“ကုန်စျေးနှုန်းတွေကကြီးလာတယ်။ အလုပ်အကိုင်တွေကလည်း ရှားပါလာတဲ့ခေတ်မှာ ထောင်ဝင်စာပို့ဖို့ မနည်းကိုရုန်းကန်နေကြရတာပါ။” ထောင်ဝင်စာပို့ကြမယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦး (အင်တာဗျူး)

“ကုန်စျေးနှုန်းတွေကကြီးလာတယ်။ အလုပ်အကိုင်တွေကလည်း ရှားပါလာတဲ့ခေတ်မှာ ထောင်ဝင်စာပို့ဖို့ မနည်းကိုရုန်းကန်နေကြရတာပါ။” ထောင်ဝင်စာပို့ကြမယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦး (အင်တာဗျူး)

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအုပ်ချုပ်နေတဲ့အချိန်မှာ အထွေထွေအကျပ်အတည်းတွေ ဖြစ်ပေါ်လာသလို အခြေခံကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို ပြည်သူတွေ ခံစားနေရပါတယ်။

အဲဒီထဲက မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်သားတွေကို ထောင်ဝင်စာပေးပို့မှု အပိုင်းမှာ လည်း ကုန်စျေးနှုန်းကြောင့် သက်ရောက်မှုတွေရှိနေပြီး ထောင်ဝင်စာပေးပို့မှုမှာ ဘယ်လိုအခက်အခဲတွေရှိလဲ၊ ဘယ်လို ရုန်းကန်ကူညီပေးနေလဲဆိုတာ သိနိုင်ဖို့ “ထောင်ဝင်စာပို့ကြမယ်” အဖွဲ့က တာဝန်ရှိသူတစ်ဦးကို မြစ် ကြီးနား သတင်းဂျာနယ်ကနေ မေးမြန်းထားပါတယ်။

မေး - အရင်ဦးဆုံး အစ်ကိုတို့အဖွဲ့အကြောင်းလေး မိတ်ဆက်ပေးပါ။

ဖြေ - ကျနော်တို့အဖွဲ့ကတော့ ‘ထောင်ဝင်စာပို့ကြမယ်’ အဖွဲ့ပါ။ အဓိကအားဖြင့် ဒီတော်လှန်ရေးကာလမှာ မတ ရားထောင်သွင်း အကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဝင်စာကူညီပြီး ပို့ဆောင်ပေးနေတဲ့ အဖွဲ့ပါ။ အဲ့ဒီနေရာမှာ ကျနော်တို့အနေနဲ့ အခက်အခဲတွေရှိတဲ့ နိုင်ကျဥ်းမိသားစုတွေကို အဓိကထားပြီး ကူညီပေး ပါတယ်။ ကျွန်တော်တို့ Page ကိုထောင်ဝင်စာကူညီပေးဖို့ အကူအညီလာတောင်းရင် ကျွန်တော်တို့က ကူညီပေး ပါတယ်။ အရင်ကတော့ အင်းစိန်ထောင်က နိုင်ကျဥ်းတွေကိုပဲ အဓိကထားပြီးပို့ခဲ့ပေမဲ့ အခုကာလမှာတော့ ထောင် ၇ ထောင်အထိ ကျနော်တို့ထောင်ဝင်စာ ကူညီပေးပါတယ်။ အခုလောလောဆယ်မှာ နိုင်ကျဥ်း ၆၀၀ နီးပါး ကို ကျနော်တို့ထောင်ဝင်စာ ကူညီပေးနေပါတယ်။

မေး - နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ထောင်ဝင်စာတွေ့နိုင်ဖို့ အခက်ခဲတွေရှိနေလား။

ဖြေ - မိသားစုတွေကတော့ ခက်ခဲကြတာပေါ့။ တချို့နိုင်ကျဉ်းတွေက အရင်က အိမ်ကိုထောက်ပံ့ပေးနေရတဲ့ သူတွေ ပါ။ အခု အကျဥ်းကျနေတော့ အိမ်ရဲ့စီးပွားရေးအခြေအနေတွေက ယိုင်နဲ့နဲ့ဖြစ်သွားပြီဆိုတော့ ထောင်ဝင် စာပို့ဖို့လည်း အခက်အခဲတစ်ခု ဖြစ်လာတယ်လေ။ အဲ့ဒီဟာကို ကျနော်တို့အနေနဲ့ အလုံးစုံမဟုတ်ရင်တောင်မှ နိုင်သလောက်ဖြစ်ပါစေ ဆိုတဲ့မေတ္တာနဲ့ ကူညီပေးနေပါတယ်။

မေး- အခု ကုန်စျေးနှုန်းမြင့်တက်လာတော့ ထောင်ဝင်စာပို့နေရတဲ့အပိုင်းမှာ အခက်အခဲတွေ ရှိနေလား။

