ကြိုတင်သတိပေးမှုကြောင့် မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းခွင်စစ်ဆေးရေး ထိရောက်မှုမရှိနိုင်

ကြိုတင်သတိပေးမှုကြောင့် မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းခွင်စစ်ဆေးရေး ထိရောက်မှုမရှိနိုင်

- စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နဲ့ အုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူ တို့ ပူတာအိုနဲ့ဗန်းမော်ဘက်မှာ စစ်ကောင်စီကို ထောက်ခံဖို့ စည်းရုံးရေးဆင်းနေတယ်လို့ သိရပါတယ်။

- ချီဖွေမြို့နဲ့ပန်ဝါမြို့က မြေရှားသတ္တုလုပ်ငန်းခွင်တွေကို စစ်ဆေးရေးမဝင်ခင် စစ်ကောင်စီဘက်က  ကြိုတင်အသိပေးထားတာကြောင့် စစ်ဆေးရေးပြုလုပ်တာ ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

- KIO ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး နေရပ်မပြန်နိုင်သေးဘဲ ဒေါ့ဖုန်းယန်မှာ စစ်ရှောင်နေရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

October 26, 2024
- ကချင်အထူးဒေသ ၁ ချီဖွေမြို့နယ် ကန်ပိုက်တီမြို့ထဲက ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
- ဒီးမော့ဆိုမြို့နယ်အ‌နောက်ဘက်ခြမ်းမှာ လမ်းပိတ်ဆို့မှု၊ လမ်းတံတားပျက်စီးမှုကြောင့်...
October 23, 2024
ကရင်လူမျိုးတွေ ဂုဏ်ရည်မြင့်မားစွာ ရပ်တည်နိုင်ဖို့အတွက် ကိုယ့်ရဲ့ မိခင်ဘာသာစကားနဲ့  စာပေယဉ်...