ကွတ်ခိုင်မြို့နယ် တိုက်ပွဲ စစ်ကောင်စီဘက် သေဆုံးမှု များပြားနေ

ကွတ်ခိုင်မြို့နယ် တိုက်ပွဲ စစ်ကောင်စီဘက် သေဆုံးမှု များပြားနေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးမှု များပြားနေသည်။

ယမန်နေ့ စက်တင်ဘာလ (၂၁) ရက်နေ့ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာအနီးတွင် နှစ်ဖက်တပ်ဖွဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ တပ်သား (၆) ဦး ထက်မနည်း သေဆုံးပြီး TNLA ဘက်မှလည်း ထိခိုက်ဒဏ်ရာရမှု ရှိနေကြောင်း ဖြစ်စဥ်ကိုသိသော စစ်ရေးလေ့လာနေသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“စစ်ကောင်စီဘက်ကနေ လက်နက်ကြီး နဲ့ အရင်စပစ်ပြီး မြေပြင် ထိုးစစ်ဆင်မှုလုပ်တာ၊ ပြည်သူ့စစ်တပ်ဖွဲ့တွေ လည်း ပါခဲ့တယ်၊ အဲ့ဒီ တိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ လက်နက်ကြီး/ငယ် နဲ့ ဒရုန်း တိုက်ခိုက်မှုလည်း ရှိခဲ့ တယ်။ TNLA ဘက်ကတော့ ဒဏ်ရာရတဲ့သူ ရှိတယ်လို့ပဲ သိရတယ်၊ သူတို့ ကျဆုံးမှုတော့ မသိရဘူး” ဟု သျှမ်း မြောက် စစ်ရေးလေ့လာသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားနေစဥ်၌ နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃) တပ်မှ လက်နက်ကြီးဖြင့် ၁၅ မိနစ်ခြား တစ်ကြိမ် စစ်ကူအဖြစ် ပစ်ခတ်ခဲ့သည်။

ထို့အပြင် အဆိုပါနေ့၌ မူဆယ်မြို့နယ် ကောင်ရာရွာ အနီး စစ်ကောင်စီ ပူးပေါင်း ပြည်သူ့စစ်တပ် နှင့် TNLA တပ် တို့သည် ကောင်ရာကျေးရွာ အနီးရှိ လွိုင်ကျယ်လော့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး အလုံး ၇၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း PSLF/TNLA ၏ သတင်း နှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့သည် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ပြီး ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့သည်။

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...