ဖြေ - ကျနော်တို့အခုလောက်ထိ ထောင်ဝင်စာကူညီနိုင်တာ ပြည်သူတွေလှူတဲ့ လှူဒါန်းမှုတွေကြောင့်ပါပဲ။ အရင် ကဆို အစ်ကိုလည်းသိမှာပါ။ ကုန်စျေးနှုန်းတွေကလည်း အခုလောက်မကြီးသေးတော့ လှူဒါန်းတဲ့သူတွေကလည်း အများကြီးလှူနိုင်သလို ထောင်ဝင်စာကူညီတဲ့ အခါမှာလည်း ပစ္စည်းတွေအများကြီး ထည့်ပေးနိုင်ခဲ့ပါတယ်။ အခု အခြေအနေကတော့ လှူဒါန်းတဲ့သူတွေကလည်း အရင်လောက်မကူညီနိုင်သလို ကျနော်တို့အနေနဲ့လည်း ထောင် ဝင်စာကူညီပေးရင် တစ်ယောက်ကို အနည်းဆုံး ၂၀,၀၀၀ ဖိုးလောက်ပဲ ကူညီပေးနိုင်တော့တယ်။ပစ္စည်းတွေ နည်းသွားတာပေါ့ဗျာ။ ကျနော်တို့ဝယ်ရတာလည်း စရိတ်တွေအရမ်းကြီးလာတယ်။

မေး‌ - ကုန်စျေးနှုန်းတက်တော့ ထောင်စာပို့ရတာဘယ်လောက်ထိ ကွာဟသွားတာတွေရှိလဲ။

ဖြေ - ကုန်စျေးနှုန်းမတက်ခင်အချိန်၊ ကျနော်တို့စစလုပ်တုန်းကတော့ နိုင်ကျဥ်းတစ်ယောက်ကို ပုဆိုး၊စွပ်ကျယ်၊ ဖိနပ်ကအစ တစ်ယောက်ကို အနည်းဆုံး လေးသောင်းဖိုးလောက်ထောင်ဝင်စာပို့ခဲ့ပါတယ်။ တဖြည်းဖြည်း အကူ အညီတောင်းခံတဲ့သူ များလာတာရယ်၊ ကုန်စျေးနှုန်းကြီးလာမှုကြောင့်အခုဆို တစ်ယောက်ကို နှစ်သောင်းနှုန်းပဲ ကျနော်တို့ ကူညီနိုင်ပါတော့တယ်။ ကျနော်တို့ ထောင်ဝင်စာကူညီပေးတဲ့ ထောင်တွေက အင်းစိန်၊ သရက်၊ ကျိုက် စကော၊ သာယာဝတီ၊ ပုသိမ်၊ ပဲခူး၊ အိုးဘို စတဲ့ထောင် ၇ ထောင်က နိုင်ကျဥ်းတွေကို ထောင်ဝင်စာကူညီနေတာ ပါ။ ကျနော်တို့ဆီ အကူအညီတောင်းခံကတည်းက အဆင်မပြေကြတဲ့ မိသားစုတွေချည်းပါပဲ။ ကုန်စျေးနှုန်းတွေ က ကြီးလာတယ်။ အလုပ်အကိုင်တွေကလည်း ရှားပါလာတဲ့ခေတ်မှာ အိမ်တွေက ထောင်ဝင်စာပို့ဖို့ မနည်းကို ရုန်းကန်နေကြရတာပါ။ အဲ့ဒါကိုကျနော်တို့က မိမိတို့တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးရင်းနဲ့ သူတို့ရဲ့ဝန်ကို မျှဝေကူထမ်းပေးတဲ့ သဘောပါပဲ။

မေး - အခု ပြည်သူတွေပါဝင်ကူညီမှုကရော သွေးအေးနေပြီးလား၊ ဘယ်လိုအခြေအနေတွေ ရှိနေလဲ။

ဖြေ - ပြည်သူတွေကတော့ သွေးမအေးကြပါဘူး။ မိမိတို့တတ်စွမ်းသ၍တော့ ပါဝင်နေကြတာပါပဲ။ ပြည်သူတွေ သာ မကူညီရင် ကျနော်တို့လည်း ထောင်ဝင်စာကူညီဖို့ ဘယ်လိုလုပ်နိုင်ပါ့မလဲ။ ပြည်သူတွေရဲ့အားနဲ့ ကျနော်တို့ ကြိုးစားနေကြတာပါ။ ထောင်ဝင်စာပို့ရတဲ့ အခက်အခဲကတော့ ကျနော်တို့ကထောင်ကို ကိုယ်တိုင်သွားပို့တာ မဟုတ်ဘဲ မိသားစုတွေဆီကို သွားပို့တာပါ။ အဓိကအခက်အခဲကတော့ အရင်လောက်များများစားစား မပို့နိုင် တော့ဘဲ ကုန်စျေးနှုန်းတွေကြောင့် ပစ္စည်းတွေတဖြည်းဖြည်းနည်းလာတာကိုပါပဲ။

မေး - နောက်ဆုံးဖြည့်စွက်ပြီးပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ - နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာကတော့ နိုင်ကျဥ်းဆိုတာရှိနေသ၍ ကျနော်တို့အဖွဲ့ ရှိနေမှာပါ။ ဘယ်လို အခက်အခဲတွေပဲရှိရှိ အကောင်းဆုံးကြိုးစားပြီး နိုင်ကျဥ်းတွေကို ကူညီပေးသွားမှာပါ။ ပြီးတော့ ယနေ့ အချိန်ထိ လှူဒါန်းနေကြတဲ့ အလှူရှင်တိုင်းကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်လို့ပြောချင်ပါတယ်။

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...