောင့် လိုရာခရီးကို အချိန်မီ မရောက်ဘဲ ကြန့်ကြာမှုရှိသလို စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးမတရား ကောက်ခံမှုတွေကြောင့် ခရီးသွား ကဏ္ဍဖွံ့ဖြိုးဖို့ ထင်သလောက် ဖြစ်လာမှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ မွန်ပြည်နယ်ရဲ့ အထင်ကရ ကျိုက်ထီးရိုးဘုရားပွဲတော်နဲ့ ကျိုက်က္ခမီဘုရားပွဲ တွေကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပဖို့ နည်းလမ်းမျိုးစုံသုံးပြီး ကြိုးပမ်းပြင်ဆင်တာတွေ လုပ်ဆောင် နေတာပါ။

ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက “မွန်ပြည်နယ်ထဲမှာလည်း တစ်မြို့နယ်နဲ့ တစ်မြို့နယ်တော့ မတူဘူးပေါ့လေ။ မော် လမြိုင် အနေအထားကတော့ နည်းနည်းအေးချမ်းတယ်။ မော်လမြိုင်၊ မုဒုံလောက်ကတော့ သွားလာလှုပ်ရှားတာ အလုပ်လုပ်တာ အဆင်ပြေတာပေါ့။ ဥပမာ (၁၂)နာရီထိ သွားလာခွင့်ရှိတော့ ကောင်းတာပေါ့။ ဥပမာ-ရေးမြို့နယ် ဆိုရင် ည (၆)၊ မနက်(၆)နာရီဆိုတော့ ဘာမှလုပ်လို့ မရတာ။ ဘာလုပ်ငန်းမှလည်း အဆင်မပြေနိုင်ဘူး။ ကျိုက်မ ရောတို့၊ ကျိုက်ထိုတို့၊ ဘီးလင်းတို့ဆိုရင်လည်း မအေးချမ်းဘူး။ မအေးချမ်းတော့ လူတွေသွားလာ လှုပ်ရှားဖို့ သိပ် မလွယ်ဘူးပေါ့။  အလုပ်လုပ်ရတာ အခက်ခဲများများတာပေါ့၊ ဘာလုပ်ငန်းပဲဖြစ်ဖြစ် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အားလုံးကလည်း မကောင်းဘူးပေါ့”လို့ ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှု များလာစေဖို့အတွက်ဆိုပြီး ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်ခိုင်းတာ၊ သမိုင်းဝင်စေတီ၊ အဆောက်အအုံနဲ့ ဂူတွေကို ဆွဲဆောင်မှု ရှိအောင်လုပ် ဖို့ ရပ်ကွက်ကျေးရွာတွေမှာလည်း ပျော်ပွဲရွှင်ပွဲတွေနဲ့ အလှူပွဲတွေ ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။

စစ်ကောင်စီက ခရီးသွားဝင်ရောက်မှုများဖို့ စီစဉ်နေတဲ့ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ပေါင်၊ ကျိုက် မရောမြို့နယ်တို့မှာ မကြာခဏပစ်ခတ်မှုတွေ ရှိနေသလို ရေးမြို့နယ်ဆိုရင် စစ်အုပ်ချုပ်အရေးအဖြစ် ကြေညာ ထားတာပါ။

မီးခိုးတိတ်စက်ရုံလို့ တင်စားကြတဲ့ မွန်ပြည်နယ်ရဲ့ ခရီးသွားကဏ္ဍဟာ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ် အာဏာ သိမ်းမှုကြောင့် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသလို ခရီးသွားလုပ်ငန်းအများစု နာလန်ပြန်ထူဖို့ အခက်ကြုံ နေရ ပါတယ်။

အာဏာသိမ်းကာလမတိုင်မီက နှစ်စဉ်ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၃ သန်းနီးပါး ဝင်ရောက်နေတဲ့ မွန် ပြည်နယ်ဟာ အာဏာသိမ်ကာလအတွင်းမှာ ခရီးသွားဝင်ရောက်မှု သိသိသာသာကျဆင်းမှုနဲ့ ကြုံနေရတာ ဖြစ် ပါတယ်။

ဓာတ်ပုံ-TLT

October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...