နတ်သံကွင်းတွင် စပါးရိတ်သိမ်းရန် စစ်တပ်ဂိတ်စခန်းများအား အခကြေးငွေ ပေးဆောင်နေရ

နတ်သံကွင်းတွင် စပါးရိတ်သိမ်းရန် စစ်တပ်ဂိတ်စခန်းများအား အခကြေးငွေ ပေးဆောင်နေရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့ရှိဒေသခံများသည် မိမိတို့ မြို့ရွာအပြင်ဘက်၌ စိုက် ပျိုးထားသော စပါးခင်းများ ရိတ်သိမ်းရန် လိုအပ်သော စက်ပစ္စည်းများ သယ်ဆောင်ဖြတ်သန်းရာတွင် လမ်းတစ် လျှောက်ရှိ စစ်ကောင်စီ တပ်ဂိတ်စခန်းများအား အခကြေးငွေပေးနေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် မြို့အနီးတိုက်ပွဲနှင့် ပစ်ခတ်မှုများ နောက်ပိုင်း မှစ၍ နတ်သံကွင်းမြို့ အဝင်အထွက်ကို စစ်ကောင်စီက ယခင်ထက် ပိုမိုတင်းကြပ် စစ်ဆေးနေရာ ယခုလတ်တလောတွင်လည်း စပါး များရိတ်သိမ်းမည့်ဒေသခံအချို့ လိုအပ်သည့်စက်ပစ္စည်းများ သယ်ဆောင်မှုအတွက် စစ်တပ်ဂိတ်စခန်းများသို့ အကြောင်းကြားပြီးမှဖြတ်ခွင့်ရသလို အခကြေးငွေပါပေးနေရကြောင်း ဒေသခံအမျိုး သားတစ်ဦးက ပြောသည်။

၎င်းက “နတ်သံကွင်းသားတွေ ပါပဲ ရွာဘေးနားတင်သူတို့လယ်ရှိတာ၊ စပါးတွေကမှည့်နေပြီ။ မိုးလေကင်းတဲ့ရက် ဆင်းရိတ်ဖို့ကို သူတို့ဆီ အကြောင်းကြား ရသေးတယ်။ စပါး ရိတ်တာ စက်တွေနဲ့ရိတ်တော့ သူများ အသံကြားရ တာဆိုတော့ စခန်းတွေ၊ ဂိတ်တွေကို စပါးသွားရိတ်ဖို့ အကြောင်းကြားရတယ်။ အဲဒီတော့ ပိုက်ဆံ တောင်းတာပဲ။ အခုက အသုဘပို့ဖို့တောင် ပိုက်ဆံပေးနေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စပါးစိုက်ပျိုးရေး၊ ပဲစိုက်ပျိုးရေးနှင့်ခြံထွက်သီးနှံစိုက်ပျိုးရေးကို အများဆုံး လုပ်ကိုင်ကြသော ညောင်လေးပင် ခရိုင်ရှိ ဒေသခံတောင်သူများအနေဖြင့် ပဋိပက္ခကာလနောက်ပိုင်း ပိုးသတ်ဆေးနှင့်မြေဩဇာဈေး ကြီးမြင့်မှု ကြောင့် စိုက်ပျိုးရေး လုပ်ကိုင် ရာတွင် အခက်ကြုံတွေ့နေရသည့်ကြားမှ ယခုလိုအစစ်အဆေးများနှင့် ငွေကြေး တောင်းခံခြင်းများပါ ရင်ဆိုင်နေရသည်ဟု နယ်ခံများက ပြောသည်။

“လက်ရှိကတော့ သွားတာလာတာ အတွက်လည်းပေးရတယ်။ စပါးရိတ်ဖို့ စက်တွေ ဘာတွေသယ်တော့လည်း ပေးရတယ်။ အဲ့လိုမှသွားလို့လာလို့အဆင်ပြေတယ်။ ဒေသခံ တွေ ကုန်တွေဘာတွေသယ်တာ ဆိုရင်လည်း နည်း နည်း ပါးပါးလောက်ကတော့ ပေးနေရတာပဲ” ဟု နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

ထို့အပြင် ဒေသတွင်း တိုက်ပွဲနှင့်ပစ်ခတ်မှုများကြောင့် စစ်ဘေးတိမ်းရှောင်ရကာလ ရှည်ကြာလာသည့်အပေါ်တွင် မိမိတို့ စိုက်ခင်းများကို ကောင်းစွာကြည့်ရှုစောင့်ရှောက် နိုင်ခြင်းမရှိတော့ဘဲ စီးပွားရေးအကြပ်အတည်းနှင့် လူနေ မှု ဘဝရပ်တည်ရေး အဆင်မပြေဖြစ်လာရကြောင်း နယ်မြေခံတောင်သူများ၏ ပြောဆိုမှုအရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့အတွင်း စစ်ကောင်စီမှ မြို့အဝင်အထွက်သာမက တစ်အိမ်တက်ဆင်း ဧည့်စာရင်းနှင့်ဖုန်းများ စစ်ဆေးခြင်း မြို့တွင်း ဈေး လာဝယ်သူများအား မသင်္ကာတွေ့ရှိပါက ဖမ်းဆီးထားခြင်းတို့ကို လက်ရှိအချိန်ထိ ဆက်တိုက် လုပ်ဆောင် လာ ရာ မသင်္ကာမူဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ (၁၀) ဦး ထက်မနည်း ရှိလာကြောင်း ကေအဲန်ယူဘက် က ထုတ်ပြန်ထားသည့်စာရင်းများအရ သိရှိရသည်။

ယနေ့ အောက်တိုဘာလ (၁၀) ရက်နေ့တွင်လည်း နတ်သံကွင်းမြို့အတွင်းသို့ ဈေးလာ ဝယ်သော လယ်ဝိုင်းကြီး ကျေးရွာမှဒေသခံ ရွာသားတစ်ဦး သံသယဖြင့် ဖမ်းဆီးထိန်း သိမ်းခံထားလိုက်ရကြောင်း ဒေသခံများထံမှ သိရ သော်လည်း ပြန်လည်လွတ် မြောက်ခြင်းရှိမရှိကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

Most read this week

October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...