ရခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်က မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေး ကာလ ပြီးဆုံးပြီဟုဆို

ရခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်က မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေး ကာလ ပြီးဆုံးပြီဟုဆို

မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး လုပ်ရာတွင် လတ်တလော ကာလ ပြီးဆုံးပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကောင်စီဥက္ကဋ္ဌ ဦးထိန်းလင်းက ပြောဆိုသော်လည်း မုန်တိုင်းသင့်ပြည်သူ များ အနေဖြင့် လိုအပ်ချက်များစွာ ရှိနေသေးသည်။

စက်တင်ဘာလ ၂၀ ရက်နေ့က ပြည်နယ်ကောင်စီ အစိုးရအဖွဲ့ရုံးခန်းမတွင် ပြည်နယ်အဆင့် အစိုးရ အရာရှိများ တက်ရောက်သည့် မုန်ခါမုန်တိုင်းကြောင်း ပျက်စီးမှု ပြန်လည်ထူထောင်ရေး စီမံကိန်းရေးဆွဲရေး အစည်းအဝေး တွင် ပြည်နယ် ၀န်ကြီးချုပ် ဦးထိန်လင်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပြန်လည်ထူထောင်ရေးတွင် လတ်တလောကာလ၊ ကာလတို၊ ကာလရှည်ခွဲ၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လတ်တလောကာလမှာ ပြီးစီးပြီဖြစ်၍ ကာလတို၊ ကာလရှည်တွင် ရာသီသီးနှံ အခြေခံသည့် စားသောက်ရေး။ ကာလတိုအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ချက်ချင်း အကျိုးရှိနိုင်မည့် ကြက်၊ ၀က်၊ ဆိတ် အသားထုတ်လုပ်မှု လုပ်ငန်းနှင့် နှစ်လ၊ သုံးလခန့်သက်တမ်းရှိသည့် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုကိုလည်း ထည့်သွင်းရမည်” ဟု ပြောဆိုခဲ့သည်။

ယခုအခါ မိုခါ ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၅ လကျော် ကြာလာပြီးဖြစ်သော်လည်း စစ်ကောင်စီ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထိရောက်သည့် အကူအညီကို မရရှိသည့်အတွက် မုန်တိုင်းဒဏ်ကို ခံခဲ့ကြရ သည့် ရခိုင်ပြည်သူ အများစုမှာ အမိုးအကာ မလုံဘဲ ဖြစ်သလို နေထိုင်နေကြရကြောင်း ဒေသခံများက ပြောဆို ကြ သည်။

“တချို့ကတော့ အိမ်တွေကို ဆောက်ပြီးကြပြီလို့ ပြောလို့ရတယ်။ မဆောက်ရင်လည်း နေစရမှာ မရှိတာကို ရှိတာ ကို ရောင်းချပြီး ဆောက်ကြတယ်။ တချို့လည်း မဆောက်နိုင်သေးဘူး။ ဖြစ်သလိုနေကြတယ်။ တချို့ရွာ တွေမှာ ဆို ဘုန်းကြီးကျောင်းတွေတောင် မဆောက်ရသေးဘူး” ဟု မြောက်ဦးဒေသခံ တစ်ဦးကပြောသည်။

မိုခါမုန်တိုင်းအလွန် ပြည်လည် ထူထောင်ရေးလုပ်ငန်းများကို မူလ အခြေအနေထက် သာလွန် ကောင်းမွန်သော အနေအထား ရောက်အောင် ဆောင်ရွက်ကြရန်ကိုလည်း အဆိုပါ အစည်းအဝေးတွင် ၀န်ကြီးချုပ်က ပြောဆိုခဲ့ သည်။

စစ်ကောင်စီက ပြန်လည်ထူထောင်းရေး လုပ်ငန်းကို အဓိက မြို့ပေါ်တွေမှာသာ ဦးစားပေး လုပ်ဆောင်နေပြီး နယ်ဘက်များတွင် လုပ်ဆောင်မှု မရှိသလောက်ဟု စစ်တွေမြို့ခံ လူမှုရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြော သည်။

“စစ်ကောင်စီက အထူးသဖြင့် စစ်တွေမြို့ထက်လောက်မှာဘဲ ဦးစားပေး လုပ်တာတွေ့ရတယ်။ ဆေးရုံတို့ စာသင် ကျောင်းတို့ကို လုပ်တယ်။ နယ်ဘက်က ဆေးရုံတို့ စာသင်ကျောင်းတွေကိုလည်း လုပ်နိုင်တာ မတွေ့ရသေးဘူး။ အခုအထိ အမိုးအကာ မလုံခြုံဘဲ နေရသူတွေအများကြီး နယ်ဘက်တွေမှာ ရှိနေသေးတယ်။”

မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသူ ၇၅ ရာခိုင်နှုန်းသာ အမိုးအကာ အောက်ကိုရောက်ရှိသေးပြီး အမိုးအကာ အောက်ကို မရောက်သေးသူများ ကိုလည်း အလျှင်အမြန် ရောက်နိုင်အောင် ကြိုးစားနေသည်ဟု ရက္ခိုင်အမျိုး သား အဖွဲ့ချုပ်က ဖွဲ့စည်းထားသည့် MOCHA ဆိုင်ကလုန် မုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ်ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီက ဇူလိုင်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင်း ရခိုင်ပြည်တွင်လူပေါင်း ၁၃၆ ဦးသေဆုံးကာ ဒဏ်ရာ ရသူ ၆၂ ဦးနှင့် အဆောက်အဦးပေါင်း ၂၄၁၀၇၁ အပါအဝင် ယာဉ် ရ၁၆ ပျက်စီးခဲ့ပြီး တိရိစ္ဆာန် ၂၇၆၁၆ ကောင် သေဆုံးခဲ့ သည့်ဟု မေလ ၁၉ ရက်နေ့တွင် ပြည်နယ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာ တွင် ရေးသားထားသည်။

ရခိုင်ပြည်တွင် မိုခါမုန်တိုင်း တုံ့ပြန်ကူညီရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအစီအစဉ်များ ခွင်ပြု ချက်ရရှိပြီးဖြစ်သည့်အတွက် ကယ်ဆယ်ရေး ပစ္စည်းတချို့ကို ဖြန့်ဝေထားပြီဖြစ်သော်လည်း မုန်တိုင်သင့် ဒေသ ခံများအတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ မြင့်မားနေပြီး အကူညီအများ ပိုမိုပေးသွားရန် လိုအပ် နေဆဲဖြစ်ကြောင်းလည်း UN OCHAက စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန် မုန်တိုင်းဒဏ်ကို စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ်တို့တွင် အပြင်းအထန်ခံရဲပြီး သိန်းနှင့်ချီသည့် လူနေအိမ်များ၊ အစိုးရ အဆောက်အအုံနှင့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့သည်။

October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...