ချင်းပြည်နယ်တွင် လေကြောင်းရန်ကာကွယ်ရေးပြင်ဆင်မည်ဟု CNF ပြော

ချင်းပြည်နယ်တွင် လေကြောင်းရန်ကာကွယ်ရေးပြင်ဆင်မည်ဟု CNF ပြော

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်လာမှုကြောင့် ချင်းပြည်နယ်တွင် လေ ကြောင်းရန် ကာကွယ်ရေးအတွက် ပြင်ဆင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရသူ ဆလိုင်းထက်နီက နိရဉ္စရာကို ပြောသည်။

“လေကြောင်းရန်ကာကွယ်ရေးကို ကျွန်တော်တို့ပြင်ဆင်မှုတွေလုပ်တာပေါ့။ လုပ်တာမှာ ကျွန်တော်တို့ပစ်နိုင်တဲ့ လက်နက်ကြီးတွေဘာတွေမရှိဘူးပေါ့။ လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့ ကျွန်တော်တို့တစ်ခုတည်း လုပ်လို့ရတာ မဟုတ်ဘူး။ အချိတ်အဆက် အားကောင်းကောင်းနဲ့ ကျွန်တော်တို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ မြေပြန့် တောင်ပေါ်လုပ်နေတယ်။ ဆက်ပြီးလုပ်သွားမှာပါ” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် လက်ရှိတွင် အင်အားနည်းလာပြီး ချင်းပြည်နယ်အတွင်း ပြောက်ကျားစနစ်ကို ကျင့်သုံး လျက် လက်နက်ကြီးထက် လေယာဉ်ကိုပိုမိုအားကိုးလာသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရန်အတွက် ဗျူဟာပိုင်းကိုအတတ်နိုင်ဆုံးပြင်ဆင်ထားသည်ဟုလည်း သူက ပြော သည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ထဲသို့ အောက်တိုဘာ ၁၀ ရက်၊ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၁ နာရီ ၁၀ မိနစ် အချိန်အထိ စစ်ကောင်စီတပ်သည် လေကြောင်းမှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောသည်။

“ဂျက်ဖိုက်တာနှစ်စီးပေါ့။ ဗုံးကြဲတိုက်ခိုက်မှု မြို့ပေါ်မှာလာလုပ်တာပေါ့နော်။ ကျွန်တော်တို့ဖက်က အထိအခိုက် တော့ မရှိဘူးပေါ့။ သူတို့ပြန်လှည့်သွားတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က အောက်တို ဘာလ ၉ ရက်နေ့၊ ညက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမှာ စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ကွက်ကွက်ကွင်းကွင်း ပေါ်လာစေသည်ဟု သူက ဆက်ပြောသည်။

“ကချင် လိုင်ဇာမှာတော့ အပြစ်မဲ့ပြည်သူ စစ်ဘေးရှောင်ကို ပစ်တာကတော့ စစ်ကောင်စီ အကြမ်းဖက်တယ် ဆို တာကို သူတို့ရဲ့ဇာတိကို ကွက်ကွက်ကွင်း ပေါ်လာနေတာပေါ့နော်။ အဲ့ဒီအတွက် ကျွန်တော်တို့က ကြောက်မှာ မဟုတ်ဘူး။ ပြည်သူလူထုလည်း ကြောက်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်သူရဲ့လုပ်ရပ်ကို ဘယ်သူမှ လက်မခံဘဲ အမုန်းပွားနေမှာပဲ” ဟု ပြောသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် သြဂုတ်လ ၂၈ ရက်နေ့က အာဏာသိမ်းစစ်တပ်၏ ခလရ ၂၆၉ စခန်းကို ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

အလားတူ သြဂုတ်လ ၁၂ ရက်နေ့ကလည်း ဖလမ်းအခြေစိုက် အာဏာသိမ်းစစ်တပ်၏ ၁၆၈ ဌာနချုပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြပြီး လက်နက်များရရှိခဲ့သည်။

Most read this week

October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...