ကန့်ဘလူ စစ်ရှောင်များ ရာသီတုတ်ကွေး ဒဏ်ခံနေရ

ကန့်ဘလူ စစ်ရှောင်များ ရာသီတုတ်ကွေး ဒဏ်ခံနေရ
ဓါတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့
ဓါတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် စစ်ရှောင်နေရသည့် ကျေးရွာ ၇ ရွာမှ ပြည်သူများ ရာသီတုတ်ကွေးဖျားနာ နေသူ ၃၅၀ ကျော်ရှိနေပြီး ရေရှားပါးမှုပြဿနာကြောင့် အရေပြားရောဂါလည်း ဖြစ်ပွားနေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

ရာသီဥတု အပြောင်းအလဲအပြင် ရေပြဿနာ ရှိသောကြောင့် ယခုကဲ့သို့သော ရောဂါများ ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟု ပြောသည်။

ကျွန်းလှတက်ကြွလှုပ်ရှားသူအဖွဲ့ မှ တာဝန်ရှိသူက “ဒီကာလက မိုးတွင်းလည်းဖြစ်တယ် ရာသီတုတ်ကွေး ဖြစ် နေတဲ့ အချိန်ဖြစ်နေတော့ စစ်ရှောင်တွေ တော်တော်များများ  ဖျားကြနာကြတာတော့ ရှိနေတာပေါ့။ ကလေး လူကြီး အကုန်ဖျားနေတာ ဖျားတဲ့သူရှိမယ်။ အများဆုံးတွေ့ရတာက သွေးတိုးဆီးချိုတွေရှိမယ်။ နောက်ထပ် ရေပြဿနာ ပေါ့၊ တချို့က ကန်လိုမျိုးမှ ချိုးရတော့ အရေးပြားရောဂါ ဖြစ်တာတွေ တွေ့ရတယ်။ အဲနားတူး ထားတဲ့ ကန်မှာ ချိုးရတော့ အရေးပြားနဲ့ ပတ်သတ်ပြီး ရောဂါတွေ ယားနာလိုမျိုးတွေဖြစ်တာ များတယ်” ဟု ပြောသည်။

ထို့အပြင် ကန့်ဘလူခရိုင်တွင် စစ်ရှောင်နေရသည့် ကျေးရွာ ၇ ရွာမှ စစ်ရှောင်ပြည်သူများအတွက် လိုအပ်နေ သည့် ဆေးဝါးအပြင် အခြေခံစားသောက်ကုန်များ အဓိက လိုအပ်နေကြောင်း ၎င်းတာဝန်ရှိသူက ဆက် ပြော သည်။

“အခက်အခဲကတော့ အဓိကကတော့ တော်တော်ခက်ခဲသွားတယ်။ ဆေးမှာထားတဲ့ဟာတွေက လမ်းကြောတွေ ပိတ်တော့ ဆေးတွေကဟိုရောက်တော့ ပြန်ဝယ်ရတော့ ကုန်ကျစရိတ်ထောင်းတာပေါ့။ နောက်ကမိုးတွင်းကျ သွားရေးလာရေး ခက်တာတွေ ကြုံနေရတာပေါ့။ စစ်ရှောင်တွေအတွက်က အဓိကကြတော့ အခြေခံစား သောက်ကုန်တွေ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဒါတွေကတော့ အခုကိုက အမှန်တိုင်းပြောရရင် သူတို့ လို အပ်နေတာပေါ့။ နေရတာပံ အဆင်ပြေပြီးတော့ စားရေးသောက်ရေးကော ကျန်းမာရေးကော အကုန်လိုအပ် တာကြီးဘဲ” ဟု ဆက်ပြောသည်။

အလားတူ စစ်ရှောင်နေရသည့်အမျိုးသမီးများတွက် လစဉ်သုံး အသုံးအဆောင်ပစ္စည်း လိုအပ်မှုကလည်း စိန် ခေါ်မှု တရပ်ဖြစ်သည်ဟု ဆိုသည်။ လစဉ်သုံးပစ္စည်းများအတွက် အလှူရှင်များမရှိသလို ဝယ်သုံးရန်လည်း ငွေကြေးမတတ်နိုင်ကြဘူးဟု ဆိုကြစည်။

ချပ်ကြီးကျေးရွာရှိ စစ်ရှောင် အမျိုးသမီးများအတွက် အမျိုးသမီးလစဉ်သုံး ပစ္စည်းများလိုအပ်နေကြောင်း “လစဉ်သုံးတွေကော ချပ်ကြီးရွာဆိုတာ ရှိတယ်။ ချပ်သင်းရယ်က အမြဲရှောင်နေရတာ ရုတ်တရက်ထွက်လာရ တော့ ဘာမှပါမလာတာ အများကြီးဘဲ။ သူတို့ ၇ လကျော်သွားပြီး နေရတာလောက်ပဲ အဆင်ပြေပြီးတော့ စား ရေးသောက်ရေးကော ကျန်းမားရေးကော အားလုံးက တကယ်တမ်းဆို တကယ်လိုအပ်နေတာပေါ့၊ နောက် ထပ် ဆောင်းတွင်းရောက်လာတော့ မယ်ဆိုတော့ စောင်တို့ ခြင်ထောင်တို့ပေါ့။ အမျိုးသမီး လစဉ်သုံး မိုးကာတို့လို အပ်နေတာပေါ့” ဟု ပြောသည်။

နေရာထိုင်ခင်းအတွက် အမိုးအကာများ၊ စောင်၊ ခြင်ထောင်နှင့် အနွေးထည်တို့ပါ လိုအပ်လာနေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူကဆိုသည်။

ကန့်ဘလူမြို့နယ်အတွင်း အမြဲစစ်ရှောင်နေရသည့် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး စစ်ရှောင်ပြည်သူ ၃ သောင်း ကျော်ရှိနေသည်။ အဆို စစ်ရှောင်ပြည်သူများမှ ၎င်းတို့၏ ရပ်ရွာများကို စွန့်ခွာကာ စစ်ရှောင်နေရသည်မှာ တစ်နှစ်ကျော်ရှိပြီဟု ဆိုသည်။

Most read this week

October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...