သံတောင်ကြီးရှိ နော်ဘူဘော ဆုတောင်းတောင်တွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထား

သံတောင်ကြီးရှိ နော်ဘူဘော ဆုတောင်းတောင်တွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထား

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ်ထားရာ နော်ဘူဘော ဆု တောင်းတောင်ပေါ်တွင် လက်နက်ကြီး၊ ငယ်များ ယူဆောင်လာသော စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ကြ ကြောင်း ဒေသခံများက ပြောသည်။

သံတောင်ကြီးမြို့ အခြေစိုက် ဘုရင့်နောင် စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီ တပ်သားများက အထက်အမိန့် ကြောင့်ဟု ဆိုကာ စစ်ကြောင်းထွက်၍ လက်နက်ကြီးများပါ ယူဆောင်ပြီး ဆုတောင်းတောင်ပေါ်တွင် တပ်စွဲထား ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အမိန့်ရလို့ ပြောတာပဲ ဒီနေ့အထိတော့ ပြန်မဆင်းသေးဘူး။ လက်နက်ကြီးပါ သယ်သွားတာ ပစ်ရင်လည်း ပစ်မှာ ပေါ့၊ မပစ်ရင်လည်းမပစ်ဘူးပေါ့။ ဒီလို စိတ်ထားပြီး နေရတာပဲ။ ဘယ်သူမှ သွားမစရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဘုန်းတော်ကြီးတွေက မြို့ပေါ် တော့ သွားမလုပ်ကြနဲ့ဆိုပြီး စစ်တပ်နဲ့ညှိထားတာလည်း ရှိတော့လေ။ အခုက တော့ တောင်ပေါ်က ဆုတောင်းခန်းတွေထဲမှာပဲ နေကြမယ်ထင်တယ်။ ဘယ်နေရာမှ နေစရာမရှိတာ” ဟု ၎င်းက ပြောသည်။

ယခုလ အောက်တိုဘာလ (၇) ရက်နေ့မှစ၍ ယနေ့ လက်ရှိအချိန်ထိ နော်ဘူဘော ဆုတောင်းတောင်ပေါ်တွင် စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ထားကြကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်တပ် တပ်စွဲထားမှုကြောင့် တောင်ပေါ်တောင်အောက် အတက်အဆင်း လုပ်သူ နယ်ခံအချို့ပါ မတက်ရဲ ကြတော့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက “အာဏာသိမ်းပြီး ဒီနွေတုန်းကတော့ တောင်ငူတို့ရန်ကုန်တို့က လာတဲ့သူ နည်းနည်းပါးပါးရှိသေးတယ်။ တပ်စွဲထားရင်တော့ ဘယ်သူမှသွားမရဲလောက်ဘူး။ တောင်ပေါ်မှာ လည်း သူတို့နေစရာဆိုလို့ ဆုတောင်း ခန်းတို့ ဧည့်သည်တွေ ဘာတွေလာရင် နားဖို့ ခိုဖို့ အခန်းတွေ လုပ်ထားပေး တာရှိတော့ နေရင်လည်း နေနိုင်တာပေါ့” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်ရှိ ဆုတောင်းပြည့်သည်ဟု နာ မည်ကြီး၍ သော်လည်းကောင်း၊ ပတ်ဝန်းကျင်ရှိ သဘာဝ အလှအပများနှင့် တိမ်ပင်လယ်ရှုခင်းကြောင့် သော် လည်းကောင်း ပြည်တွင်းပြည်ပရှိ လူမျိုး၊ ဘာသာပေါင်းစုံ လာရောက်လာပတ်ကြသော နော်ဘူဘောဆု တောင်း တောင်သည် တောင်ငူမြို့နှင့် မိုင် (၃၀) သာ ကွာဝေးသည်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ လေးထောင်ကျော်နှင့် တောင်ခြေမှ တောင်ပေါ်တက်ရာ လမ်းတစ် လျှောက် လှေကားထစ် အရှည်ပေါင်း ပေငါးရာကျော် ရှိသည့် နော်ဘူဘော ဆုတောင်းတောင်သည် သံတောင် ကြီးမြို့၏ အထင်ကရ နေရာတစ်ခု ဖြစ်ပြီး စစ်အာဏာသိမ်းမှု ကာလမတိုင်ခင်က အနယ်နယ်အရပ်မှ လာရောက် လည်ပတ်သူများဖြင့် စည်ကားရာနေရာတစ်ခု ဖြစ်သည်။

အာဏာသိမ်းထားသည့် ကာလတွင် ဒေသအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် နော်ဘူဘောတောင် သို့ လာရောက်လည်ပတ်သူ မရှိသလောက် နည်းပါးလာပြီး မြို့အတွင်း အသေးစားပေါက်ကွဲများလည်း ဖြစ်ပွားခဲ့ သည်ဟု နယ်ခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း သံတောင်ကြီးမြို့ဟောင်းရှိ ဘုရင့် နောင်စစ်တပ်စခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့၍ စစ်ကောင် စီ ဘက်မှထိခိုက်ကျဆုံးမှု ရှိခဲ့ပြီးနောက် လက်နက်ကြီး၊ ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံများ နေရပ်စွန့် ခွာထွက်ပြေးမှု ဖြစ်ပွားခဲ့သေးသည်။

ထိုကာလမှ ယခုနှစ်အထိ အဆိုပါ ဘုရင့်နောင်တပ်စခန်းမှ မြို့အနီး နှစ်ဖက်တိုက်ပွဲရာ နေရာများသို့ လက်နက် ကြီးဖြင့် ပစ်ကူပေးခြင်းသာမက ၎င်းတို့သံသယ ရှိသောနေရာ များသို့ပါ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Most read this week

October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...