စစ်ကောင်စီရဲ့ အခြေခံ စပါးရည်ညွှန်း ဈေးနှုန်းသတ်မှတ်မှု တောင်သူတွေ လက်မခံ

စစ်ကောင်စီရဲ့ အခြေခံ စပါးရည်ညွှန်း ဈေးနှုန်းသတ်မှတ်မှု တောင်သူတွေ လက်မခံ

စစ်ကောင်စီ သတ်မှတ်လိုက်တဲ့ အခြေခံစပါး ရည်ညွှန်းဈေးနှုန်းဟာ စပါးစိုက်ပျိုးထုတ်လုပ်ရာမှာ ကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက် ဖြစ်သင့်တဲ့နှုန်းထားမဟုတ်ဘဲ စိုက်ပျိုးသူတွေကို အရှုံးပေါ်အောင် လုပ်ဆောင်တာလို့  တောင်သူ လယ်သမားတွေက ဝေဖန်လိုက်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အခုနှစ် မိုးစပါးပေါ်ကာလမှာ ဝယ်ယူရမယ့် အခြေခံ စပါးရည်ညွန်း ဈေးနှုန်း ကို စက်တင်ဘာ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

အခြေခံ စပါးရည်ညွှန်းဈေးနှုန်း သတ်မှတ်ရာမှာ ဆန်ကြမ်းအုပ်စုဝင် ဧည့်မထနဲ့ ငစိန်အမျိုးအစား စ ပါးတင်း၁၀၀ ကို ကျပ် ၁၃ သိန်းကနေ ကျပ် ၁၅ သိန်း၊ ဧရာဝတီပေါ်ဆန် ကျပ် ၁၆ သိန်းမှ ကျပ် ၁၈ သိန်း၊ ရွှေဘိုပေါ်ဆန်းစပါး ကျပ် ၁၈ သိန်းကနေ ကျပ်သိန်း ၂၀ အတွင်း ဝယ်ယူဖို့ ဈေးနှုန်းသတ်မှတ်ထားတာပါ။

အခြေခံ စပါးရည်ညွှန်းဈေး သတ်မှတ်နိုင်ဖို့အတွက် စစ်ကောင်စီရဲ့ လမ်းညွှန်မှုနဲ့အညီ ကုန်ဈေးနှုန်း တည်ငြိမ်စေ ဖို့ ဆန်းစပါးနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက ညှိနှိုင်းဆွေးနွေးပြီး သင့်တင့်မျှတတဲ့ ဈေးနှုန်းသတ်မှတ်ရတာ ဖြစ် တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆိုပါတယ်။

စပါးစိုက်တောင်သူတစ်ဦးက “ကျွန်တော်တို့ တင်း(၁၀၀) ရဖို့ဆိုရင် (၂) ဧက စိုက်ရမယ်။ (၂) ဧကကို ကောက်စိုက် သမား (၂၄) ယောက်သုံးရမယ်။ မျိုးစပါးကတော့ (၂) ဧကကို (၄) တင်း သုံးရတယ်။ မျိုးစပါးက တစ်တင်းကို (၃၀၀၀၀)။ မျိုးနုတ်ခက မျိုး(၁၀၀)ကို (၈၀၀၀)။ ကောက်စိုက်သမားက (၁၀၀၀၀) နှုန်းနဲ့ (၂၄) ယောက် (၂) ဧက ကို။ အဲဒီမှာ မြေဆီသုံးမယဆိုရင် ဒီ (၂) ဧကကို သူကဝဲဘယ်လိုပဲ ဖြစ်ဖြစ် ချွေတာသုံးမယ်ဆို (၃) အိတ်သုံးမယ် ဆို (၃) သိန်းကုန်ပြီ။ ထွန်ယက်စရိတ်က (၂) ဧကဆိုတော့ (၆၀၀၀၀) ကျတယ်။ ရိတ်တာကတော့ တစ်ဧကကို (၅၀၀၀၀) လောက် ပေးရတယ်။ စပါးနယ်ခလည်း ဆီဈေးတက်သွားတဲ့အတွက် ဒီနှစ်ကိုနာရီနဲ့ဆို ပိုပြီးတော့ ယူသွားမှာပေါ့။ မနှစ်ကထက် ကုန်မှာပဲ” လို့ ပြောပါတယ်။

စပါးစိုက်ပျိုးရာမှာကုန်ကျစရိတ် အဆမတန်မြင့်တက်နေတဲ့အတွက် အခုသတ်မှတ်လိုက်တဲ့ ရည်ညွန်းဈေးနှုန်း ကြောင့် ဘယ်လိုမှ တွက်ခြေမကိုက်နိုင်သလို အရှုံးပေါ်မယ့် အခြေအနေဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ဆက် ပြောပါတယ်။

“အဲ့ဒီကုန်ကျစရိတ်တွေ အကုန်သုံးလိုက်ပြီး ကျွန်တော်တို့ လယ်သမားအတွက်က မျိုးစပါးတောင် မကျန်နေတဲ့ အတွက် ဘယ်လိုလုပ်ပြီး ဧကအကုန်လုပ်တော့မှာလဲ။ အဲဒီတော့ ဒီသွင်းအားစုတွေနဲ့ ဒီလို ဈေးသတ်မှတ် မယ် ဆိုတော့ ကျွန်တော်တို့ လယ်သမားတွေက အခုဈေးနှုန်းအနေနဲ့ဆိုရင် ခပ်ရှင်းရှင်းပြောမယ်ဆိုရင် ဒီဧည့်မထ အုပ်စုပေါ့ (၂၀) လောက်မှ မရဘဲနဲ့ ကျွန်တော်တို့ ဘယ်လိုမှမကိုက်ဘူး”လို့ စပါးစိုက်တောင်သူက ဆိုပါတယ်။

