နေရပ် ပြန်လာသော စစ်ရှောင်များကို PDF များ အလင်းဝင်သည်ဟု စစ်ကောင်စီ ဝါဒဖြန့်

နေရပ် ပြန်လာသော စစ်ရှောင်များကို PDF များ အလင်းဝင်သည်ဟု စစ်ကောင်စီ ဝါဒဖြန့်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် စစ်ဘေးရှောင်ရာမှ နေရပ်သို့ ပြန် လာသည့် နွားဘန်ကြီး ကျေးရွာနေ မိသားစုဝင် ၄ ဦးအား စစ်ကောင်စီက PDF များ အလင်းဝင်လာသည်ဟု ဝါဒ ဖြန့်ထားသည်။

ရွာငံမြို့၊ ဈေးတန်းရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်) အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် “ပြစ်မှုကျူးလွန်ခြင်း မရှိသည့် PDF ၂ ဦးအား မိဘအုပ်ထိန်းသူထံသို့ လွှဲပြောင်းပေး အပ်ပွဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံပြည်သူများက ပြောသည်။

ယခင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ လက်ရှိ ဓနု ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ပြန်ကြားရေး တာဝန်ထမ်းဆောင်နေသည့် ဦးထွန်းထွန်းနိုင်က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ဘက်က အလင်းဝင်တာတော့ မရှိဘူး။ ကျနော်တို့ အဲ့ဒါက ဘယ်လို ပြောမတုန်း။ သူတို့ ထင်တဲ့ဟာ ကို ဖမ်းပြီးတော့မှ အလင်းဝင်တဲ့ပုံစံ လုပ်ခိုင်းတာ။ ဘယ်သူမှ မရှိထားဘူး။ အဖမ်ခံရတဲ့သူတွေက (ပြည်သူ) ရှိ တယ်။ ဘယ်သူဖမ်းဖမ်း ဖမ်းပြီးရင် အလင်းဝင်တယ်ပဲ လုပ်တယ်။ တော်တော်များများလည်း ပြန်လွှတ်ပေး တယ်။ သူတို့ (စစ်ကောင်စီ) စစ်တာလည်း ဘာမှ မထွက်ဘူးလေ။”

အဆိုပါ မိသားစုဝင် ၄ ဦးအနက် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီ တစ်ဦးအား “DPLF မှ အကြမ်းဖက် လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်လိုခြင်း မရှိသောကြောင့် မိသားစုဝင်များနှင့်အတူ ဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်ခြင်း” ဟူ၍ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထား သည်။

ထိုဝါဒဖြန့်ပွဲတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်အောက်ခံများဖြစ်သည့် ရဲ၊ ဓနုဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က| ဦးအာကာလင်း အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး အလင်းဝင်သည့် မိသားစုဝင် ၄ ဦး အတွက် ငွေကျပ် ၇ သိန်း ထောက်ပံ့ခဲ့သည်ဟု ဖော်ပြထားသော်လည်း ပွဲအပြီးတွင် ထိုငွေများ ပြန်သိမ်းသွား သည်ဟု နီးစပ်သူများက ပြောသည်။

DPLF ပြန်ကြားရေး တာဝန်ခံ ဦးထွန်းထွန်းနိုင်က “ဘယ်လို ပြောမတုန်း၊ သွေးခွဲတာက သွေးခွဲတာပဲ။ ကျနော်တို့ ကို ကူမယ့် ပြည်သူတွေ မရှိအောင်ပေါ့။ အဲတာပဲ လုပ်တာပါ။ ကျန်တာ မရှိပါဘူး။ (ဝါဒဖြန့်တာတွေ) ဟုတ် တယ် လုပ်နေတယ်။ ဒါပေမယ့် သူတို့က ချပြရင်လည်း ဘယ်သူဘယ်ဝါဆိုတာ ချမပြနိုင်ဘူးလေ။ သူတို့က ဝါဒ ပဲ ဖြန့်နိုင်တာ။ သက်သေနဲ့တကွ ချမပြနိုင်ဘူးပေါ့ သူတို့က” ဟု ပြောသည်။

စက်တင်ဘာလ အစောပိုင်းကတည်းက ဓနုဒေသဖြစ်သည့် ရွာငံနှင့် ပင်းတယမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းကြီး ၅ ကြောင်းခွဲ၍ လူထုတွေ့ဆုံပွဲ၊ လူငယ်ကဏ္ဍ ဆွေးနွေးပွဲ စသည့် ခေါင်းစဉ်များဖြင့် ၎င်းတို့ကို ထောက်ခံသည့် အုပ်စုများအား စဉ်ဆက်မပြတ် စည်းရုံးရေးဆင်းနေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဓနုဒေသ အပါအဝင် ထိစပ်ဒေသများဖြစ်သည့် ရပ်စောက်၊ အင်တော စသည့်ဒေသများတွင် ဇူလိုင်လ ၂၉ ရက်နေ့က DPLF တရားဝင် ဖွဲ့စည်းသည်ဟု ကြေညာပြီးသည့် နောက်ပိုင်း စွပ်စွဲ ဖမ်းဆီးခံရသည့် အရပ်သား ဦးရေပေါင်း အယောက် ၄၀ ကျော်ရှိပြီဟု ဆိုသည်။

Most read this week

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...