ကရင်နီပြည် တိုက်ပွဲကြား တလအတွင်း အရပ်သား ၂ ဦး သေဆုံး၊ ၇ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည် တိုက်ပွဲကြား တလအတွင်း အရပ်သား ၂ ဦး သေဆုံး၊ ၇ ဦး ထိခိုက်ဒဏ်ရာရ
စစ်ကောင်စီထံမှ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
စစ်ကောင်စီထံမှ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ

ကရင်နီ (ကယား) ပြည်အတွင်း စစ်ကောင်စီ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု ကြောင့် စက်တင်ဘာလအတွင်း အရပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်နီ အမျိုး သားများ ကာကွယ်ရေးတပ် KNDF မှ အောက်တိုဘာ ၃ ရက်နေ့၌ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်မှစပြီး စစ်ကောင်စီ စစ်ကြောင်း နှင့် ယာဉ်တန်းများသည် ဒီးမော့ဆိုမြို့ နယ်မှ ဖရူဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထို့နောက် စစ်ကောင်စီသည် စက်တင်ဘာလ ဒုတိယအပတ်မှစ၍ စစ်ကြောင်း ၆ ကြောင်းဖြင့် ဖရူဆိုမြို့နယ် အခြေစိုက် အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ ကျေးရွာ (၅) ရွာအထိ စစ်ကြောင်းထိုးခဲ့ရာ တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲသည် တလနီးပါး ကြာမြင့်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသည့်အတွက် တိုက်လေယာဉ်ဖြင့် အသုံးပြု တိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုများကြောင့် စက်တင်ဘာလအတွင်း အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးကာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဆိုသည်။

“စစ်ကောင်စီဘက်ကတော့ အရပ်သား ပြည်သူတွေကို ရန်သူတဖွယ် ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ပစ်သတ်တာ တွေ ကျနော်တို့ တွေ့မြင်နေရတယ်။ ဒီအရာတွေကတော့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အရာဖြစ်တယ်။ စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတာ နေ့စဉ်ရက်ဆက် သတ်ဖြတ်နေပါတယ်။ ဒီအပေါ်မှာ နိုင်ငံတကာက အဖွဲ့အစည်းတွေအနေ နဲ့ စစ်ကောင်စီကို ထိထိမိမိ အရေးယူ လုပ်ဆောင်ဖို့ လိုအပ်တယ်” ဟု တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF မှ တာဝန်ခံတစ်ဦးက ပြောသည်။

အလားတူ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး၊ ကျန်းမာရေး အဆောက်အဦး (၁) လုံး နှင့် ခရစ်ယာန် ဘုရားကျောင်း ၁ ဆောင် ပျက်စီးခဲ့ရပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း ဆိုသည်။

ထို့အပြင် လွိုင်ကော်မြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေး ပစ်မှတ် မဟုတ်သော နေရာများဖြစ်သည့် စစ်ရှောင်စခန်းများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထပ်မံရေးသား ဖော်ပြထားသည်။

စစ်ကောင်စီ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တလအတွင်း တိုက်ပွဲသည် စုစုပေါင်း ၂၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၇၈) ဦး သေဆုံးကာ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် (၈) ဦး သေဆုံး ခဲ့သည်။

တိုက်ပွဲအတွင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDFမှ စစ်သုံ့ပန်း (၅) ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းနိုင် ခဲ့ပြီး လက်နက်ငယ် (၃၆) လက်၊ လက်နက်ကြီး (၅) လက် နှင့် ခဲယမ်း တချို့ကိုလည်း သိမ်းဆည်းရမိသည်။

ဓါတ်ပုံ - စစ်ကောင်စီထံမှ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ

Most read this week

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...