ဒါ့အပြင် သွင်းအားစု စရိတ်အပါအဝင် တခြားကုန်ကျစရိတ်တွေကို ကျဆင်းအောင် မလုပ်ဆောင်ပေးဘဲ စပါး ဈေးနှုန်းတွေကို ဆန်စပါးအသင်းမှ လုပ်ငန်းရှင်တွေက သူတို့လိုချင်တဲ့ ဈေးနှုန်းသတ်မှတ်တာဟာ မဖြစ်သင့်ဘူး လို့ သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ အခုလိုရည်ညွှန်းဈေး သတ်မှတ်တာဟာ တောင်သူတွေ စိုက်ပျိုး ထုတ် လုပ်မှုအပေါ် ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိဖို့၊ ကြိတ်ခွဲ ထုတ်လုပ်ရောင်းဝယ်သူတွေ အတွက် ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိဖို့နဲ့ စားသုံးသူတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဧည့်မထစပါး သိန်း ၂၀ လောက်ပေါက်ဈေး ရှိနေတဲ့အချိန်မှာ ကျပ် ၁၃ သိန်း ကနေ ၁၅ သိန်းအတွင်း ရောင်းဝယ် ခိုင်းတာကြောင့် တောင်သူတွေကို ဖိနှိပ်တာဖြစ်တယ်လို့ စပါးစိုက်တောင်သူက ဆက်ပြောပါတယ်။

“သူတို့အဲဒီလို သတ်မှတ်ရင် တခြားဈေးနှုန်းရော သူတို့သတ်မှတ်ဖို့ရှိလားပေါ့။ ဥပမာပေါ့ ဓာတ်မြေဩဇာတွေ ဘယ်လောက်ကနေ ဘယ်လောက်ထိ မရောင်းရ အဲဒီလိုတွေပေါ့။ အဲဒီလိုမရှိဘဲ စပါးဈေးတစ်မျိုးဘဲ သတ်မှတ် မယ်ဆိုရင် ကျွန်တော်တို့ စိုက်ပျိုးစရိတ်က ဈေးများတယ်။ သွင်းအားစုစရိတ် ဓာတ်မြေဩဇာ ဈေးများတယ်။ လုပ်အားခတွေက ဈေးကြီးတယ်။ နောက်လုပ်သားတွေကလည်း ရှားပါးတယ်။ ဒီလိုရှားပါးတဲ့အခါကျတော့ လုပ်သားတွေကိုလည်း အခကြီးကြီး ပေးငှားရတယ်။ ကျန်တဲ့ကဏ္ဍတွေကိုတော့ ဘာမှမထိန်းချုပ်ဘူး။ အချိုး ညီမျှအောင် မညှိပေးဘူးဆိုရင် တောင်သူအနေနဲ့ မြင်ရမယ်ဆိုရင်တော့ ကျွန်တော်တို့တောင်သူတွေကို ဒါဖိနှိပ်ရာ ရောက်တာပေါ့နော်” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိစပါးရည်ညွှန်ဈေးနှုန်း သတ်မှတ်တဲ့ ဆန်းစပါးအသင်းတွေဟာ လုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး မြေပြင်ကတောင်သူတွေရဲ့ လက်ရှိအခြေအနေကိုမမေးမြန်းဘဲ ဈေးနှုန်းသတ်မှတ်တာ ကြောင့် တောင်သူတွေ အရှုံးပေါ်အောင် လုပ်ဆောင်နေတာလို့ သူကဝေဖန်တာပါ။

သတ်မှတ်ထားတဲ့ အခြေခံစပါးရည်ညွှန် ဈေးနှုန်းဟာ ဘယ်လိုမှ ဈေးနှုန်းကိုက်ညီမှု မရှိတာကြောင့် လာမယ့် စပါးစိုက်ရာသီတွေမှာ စပါးလျော့ချစိုက်ပျိုးရမယ့် အခြေအနေနဲ့ ကြုံတွေ့လာရသလို မဖြစ်မနေ စားဖို့အတွက် လောက်သာ စိုက်ပျိုးလာပါက ဆန်စပါးရှားပါးမှုတွေပါ ဖြစ်လာနိုင်တယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်ကတော့ သူတို့သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးထက် ဈေးပိုပေးပြီး ဝယ်ယူ ပါက ဖော်ထုတ်တင်ပြဖို့နဲ့ ဆန်စပါးဝယ်ယူမှုတွေကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း ဝယ်ယူဖို့ဆိုပြီး ထုတ်ပြန် ထားပါသေးတယ်။

မွန်ပြည်နယ်မှာတော့ မိုးစပါး စိုက်ဧက ၇ သိန်းနီးပါးရှိနေတာဖြစ်ပြီး နှစ်စဉ်စပါးတင်းပေါင်း သိန်း ၄ သိန်းကျော် ထွက်ရှိနေတာပါ။ ထွက်ရှိလာတဲ့စပါးတွေကို ကြိတ်ခွဲပြီး တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါ တယ်။

ဒါပေမယ့် စပါးစိုက်တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာငွေကြေး တန်ဖိုးကျဆင်းတာ၊ သွင်း အားစုဈေးနှုန်း အဆမတန်မြင့်နေတဲ့အတွက် တခြားလုပ်ငန်းတွေနည်းတူ အကြီးအကျယ် ခံစားနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...