Published
Sunday, October 22, 2023
ရခိုင်မှာ စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အားနဲ့ ရိက္ခာဖြည့်တင်းမှုတွေ ပိုမိုလုပ်ဆောင်လာ
- ရခိုင်မှာ စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အားနဲ့ ရိက္ခာဖြည့်တင်းမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရေချိုငါးမှာယူမှုလျှော့ချထားတဲ့အတွက် ရခိုင်နယ်စပ်ကုန်သွယ်မှု လုံးဝကျဆင်းသွားခဲ့တယ်လို့ ရခိုင်ပြည်နယ်ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
- စစ်တွေကမ်းခြေက အင်အားသုံးဖယ်ရှားခံလိုက်ရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေအတွက် စစ်ကောင်စီက မြေနေရာအစားထိုးချပေးမှုမရှိသေးတဲ့အတွက် လုပ်ငန်းပြန်မလည်ပတ်နိုင်သေးဘူးလို့ ဆိုင်ပိုင်ရှင်တွေကပြောဆိုကြပါတယ်။