တောင်ကြီးတွင် စစ်ရှောင်များ၏ စာသင်ဆောင်နှင့် ဝတ်ပြုနေရာများကို စစ်ကောင်စီနှင့် PNO မှ အကြောင်းမဲ့ ဖျက်ဆီး

တောင်ကြီးတွင် စစ်ရှောင်များ၏ စာသင်ဆောင်နှင့် ဝတ်ပြုနေရာများကို စစ်ကောင်စီနှင့် PNO မှ အကြောင်းမဲ့ ဖျက်ဆီး

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ စစ်ရှောင်များ ဆောက်လုပ်ထားသော စာသင်ဆောင်နှင့် ဘုရားကျောင်းဆောင် များကို ဖြိုချရန်အတွက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က အကြောင်းမဲ့ ဖျက်ဆီးခဲ့သည်ဟု ပြော သည်။

စစ်ရှောင်များအား ၎င်းတို့၏ စာသင်ဆောင်နှင့် ဆုတောင်းဝတ်ပြုရာ ဘုရားကျောင်းဆောင်များကို ဖျက်ဆီးပစ် ရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။

PNO နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖိအားကြောင့် အဆိုပါ စစ်ရှောင်များ၏ စာသင်ဆောင်နှင့် ဘုရားကျောင်း ဝတ်ပြုသည့်နေရာကို စက်တင်ဘာလက ဖြိုချခဲ့ကြောင်း တောင်ကြီးမြို့နေ စစ်ရှောင်တစ်ဦးက သျှမ်းသံတော် ဆင့်ကို ပြောသည်။

တောင်ကြီးမြို့သို့ ပြောင်ရွှေ့ စစ်ရှောင်လာသည့် သူများသည် ဖယ်ခုံနှင့် မိုး‌ဗြဲဒေသ မှ ဖြစ်ပြီး၊ အများစုသည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့‌ လက်ရှိနေထိုင်ရာ စစ်ရှောင်အတွင်း  ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ထားသော ကလေး များ စာသင်ရန် နှင့် ဆုတောင်းရန် အဆောက်အအုံကို ဖျက်သိမ်းရန်ပြောခဲ့ကြောင်း ဆိုသည်။

“ဖျက်ခိုင်းတာက စက်တင်ဘာလလောက် ကတည်းကပေါ့။ ဖျက်ခိုင်းရတဲ့ အကြောင်းအရင်းကတော့ လူစုလူဝေး မလုပ်စေချင်တာ‌လို့‌ ပြောတယ်။ လူစုပြီး စာသင်ကြားတာတွေ ဆုတောင်းရှိခိုးတာတွေ မလုပ်ဖို့လည်း တားမြစ် ထားတယ်။ ကလေးတွေ စာမသင်ရဘူး” ဟု စစ်ရှောင်တစ်ဦးက  ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းများတွင် ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မှ စစ်ရှောင်လာသူ (၅၀၀၀)ဝန်းကျင်ရှိပြီး၊ ထိုစခန်း တွင် နေထိုင်သည်မှာ တစ်နှစ်ကျော်ကြာပြီဟု ဆိုသည်။

ထိုစစ်ရှောင်စခန်းအတွင်း အဆောက်အအုံအသစ်များ ထပ်မဆောက်ရန်လည်း ယခုနှစ် ဇူလိုင်လတွင်  စစ် ကောင်စီမှ သတိပေးစာများ ကပ်ခဲ့ပြီး၊ ထိုသတိပေးစာထဲတွင် အစိုးရမြေပေါ် တရားမဝင် လူနေအိမ် ဆောက် လုပ်သည်ကို တွေ့ရှိရသဖြင့် ၎င်းမြေပေါ်တွင် နေထိုင်ခြင်းမပြုရန်နှင့် ပြောင်းရွှေ့ကြရန် ရေးသားထားသည်။

“သူတို့ (စစ်ကောင်စီ) ခွင့်ပြုချက်မရဘဲ အိမ်ဆောက်တာတွေလုပ်တော့ ပေးမနေတဲ့ပုံစံမျိုးပေါ့။ ကျမတို့က ဒီမှာမနေရင် ဘယ်ကို သွားနေရမှာလဲ။ အိမ်လည်းပြန်လို့မရဘူးလေ။ အလုပ်ကလည်းမရှိတော့ အိမ်ငှားနေလို့မရ ဘူး” ဟု စစ်ရှောင် အမျိုးသမီးက ပြောသည်။

လက်ရှိအချိန်ထိ ကရင်နီ (ကယား)ပြည်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်ပြီး စစ်ရှောင်များလည်း ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေသေးကြောင်း စစ်ရှောင်များက ဆိုသည်။

Most read this week

October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...
October 21, 2024
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA...