မွန်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာနိုင်လို့ အထူးသတိထားကြဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

မွန်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာနိုင်လို့ အထူးသတိထားကြဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

မွန်ပြည်နယ်မှာ လာမယ့်ပွင့်လင်းရာသီကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေ အနေနဲ့ အထူးသတိထားနေထိုင်ကြဖို့ ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက သတိပေးတိုက် တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ ခုနှစ်ကို တော်လှန်ရေး အဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ထားပြီး တော်လှန်ရေးအင်အားစုတွေအပါအဝင် PDF တွေကလည်း လာမယ့်ပွင့်လင်းရာသီမှာ ပြင်းထန်တဲ့စစ်ဆင်ရေး တွေ ဆင်နွှဲဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာပါ။

တဖက်မှာတော့ စစ်ကောင်စီကလည်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ သက်ဆိုင် ရာ တပ်ရင်း၊ တပ်စခန်းတွေမှာ လက်နက်ကြီးတွေ တပ်ဆင်တာ၊ စစ်ရေးပြင်ဆင်မှုတွေ တိုးမြှင့်ထားတာ ဖြစ်ပါ တယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက “ပွင့်လင်းရာသီမှာတော့ ကျွန်တော်တို့ ဒီစစ်ရေးအနေနဲ့ကတော့ ပိုပြင်းထန်လာဖို့ပဲ ရှိတာပေါ့၊ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ကတော့ ကိုယ့်ရဲ့အိမ်တွေခြံတွေမှာပေါ့နော်။ ကိုယ်နေထိုင်ရာ ဒေသတွေမှာ ဗုံးခိုကျင်းတွေ တူးထားဖို့၊ အန္တရာယ်ကင်းစေနိုင်မယ့် အတားအဆီးတွေကို ကြို တင်ပြုလုပ်ထားဖို့၊ ပြီးတော့ ဒီစစ်ကောင်စီနဲ့ နီးနီးကပ်ကပ်မနေဖို့ရယ်၊ စစ်ကောင်စီကားတွေနဲ့ နီးနီးကပ်ကပ် မသွားဖို့ပေါ့နော်။ အဲဒါလေးကို ကျွန်တော်တို့ မှာချင်တာပေါ့” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ လမ်းခရီးသွားလာရာမှာလည်း တိုက်ပွဲတွေကြားထဲမှာ ကြားညှပ်မခံရအောင် သတိထားပြီး သွားလာနေထိုင်ဖို့နဲ့ စစ်ကောင်စီတပ်က ပြည်သူတွေကို လူသားဒိုင်းပုံစံလုပ်ဆောင်လာနိုင်တာကြောင့် တတ်နိုင် သမျှရှောင်ရှားကြဖို့ သူကဆက်ပြောပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါးကလည်း “ပွင့်လင်းရာသီရောက်လို့ ရှိရင်တော့ တိုက်ပွဲ တွေ၊ စစ်ဆင်ရေးတွေ ပိုပြီးတော့ အရှိန်အဟုန်မြင့်လာမှာပါ။ အကြမ်းဖက် စစ်ကောင်စီကလည်း ဒီပြည်တွင်းမှာ နိုင်ငံရေးအရ အတိုက်အခံအင်အားစုတွေ မရှိတဲ့အချိန်မှာ သူတို့အာဏာကို ဆက်ပြီးတော့ ဆုပ်ကိုင်သွားနိုင်ဖို့ အတွက် ဒီရွေးကောက်ပွဲကို ကျင်းပဖို့ သူတို့အမြန်ဆုံး ပြင်ဆင်နေကြတယ်။  ဒီရွေးကောက်ပွဲကို လုပ်နိုင်ဖို့ အတွက်က နယ်မြေရှင်း လင်းရေးတွေ သူတို့လုပ်ရမယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီစစ်ရေးစစ်မက်တွေက တော့ ပိုပြီးတော့ ပြင်းပြင်းထန်ထန် ဖြစ်လာမယ်ဆိုတာတော့ ကျွန်တော်တို့ ယုံမှားသံသယဖြစ်စရာ မလိုပါဘူးလို့ ပြောချင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ပွင့်လင်းရာသီမှာ ပြင်းထန်လာနိုင်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ကနေ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက် ခိုက်မှုတွေ လုပ်လာနိုင်တဲ့အတွက် ဗုံးခိုကျင်းတွေ တူးထားကြဖို့ နိုင်နဂါးက တိုက်တွန်းထားပါတယ်

“ဒီနောက်ပြီးတော့ စစ်ကောင်စီတွေရဲ့ ယုတ်မာတဲ့စရိုက်အတိုင်းပဲပေါ့။ စစ်ရေးမှာရှုံးနိမ့်လို့ရှိရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို သူတို့ကဂရုမစိုက်ဘဲနဲ့ လေ ယာဉ်ပေါ်ကနေ ဗုံးကြဲတဲ့ရန်ကို တတ်နိုင်သလောက် ကာကွယ်ဖို့အတွက်က ဗုံးခိုကျင်းတို့၊ မြောင်းတို့အဲဒါလေးတွေ တည်ဆောက်ထားဖို့၊ ပြင်ထားကြဖို့တော့ တိုက် တွန်းလိုပါတယ် ခင်ဗျ။”

လက်ရှိမှာလည်း စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ဖို့အတွက် လက်နက်နဲ့လူအင်အား စုဆောင်းတာတွေ ပြုလုပ်နေတာကြောင့် မကြာမီကာလအတွင်း တိုက်ပွဲပြင်းထန်လာမှာ ဖြစ်တဲ့အတွက် ပြည်သူ တွေအနေနဲ့ အစားအစာ၊ ဆေးဝါးတွေကိုလည်း ကြိုတင်စုဆောင်းထားဖို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျုးလွန်လာနိုင်တဲ့အတွက် စစ်ကောင်စီတပ် စစ် ကြောင်းထိုးလာပါက ဘေးလွတ်ရာ ကို ပြောင်းရွေ့ နေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ မကြာခဏဆိုသလို ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွား နေတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ ၂ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အရပ်သားပြည်သူ ၁၀၀ ထက် မနည်း ထိခိုက်သေဆုံးထားတယ်လို့ သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ-Twitter

October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...