လက်နက်ကြီးစ ထိမှန်မှုကြောင့် (၈)နှစ်အရွယ် စစ်ရှောင်ကလေးတစ်ဦး သေဆုံး

လက်နက်ကြီးစ ထိမှန်မှုကြောင့် (၈)နှစ်အရွယ် စစ်ရှောင်ကလေးတစ်ဦး သေဆုံး

ကယား (ကရင်နီ)ပြည် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ကျေးရွာတစ်ရွာထဲကို လက်နက်ကြီး  ကျရောက်မှု ကြောင့် အသက် (၈) နှစ်အရွယ် စစ်ရှောင်ကလေးငယ် ယောက်ကျားလေး တစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာထဲက နေအိမ်တစ်လုံးအနီး အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၁နာရီ ၂၀မိနစ်မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာ ဖြဟ်ပါတယ်။

“သူတို့နေတဲ့အိမ်ဘေးနားမှာ ကျတာ အဲ့ကလေးငယ်က အိမ်ပေါ်ကို တက်သွားတယ်။ သူအရုပ်ဆော့မလို့နဲ့ တူ တယ်။ ကစားမလို့ အိမ်ပေါ်ကို တက်သွားတော့ အိမ်ဘေးမှာ လက်နက်ကြီးကျတော့ အစက အိမ်ပေါ်ကို စင်ပြီး တော့ သူ့ကိုထိတာ။ ခါးအပေါ်နားမှာ ထိတာ အဆုတ်လား ဒါမှမဟုတ် ကျောက်ကပ်ကို ထိသွားလားမသိဘူး။ သူ့ကို ဆေးခန်းပို့သေးတယ် ဆေးခန်းရောက်တဲ့အချိန်မှာပဲ မမှီတော့ဘူး“ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးစ ထိမှန်တဲ့ ကလေးရဲ့ မိသားစုဝင် ၉ ယောက်ရှိပြီး သူတို့ကတော့ ဖရူဆိုမြို့ပေါ်ကနေ စစ်ရှောင်လာ ကြတာဖြစ်ပါတယ်။ လက်ရှိမှာ အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

“ဆုံးသွားတဲ့ကလေးက အငယ်ဆုံးပဲပေါ့နော။ အကုန်လုံးက မြို့ပေါ်ကနေ စစ်ရှောင်နေရာဆီ စစ်ရှောင်ရတဲ့ အတွက် အလုပ်အကိုင်လည်း မရှိဘူးဆိုတော့ အခု ဈပနာ အတွက်တောင်မှ အခက်ခဲဖြစ်နေတယ် အဆင်မပြေ ဘူး အဲ့လိုပေါ့။ အစကတည်းက ခက်ခဲနေတယ်ဆိုတော့ ကလေးငယ် အဲ့လို ထပ်ဆုံးတော့ ပိုပြီးတော့ အခက်အခဲ ဖြစ်နေတယ်ပေါ့“ လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

အဲ့ဒီ ကျေးရွာမှာ လက်နက်ကြီး ၂လုံး ကျရောက်ခဲ့တာဖြစ်ပြီး နေအိမ် နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီရွာမှာတော့ ဒေသခံတွေနဲ့ စစ်ရှောင်တွေ နေထိုင်နေတဲ့ ကျေးရွာဖြစ်ပြီး အခုလို ကျေးရွာတွင်း လက်နက်ကြီး ကျရောက်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဖရူဆိုမြို့နယ် အခြေစိုက် အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာကို လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၇ ရက်နေ့ တစ်ရက်တည်းမှာပင် လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့တယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ် KNDFတပ်ရင်း (၁၅) ရဲ့ ထုတ်ပြန်ချက်အရ သိရ ပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာတော့ အောက်တိုဘာလ (၄) ရက်နေ့ကနေ စပြီး (၇) ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေကို လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပြီး အောက်တိုဘာလ (၅) ရက်နေ့မှာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေမှာ ၄ ရက်အတွင်း ဒေသခံပြည်သူနေအိမ် (၉) လုံး ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့နေရာတွေဟာ ပြည်သူလူထုတွေ နေထိုင်တဲ့ ကျေးရွာတွေ ဖြစ်ပြီး တိုက်ပွဲနေရာ မဟုတ်သလို စစ်ကောင်စီကနေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်လို့ KNDF တပ်ရင်း (၁၅) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...
October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...
October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...
October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းက ပွန်ချောင်းစစ်ရှောင်စခန်းမှာ ရေဘေးကြောင့်...