မဲဆောက်ဒေသအတွင်းက ရွှေ့ပြောင်းလုပ်သားများ ပုံစံမျိုးစုံဖြင့် လိမ်လည်ခံရမှုပိုများလာနေ

မဲဆောက်ဒေသအတွင်းက ရွှေ့ပြောင်းလုပ်သားများ ပုံစံမျိုးစုံဖြင့် လိမ်လည်ခံရမှုပိုများလာနေ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်‌ဒေသတွင် ခိုလှုံနေထိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များသည် ယခုနှစ်ပိုင်းအတွင်း နေထိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့်နှင့် အလုပ်ရရှိနိုင်ရေး အကြောင်းပြကာ ငွေကြေး လိမ် လည်ခံရမှု ပိုမိုများပြားလာသည်။

ပြီးခဲ့သည့် မေလမှ ယခုအောက်တိုဘာလအထိ အလုပ်ရမည်ဟု အလုပ်လျှောက်ကြေး (အလုပ်စမတ်ကြေး)၊ အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့်ကဒ် (ပန်းရောင်ကဒ်)၊ နိုင်ငံသားကဒ်လုပ်ပေးမည်ဟု မြန်မာရွှေ့ပြောင်း အလုပ် သမားများထံမှ ငွေကြေးတောင်းယူပြီး လိမ်လည်ခံရသည့် ဖြစ်စဉ်များ မဲဆောက်ဒေသအတွင်းတွင် လူပေါင်း ရာချီရှိနေကြောင်း လိမ်လည်ခံရသည့် အလုပ်သမားများက ကေအိုင်စီသို့ ပြောသည်။

မယ်ကုရပ်ကွက်နေထိုင်သူ မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက “ကျနော်တို့ မယ်ကုဘက်မှာ မြန်မာအလုပ် သမားတွေများတယ်။ စက်ရုံတွေလည်း များတယ်။ အဲ့ဒီမှာ လာပြီး ကော်စက်ရုံမှာ အလုပ်ရမယ်။ စမတ်ကြေး (အလုပ်လျှောက်ကြေး ) ပေးရမယ်ဆိုပြီး လူ၂၀၀ စာ တစ်ယောက်ကို ‌ဘတ်ငွေ နှစ်ထောင်ကောက်ယူတယ်။ အခု အောက်တိုဘာလအထိ အလုပ်မရကြဘူး။ တိုင်တော့လည်း ထိထိရောက်ရောက် အရေးယူတာမျိုး မရှိဘူး။ အဲ့ဒီ ထဲမှာ ကျနော့် ရွာက တက်လာကြတဲ့ အမျိုးတွေ၊ ညီ အစ်ကို မောင်နှမတွေအလုပ်မရဘဲ ၁၂ ယောက် အပါအဝင် ငွေတွေအလိမ်ခံရတယ်” ဟု ပြောသည်။

