လေးလကျော်အကြာ နေရပ်မပြန်နိုင်သေးရသည့် ကရင်စစ်ရှောင်များ ရာသီတုပ်ကွေးကြောင့် ဆေးဝါးလိုအပ်နေ

လေးလကျော်အကြာ နေရပ်မပြန်နိုင်သေးရသည့် ကရင်စစ်ရှောင်များ ရာသီတုပ်ကွေးကြောင့် ဆေးဝါးလိုအပ်နေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ ယာဒိုဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လေးလကျော်ကြာသည်အထိ နေအိမ်မပြန်နိုင်သော စစ်ရှောင်များ ရာသီတုပ်ကွေးဖြစ်ပွားမှု များလာပြီး ဆေးဝါးလိုအပ်လျက်ရှိသည်ဟု စစ်ရှောင်များကို ကူညီနေသူများက ပြောသည်။

ဇူလိုင်လ (၁၁) ရက်နေ့မှစ၍ စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပါဝင် သော တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားရာ ယာဒိုဒေသသို့ စစ်ကောင်စီဘက်မှ လေကြောင်းနှင့် လက် နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ပြီးနောက် ဒေသခံများ၏ အိမ်များအတွင်း ယနေ့အချိန်ထိ တပ်စွဲထားကြ သဖြင့် ယာဒိုစစ်ဘေးရှောင်များ နေရပ်မပြန်နိုင်ကြခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

“ရာသီတုပ်ကွေးက အဓိကအဖြစ်များလို့ ဆေးတွေလိုတာပါ။ ဆေးမလုံလောက်လို့ စစ်ရှောင် တော်တော်များ များ ဖျားကြတယ်လေ။ ယာဒိုရွာထဲမှာကိုကလည်း စစ်တပ်စခန်း ရှိသေးတယ်။ အဲဒါကြောင့်မနေရဲကြတာ ယာဒို စစ်ရှောင်တွေက အခုရွာ အစွန်မှာရှိတဲ့ တောတွေထဲမှာပဲ နေနေကြရတယ်။ လက်ရှိ စစ်တပ်ဂိတ်နဲ့ တအားနီး တော့ အလှူရှင် မရောက်တဲ့သဘောပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ယာဒိုဒေသသည် စစ်တပ်ဂိတ်စခန်းများနှင့် နီးကပ်သည့်အပြင် အခြားနီးစပ်ရာ ဂိတ်စခန်းများမှလည်း အစစ် အဆေးများပြားခြင်းကြောင့် စစ်ရှောင်များကို ကူညီသည့် အဖွဲ့အချို့သာ ရှိနေသော အခြေအနေအောက်တွင် လူဦးရေနှင့် ထောက်ပံ့မှု မမျှတခြင်းများ ဖြစ်နေသည်ဟု အဆိုပါစစ်ရှောင်ကူညီသူက ဆက်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၂) ထိန်းချုပ်သည့် တောင်ငူခရိုင်ရှိ သံတောင်ကြီးမြို့နယ် အတွင်း ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန - KDHW မှ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိသော်လည်း လက်လှမ်းမမီနိုင်သေးသော အချို့ဒေသများလည်း ရှိနေကြောင်း KDHW တာဝန်ရှိသူက ပြောသည်။

“လက်ရှိလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ တတ်နိုင်သလောက်တော့ ပေးနေတုန်းပဲ။ သံတောင်ကြီးမှာ လည်း ထိုနည်း၎င်းပဲ၊ အဲဒီမှာ ကျနော်တို့ပေးနေတဲ့ နေရာတွေက အများကြီးရှိတယ်။ သံတောင်မြောက်ပိုင်းက ရွာလေးတွေကိုတော့ သိပ်မသေချာဘူး” ဟု KDHW မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လအတွင်းက စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း (၃၃) ကြိမ်အထိ လုပ်ဆောင်ခဲ့ သောကြောင့် ယာဒိုနှင့်အနီးရှိ ဝါသောခို၊ တပ်ကုန်းကျေးရွာ အစရှိသည့်ကျေးရွာများမှ ကိုယ်ဝန်ဆောင် အမျိုး သမီးများ အပါအဝင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်အဆောက်အအုံများနှင့် ဘာသာရေး အဆောက်အအုံများ ထိခိုက်ပျက်စီးမှု များပြားခဲ့ရကြောင်း KNU ၏  ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆို ချက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇွန်လပိုင်းကလည်း အင်အားအများအပြားနှင့် စစ်ကောင်စီတပ်များက ယာဒိုဒေသ ဘက် သို့ ဝင်ရောက်တပ်စွဲလာမှုကြောင့် ထိုအချိန်ကလည်း ဒေသခံအချို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရ သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် KNU ၏ တောင်ငူခရိုင်တွင် ပဋိပက္ခများကြောင့် နေရပ်စွန့် ခွာထွက်ပြေးနေရ သူ စုစုပေါင်း (၂၀,၁၅၂) ဦးရေရှိကြောင်း KNU ၏ အောက်တိုဘာလ (၁၄) ရက်နေ့ စာရင်း ထုတ်ပြန်ချက်အရ သိရသည်။

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...