CDM ကျောင်းဆရာကို တစ်သက်တစ်ကျွန်းထောင်ဒဏ်ချ

CDM ကျောင်းဆရာကို တစ်သက်တစ်ကျွန်းထောင်ဒဏ်ချ

အင်းတော်မြို့နယ်က CDM ကျောင်းဆရာတစ်ဦး အပါအဝင် ပြည်သူ ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အောက်တိုဘာလ ၂၃ ရက်နေ့တွင် စစ်ကောင်စီစစ်ခုံရုံးမှ CDM ကျောင်း ဆရာ တစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသာတစ်ဦးတို့အား ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် နှစ် ရှည်ထောင်ဒဏ်ချမှတ်လိုက်ကြောင်း Indaw Revolution-IR မှတာဝန်ရှိသူက ပြောသည်။

Indaw Revolution-IR မှတာဝန်ရှိသူက “အားလုံးက သာမန်အရပ်သားပြည်သူတွေပါပဲ။ ကျောင်းဆရာတစ်ဦး CDM လုပ်ထားတာ ကြာပြီ။ ကျောင်းဆ ရာကိုတော့ အိမ်မှာ ဖမ်းမိတာ။ အမျိုးသမီးကတော့ ဂိတ်မှာ ဖုန်းထဲ ဘာတွေ့လို့လည်း မသိဘူး။ ဖမ်းသွားတာ လို့ ပြောတယ်” ဟု ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် အလယ်တန်းပြ CDM ကျောင်းဆရာမှာ ဦးဟိဏ်းမင်းသူ (ခ) ကိုအာနိုး ဆိုသူဖြစ်ပြီး ယခုနှစ် ဇွန်လ ၅ ရက်နေ့၌ ရေနားတန်းရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထို့အပြင် အမျိုးသမီးတစ်ဦး ဖြစ်သည့် မဂျုံးဂျုံးကျော်ဇင် ဆိုသူကိုမူ အင်းတော်မြို့အဝင် စစ်ကောင်စီဂိတ်တွင် ဩဂုတ်လ ၁၁ ရက်နေ့က စစ်ကောင်စိတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထို့အပြင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံလိုက်ရသူ ကိုဇော်မြင့်ထွန်းကို စစ်တပ်က ဖမ်းဆီးသွားပြီး နောက် ပုဒ်မ ၃ ခုတပ်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

CDM ဆရာဦးဟိဏ်းမင်းသူနှင့် ကိုဇော်မြင့်ထွန်းတို့အား စစ်ကောင်စီစစ်ခုံရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပေဒပုဒ်မများဖြစ်သည့် ၅၀-ည၊ ၅၂-က နှင့် ၅၂-ခ တို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ပြီး မဂျုံးဂျုံးကျော်ဇင်အား ပုဒ်မ ၅၂-က ဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ကြကြောင်း Indaw Revolution-IR မှ တာဝန်ရှိသူက ပြောသည်။

“ဒီလူတော့ သာမန်ပြည်သူတွေပါ။ သူတို့က အကြမ်းဖက်ပုဒ်မကြီးတွေနဲ့ တရားစွဲပြီး စစ်ခုံရုံးက ချလိုက်တာဆို တော့ ကျနော်တို့က ဘာမှ လုပ်လို့ရမဘူး။ ကျနော့်သူငယ်ချင်း ကိုဟိဏ်းမင်းဆို ရိုးရိုးကျောင်းဆရာပါဗျာ” ဟု နီးစပ်သူ မိတ်ဆွေ တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် စစ်ကိုင်းတိုင်းထဲက မြို့နယ်လေးခုဖြစ်သော ပုလဲမြို့၊ ရွှေဘိုမြို့နယ်၊ ဗန်းမောက်နှင့် အင်းတော်မြို့တို့ထဲက အမျိုးသား ၆ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက်န့မှ ၂၃ ရက်နေ့အထိ စစ်ခုံရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံလိုက်ရသူ များမှာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲက ကိုဇေယျာမျိုးနှင့် ကိုသန်းဇော်လင်း၊ ရွှေဘိုမြို့နယ်က ကိုမင်းခန့်ကျော်၊ ဗန်းမောက်မြို့နယ်က ကိုသန်းနိုင်ဦး၊ အင်းတော်မြို့နယ်က CDM ကျောင်းဆရာ ဦးဟိဏ်းမင်းသူနှင့် ကိုဇော်မြင့် ထွန်းတို့ ဖြစ်ကြသည်။

ထို့အပြင် အင်းတော်မြို့နယ်သည်လည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုက်ရိုက်စစ်အုပ်ချုပ်ရေး ကြေညာ ထားသည့် ဒေသဖြစ်သလို စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ပြည်သူ ၄ ဦး ထိုကဲ့သို့ ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခဲ့သေးသည်။

ချမှတ်ခံရသူများမှာ မသီတာဝင်းနှင့် ကိုကျော်သက်တို့ဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂-ကနှင့် ၅၂-ခ တို့အား ထောင်ဒဏ် ၇ နှစ်စီ အသီးသီး ချမှတ်လိုက်ပြီး ကိုဇော်မျိုးနိုင်အား ပုဒ်မ ၅၀-ည၊ ၅၂-က နှင့် ကိုတင်မောင်ဝင်းအား ပုဒ်မ ၅၀-ည၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ဂ တို့ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

Most read this week

October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...