ဖားကန့်မြို့နယ်တွင် တစ်ရက်တည်း စျေးသည်(၂)ဦးပစ်သတ်ခံရပြီး ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

ဖားကန့်မြို့နယ်တွင် တစ်ရက်တည်း စျေးသည်(၂)ဦးပစ်သတ်ခံရပြီး ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရပ်ကွက်(၂)ရှိ မိုးရတနာရွှေဆိုင်ကို လက်နက်ကိုင်လူတစ်စုက ခြိမ်းခြောက်ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာလ(၅)ရက်နေ့ နေ့လည်(၂)နာရီအချိန်တွင် ဖြစ်ပွားခဲ့တယ်လို့  ဒေသခံများထံမှ သိရပါတယ်။

“ရွှေက ခန့်မှန်းခြေ တစ်ပိဿာနီးနီးပါသွားတယ်လို့ပြောတယ် ကျန်တဲ့ ကျောက်စိမ်းနဲ့ပတ်သက်တဲ့ ကျောက်စိမ်း လက်စွပ်တို့ လက်ကောက်တို့ ဆွဲကြိုးတို့ အစုံပေါ့ ပြီးရင် ကောင်တာကိုထုခွဲပြီး ရသလောက်ကို ကြုံးယူသွားတာ ပေါ့” လို့ လုံးခင်းကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

အနက်ရောင်ဝတ်စုံများဝတ်ဆင်ပြီး လက်နက်ကိုင်ဆောင်ထားသော လူငယ်လေးဦးက မော်တော်ဆိုင်ကယ် (၂)စီး ဖြင့် လာရောက်သွားတာဖြစ်ပြီး ပစ္စည်းများခြိမ်းခြောက်တောင်းခံကာ ဝန်ထမ်းများကို ပစ်ခတ်သွားခြင်း မရှိဘူး လို့ ဆိုပါတယ်။

တစ်ရက်တည်း နေ့လည် ၂နာရီခွဲ ဝန်းကျင်အချိန်မှာ ဖားကန့် ဖားပြင်ကျေးရွာမှ ဆန်းကြွယ်ကျေးရွာသို့ သွားလမ်း ပေါ်တွင် စျေးသည်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရပါတယ်။

“ဆီဖြည့်နေတုန်းရှိသေးတယ် အဲ့ဒီအမျိုးသားက အသတ်ခံရတာ သူက အာလူးကြော် ရောင်းတဲ့အသည် သူနဲ့ တစ်ချိန်တည်းမှာပဲ နောက်ထပ်တစ်ယောက် အသတ်ခံရတယ်။ တစ်ရက်တည်း သေနတ်ဒဏ်ရာနဲ့ နှစ်ယောက် သေတာပေါ့” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်အပြင်  ဖားကန့်မြို့  မမုံကျေးရွာဆိုင်းဘုတ်အနီး ဆီဆိုင်တစ်ခုတွင် ဆီဖြည့်နေသော အသက်(၅၀) ကျော် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်ဟု ဆိုကြပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ယခုရက်ပိုင်းအတွင်းမှာပင် အမည်မသိလက်နက်ကိုင် လူတစ်စုရဲ့  ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။

October 25, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးလက်ဒေသတွေမှာ ကျန်းမာရေးဆေးပေးခန်း...
October 24, 2024
ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခံရမှုကြောင့်...
October 21, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ  အခုလတွေအတွင်း မြို့ပေါ်ရပ်ကွက်တွေထဲ...
October 16, 2024
၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွေဟာ ယမန်နေ့ (အောက်တိုဘာ ၁၆ )က...