ထို့အပြင် မြန်မာပြည်ရှိ ပြောင်းရွှေ့နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအပေါ် ယုံကြည်အောင် ပြောဆိုစည်းရုံး ပြီး ထိုင်းဆယ်နှစ်ခံမှတ်ပုံတင်ကဒ် ရရှိမည်ဟုပြောဆိုကာ ငွေကြေး လိမ်လည်ခံရသူများလည်း ကြုံနေရ ကြောင်းလည်း လိမ်လည်ခံရသည့် အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ကျမတို့ကို ထိုင်းဆယ်နှစ်ခံ ဘတ်ကဒ်ရမယ်။ လောလောဆယ် ဘတ် ၃ သောင်းပေးထားပေါ့။ တစ်ခုကို ဘတ် ၆ သောင်းကျမယ်။ ကဒ်ရလာမှ ကျန်တဲ့ငွေ ပေးပေါ့ဆိုပြီး ငွေတစ်ဝက်တောင်းထားတယ်။ အခု တစ်နှစ်ပြည့် တော့ မယ် ဘာကဒ်မှ မရဘူး၊ ငွေယူထားပြီး ရှောင်နေတယ်။ အဲ့လို လိမ်ခံရတဲ့ သူတွေ အများကြီးရှိနေတယ်၊ အတည် တကျ အလုပ်လုပ်နေထိုင်ချင်လို့ ဆယ်နှစ်ခံကဒ်လုပ်တာ ငွေလိမ် သက် သက်ဆိုတော့ သူများတွေ သတိထား ကြဖို့ ပြောချင်တာပါ” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်၊ ဆယ်နှစ်ခံကဒ် ကိစ္စများအား ပွဲစားသဖွယ် လုပ်ကိုင် ဆောင်ရွက် လိမ်လည်နေသူများမှာ ထိုင်နိုင်ငံသားများနှင့် အိမ်ထောင်ကျသူ မြန်မာများပင်ဖြစ်ပြီး ၎င်းတို့အား အကာအကွယ်ယူ ကာလိမ်လည်နေကြသူများနှင့် ထိုင်းဌာနဆိုင်ရာ အကျင့်ပျက်ဝန်ထမ်းအချို့ ပါဝင် လုပ် ဆောင်ကြသည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အရေးယူခံရသည့် ဖြစ်စဉ်များရှိနေကြောင်း မြန်မာရွှေ့ပြောင်း လုပ်သားအရေးဆောင်ရွက်သူ မြန်မာပြည်သားများအ‌ရေးပူး‌ပေါင်းလှုပ်ရှားမှု ‌ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “မဲ့ဆောက်မှာက မြန်မာရွှေ့ပြောင်းလုပ်သားတွေက ပစ်မှတ်ထားလိမ်လည်တဲ့ သူတွေများတယ်၊ အလုပ် စမတ်တာ၊ ပန်းရောင်ကဒ်လုပ်တာ၊ ဆယ်နှစ်ခံဘတ်ကဒ်လုပ်တာတွေက လိမ်တာတွေပဲ။ ကိုယ်တိုင်ပဲစုံစမ်းပြီး မလုပ်တတ်ကြတော့ လိမ်တဲ့သူတွေက လိမ်မြဲဖြစ်နေတယ်။ ထိုင်းဘတ်ကဒ် ကိစ္စက သန်းခေါင်စာရင်း နာမည် သွင်းပြီး လုပ်ပေးမှုကနေ တရာမဝင်ကဒ် ၇၀၀ ကို မသင်္ကာစာရင်းသွင်းပြီး စုံးစမ်းစစ်ဆေး ပယ်ဖျက်မယ်။ ကဒ် လုပ်ပေးတဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူးအဆင့်ရှိသူကို အရေးယူထားတယ်။ အဲ့လိုပဲ အရပ်သားထိုင်းတွေ၊ မြန်မာတွေထဲက လိမ်တဲ့သူတွေကိုလည်း တိုင်ကြားထားပေမယ့် အရေးယူ ဖမ်းဆီးတာမျိုးတော့ မဲဆောက်မှာ မရှိသေးဘူး” ဟု ပြောသည်။

လတ်တလော မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကြပ်အတည်းနှင့် ပြည်တွင်း စစ်ဖြစ်ပွားနေချိန်တွင် ထိုင်း-မြန်မာ နယ်စပ်ဘက် ပြောင်းရွှေ့လာကြသည့် မြန်မာနိုင်ငံသားများ လူသောင်းချီရှိနေပြီး မြန်မာအများစု နေထိုင်သည့် နေရာများတွင် ငွေကြေးလိမ်လည်မှုများ၊ ဒုစရိုက်မှုများ၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါးမှုများနှင့် နယ်စပ် ဖြတ် ကျော်မှုခင်းများ ယခုနှစ်ပိုင်းများအတွင်း ပိုအဖြစ်များလာကြောင်း မဲဆောက် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး လုပ်ဆောင်နေသူများက ပြောသည်။

Most read this week

October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...