- KNU လက်အောက်ခံ တပ်မဟာ(၃)ခုက တပ်မဟာမှူးနဲ့ ဗျူဟာမှူးရာထူးတွေကို အပြောင်းအလဲပြုလုပ်ခဲ့တာက ကွန်ဂရက်ရဲ့သဘောထားနဲ့ သူတို့ရဲ့ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်တယ်လို့ KNLA တာဝန်ရှိသူတွေက ပြောပါတယ်။
- ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ရေတလျောက်စခန်းကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာသိမ်းဆည်ရမိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
- ကရင်ပြည်နယ်အတွင်းမှာ ကရင်ဓလေ့ရိုးရာထုံးတမ်းအစဉ်အလာတစ်ခုဖြစ်တဲ့ စပါးစိုက်ပျိုးတဲ့နေရာမှာ အခကြေးငွေမယူဘဲ အပြန်အလှန်အလှည့်ကျ ဝိုင်းဝန်းကူညီပေးကြတဲ့ အစဉ်အလာကောင်းတစ်ခု အကြောင်းကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။