မိုင်းရှင်းခ ငွေကောက်ခံမှု မဟုတ်မှန်ကြောင်း လယ်သမားများကို လက်မှတ်ရေး ထိုးခိုင်း

မိုင်းရှင်းခ ငွေကောက်ခံမှု မဟုတ်မှန်ကြောင်း လယ်သမားများကို လက်မှတ်ရေး ထိုးခိုင်း

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ ကျေးရွာအချို့တွင် ထောင်ထားသော မိုင်းများကိုဖယ်ရှားရန် ရာအိမ်မှူးများက မိုင်းရှင်းခ ငွေကောက်ခံနေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုရန် စစ်ကောင်စီ ထောက်ခံသူများက အောက်တိုဘာလ တတိယပတ်တွင် လက်မှတ်ထိုးခိုင်းနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ဝေါမြို့နယ်၊ လက်ပံ၊ အုတ်ဖို၊ ပေါက်တန်းကျေးရွာများရှိ လှည်းလမ်းများနှင့် လယ်ခင်းများအနီးတွင် ထောင်ထား သော မိုင်းများအား စပါးရိတ်သိမ်းမည်ဖြစ်သဖြင့် ဖယ်ရှားပေးရန် လယ်သမားများက ရာအိမ်မှူးများထံ တောင်း ဆိုခဲ့သည်။

ထိုသို့ မိုင်းရှင်းရန် တောင်းဆိုမှုအတွက် မိုင်းရှင်းလင်းခပေးရန် လယ်သမားတစ်ဦးလျှင် ငွေကျပ်သောင်းဂဏန်းစီ ကောက်ခံခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအပေါ် မြေလတ်အသံ သတင်းစာမျက်နှာ၌ ဖော်ပြထားသည်။

စက်တင်ဘာလမှစ၍ စစ်ကောင်စီခန့် ကျေးရွာအုပ်စုများမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ မိုင်းရှင်းခ ငွေကောက် ခံခဲ့ခြင်းကြောင့် လယ်စိုက်တောင်သူပေါင်း ၁၀၀၀ ကျော် ငွေပေးဆောင်ခဲ့ရသော်လည်း ယခုအချိန်ထိ မိုင်းရှင်း လင်းပေးခြင်း မရှိသေးသလို ငွေကောက်ခံမှုသတင်း ထွက်ပေါ်လာပြီးနောက် မပေးဆောင်ရကြောင်း လက်မှတ် ထိုးရန် စေခိုင်းမှုကိုပါ လုပ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အဲဒီတောင်းတဲ့သူတွေက စစ်တပ်ခန့်ထားတဲ့ ပျူစောထီးတွေ။ အခု နောက်ပိုင်း သတင်းတွေ ထွက်လာပြီးတော့ ပိုက်ဆံမတောင်းတော့ဘူး။ ဒါပေမဲ့ လယ်သမားတွေကို ငွေတစ်ခါမှ မပေးရပါဘူးဆိုပြီးတော့ သတင်းတက်ပြီး နောက် ရက်ပဲ ရုံးကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ မိုင်းတွေကတော့ အခုထိ ရှင်းမပေး ပါဘူး။ လက်ပံမှာ မိုင်းတွေထောင်ထား တာ အများဆုံးပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကို လာရောက်ရှင်းလင်းခြင်း မရှိသေးသဖြင့် စပါး ရိတ်သိမ်းချိန် ရောက်ရှိနေပြီ ဖြစ်သော်လည်း စပါးရိတ်သိမ်းရန် အခက်တွေ့နေရကြောင်း တောင်သူလယ်သမား များက ပြောဆိုကြသည်။

ပဲခူးတိုင်းသည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု ပိုမိုရရှိရန် စစ်ရေးအရှိန်အဟုန်မြှင့်ကာ လှုပ်ရှားနေ သော ဒေသဖြစ်သလို စစ်ကောင်စီကလည်း ကျေးရွာအလိုက် လူစုဆောင်းကာ ပြည်သူ့စစ် (ခေါ်) ပျူစောထီး များကို သင်တန်းပေး၍ လက်နက်တပ်ဆင်ကာ အင်အားတိုးချဲ့မှု တည်ဆောက်နေသော ဒေသလည်းဖြစ်သည်။

ထို့အတူ ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း လူထုအား ခြိမ်းခြောက်အနိုင်ကျင့်နေသည့် ပျူစောထီးများအား မကြာခဏ သတိပေး ခြိမ်းခြောက်မှုနှင့် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်ဟု တော်လှန် ရေးအင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ တာဝန်ရှိသူက “လက်ပံရွာဘက်က လယ်သမားတွေ စပါး ရိတ်သိမ်းချိန် လယ်ထဲဆင်းဖို့ မိုင်းတွေရှင်းပေးဖို့ တောင်းဆိုတာ၊ ငွေပေးရတဲ့သတင်းတွေက ကျနော်တို့လည်း သိရတယ်။ ဒါအမှန်ပဲ။ ပြည်သူတွေ လာတိုင်ကြားတာတော့ မရှိသေးဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူကို ဒုက္ခပေး လာရင်တော့ အရေးယူ ဆောင်ရွက်ဖို့ရှိမှာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း လက်ပံကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက် ခံရအပြီး ၎င်းတို့၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေသည့် လက်ပံကျေးရွာနှင့် အနီးရှိ ဒေသခံများကို နေရပ်မပြန်ပါက ပိုင်ဆိုင်မှုများသိမ်းယူမည်ဟု စစ်ကောင်စီဘက်က ခြိမ်းခြောက်ခဲ့သေး သည်။

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...