တောင်ကုတ်ကမ်းနားလမ်းတွင် ပြည်သူပိုင်အပန်းဖြေပစ္စည်းများ ဖျက်ဆီးခံရမှုရှိနေ

တောင်ကုတ်ကမ်းနားလမ်းတွင် ပြည်သူပိုင်အပန်းဖြေပစ္စည်းများ ဖျက်ဆီးခံရမှုရှိနေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ ကမ်းနားလမ်းတွင် အများပြည်သူ လာရောက် အပန်းဖြေနိုင်ရန် ပြုလုပ်ထား သည့် အပန်းဖြေပစ္စည်းများ ဖျက်ဆီးခံရမှုရှိနေကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ ကမ်းနားလမ်းကို ညနေဆိုလျှင် မြို့ခံပြည်သူများနှင့် လူငယ်များက အပန်းဖြေရန်လာလေ့ရှိပြီး ယခု ရက် ပိုင်းတွင်မူ အပန်းဖြေပစ္စည်းများ ဖျက်ဆီးလွှင့်ပစ်ခြင်းများ ရှိနေသည်။

ယနေ့ အောက်တိုဘာလ ၂၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကမ်းနားလမ်းမှ အပန်းဖြေ သံထိုင်ခုံတစ်လုံးအား တောင်ကုတ်ချောင်းထဲမှ ဆယ်ယူခဲ့ရကြောင်း တောင်ကုတ်မြို့မှ ရှင်းသန့်မြေ အမှိုက်သိမ်း ဝန်ဆောင်မှုလုပ်ငန်း ဥက္ကဋ္ဌ ကိုအောင်ဖြိုးသူက ပြောသည်။

“ဒီနေ့မနက်ပိုင်းက ကျွန်တော်တို့အဖွဲ့ အမှိုက်ကောက်ရင်းနဲ့ ကမ်းနားလမ်းက ထိုင်ခုံတစ်လုံးကို ချောင်းထဲက ဆယ်ယူခဲ့ရပါတယ်။ အများပြည်သူ အပန်းဖြေဖို့ လုပ်ပေးထားတဲ့ ပစ္စည်းတွေ အခုလို လုပ်တာတော့ စိတ်မ ကောင်း ဖြစ်ရတယ်” ဟု ပြောသည်။

အဆိုပါထိုင်ခုံကို မည်သူမည်ဝါက ချောင်းထဲလွှင့်ပစ်ခဲ့သည်ဟု အတိအကျ မသိရသော်လည်း ညဘက်ကမ်းနား လမ်းတွင် အရက်သေစာ သောက်စားမူးယစ်သူများက လွှင့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သူက ပြောသည်။

“ဘယ်သူက လွှင့်ပစ်ခဲ့တယ် ဆိုတာမျိုးတော့ ကျွန်တော်တို့ မသိရပါဘူး။ ဒါပေမယ့် ညဘက်ကမ်းနားလမ်းမှာက အရက်သေစာ သောက်စားကြတာတွေလည်း ရှိတယ်။ အဲ့ဒီလို သောက်စားမူးယစ်ပြီးတော့ လွှင့်ပစ်ခဲ့ကြတာ ထင်တယ်” ဟု ပြောသည်။

We Love Taunggoke ဆိုင်းဘိုးရှိရာ ချောင်းကောက်ရပ်ကွက်ရှိ ဦးဥတ္တမလမ်း (ခေါ်) ကမ်းနားလမ်းတွင် အများ ပြည်သူ အပန်းဖြေနိုင်ရန် လေညှင်းခံထိုင်ခုံများ၊ ကိုယ်ကာယ အားကစားပစ္စည်းများ၊ အလှဓာတ်ပုံရိုက်နိုင်ရန် နောက်ခံ အသည်းပုံများကို စွယ်တော်ဖြူလုပ်ငန်းစုနှင့် တောင်ကုတ်မြို့မှအလှူရှင်များက စုပေါင်း ပြုလုပ်ပေး ထားခြင်း ဖြစ်သည်။

ယခင်ကလည်း အဆိုပါကမ်းနားလမ်းရှိ ကမ်းထိန်းနံရံ သံချောင်းများ ရိုက်ချိုးခံရခြင်း၊ အပန်းဖြေ ပစ္စည်းအချို့ ဖျက်ဆီးခံရခြင်းများ ရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

အများပြည်သူ စိတ်အေးသက်သာစွာ အပန်းဖြေရန် စီစဉ်ပေးထားသည့်နေရာတွင် သောက်စားမူးယစ်ပြီး အပန်းဖြေ ပစ္စည်းများကိုပါ ဖျက်ဆီးလွှင့်ပစ်မှုများ ရှိနေသည့်အတွက် အပန်းဖြေရန်လာရောက်သည့် ပြည်သူ များအတွက် စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

“လူငယ်တွေ သဘာဝအရ သောက်စားတာကို ကျွန်တော်တို့က မပြောလိုဘူး။ ဒါပေမယ့် အများပြည်သူပိုင် နေ ရာ (Public area) ထဲမှာ မြင်မကောင်း၊ ရှုမကောင်း၊ ကြားမကောင်း ဆဲဆိုအော်ဟစ်တာမျိုးတွေ၊ ပြဿနာ ဖြစ် တာမျိုးတွေက တခြားသက်ကြီးရွယ်ငယ် အပန်းဖြေဖို့လာတဲ့သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ အခု ဆိုရင် အပန်းဖြေပစ္စည်းတွေပါ ဖျက်ဆီးလာတယ်။ တာဝန်ရှိသူတွေအနေနဲ့ စည်းနဲ့ကမ်းနဲ့ဖြစ်အောင် လုပ်ပေးဖို့ လိုလာပါပြီ” ဟု ပြောသည်။

အများပြည်သူ အပန်းဖြေရာ တောင်ကုတ်ကမ်းနားလမ်းတွင် အရက်သေစာ သောက်စားမူးယစ်ရမ်းကား ဆဲဆိုမှု အချို့ရှိနေသည်ဟု စက်တင်ဘာလထဲတွင် တောင်ကုတ်မြို့ခံတစ်ဦးက လူမှုကွန်ရက်၌ မျှဝေရေးသားခဲ့သည်ကို မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်က “လူငယ်တွေသဘာဝ ပျော်ကြပါစေ” ဟု မှတ်ချက် ပေးခဲ့ သည်။

တောင်ကုတ် ကမ်းနားလမ်းသည် ချောင်းကောက်ရပ်ကွက်၊ ဦးဥတ္တမလမ်းမကြီးတွင် တည်ရှိပြီး စီးပွားရေးလုပ် ငန်းရှင် ဦးကျောက်တောင်၏အိမ်၊ ‘ရိုးမလှိုင်း’ တောင်ကုတ်မြို့နယ် စာကြည့်တိုက်တို့နှင့် ကပ်လျက်ရှိသည်။

ဓာတ်ပုံ - ချောင်းထဲလွှင့်ပစ်ခဲ့သည့် ထိုင်ခုံတလုံးအားဆယ်ယူနေစဉ်/ ရှင်းသန့်မြေ အမှိုက်သိမ်း ဝန်ဆောင်မှု လုပ်ငန်း

Most read this week

October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...