စာသင်ကြားနေချိန် လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲခံရမှာကို ကရင်နီက ကျောင်းဆရာတွေစိုးရိမ်

စာသင်ကြားနေချိန် လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲခံရမှာကို ကရင်နီက ကျောင်းဆရာတွေစိုးရိမ်
ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတဲ့ စာသင်ကျောင်း မြင်ကွင်းတချို့။ ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်)
ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတဲ့ စာသင်ကျောင်း မြင်ကွင်းတချို့။ ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်)

ကယား (ကရင်နီ) ပြည်မှာ စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့အတွက် စာသင် ကြားနေချိန်မှာ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှာကို ကရင်နီပြည်က ကျောင်းဆရာ၊ ဆရာမ တွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေက စိုးရိမ်နေကြပါတယ်။

ကရင်နီပြည်က စစ်ရှောင်စခန်းတွေနဲ့ ကျေးရွာတွေမှာ ကလေးငယ်တွေ ပညာရေးအဆက်ပြတ်မသွားဖို့ ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းတွေကို ဖွင့်လှစ်သင်ကြားကြပေမဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကျဲတိုက်ခိုက်မှု၊ လက် နက်ကြီး ပစ်ခတ်မှုဒဏ်တွေကို မကြာခဏ ကြုံတွေ့ရင်ဆိုင်နေရတယ်လို့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ မှာ သင်ကြားပေးနေတဲ့ ဆရာမတွေက ပြောပါတယ်။

“လက်နက်ကြီးကလည်း အရင်ကကျောင်းမှာထိထားပြီးသားပေါ့နော။ ထိထားပြီးသားဆိုတော့ အခုက ပိုပြီး တော့ စိုးရိမ်တယ်။ လေယာဉ်သံကြားပြီ ဆိုလို့ရှိရင်လည်း ဘယ်နားပြေးရမလဲပေါ့နော်။ အမြဲထိတ်လန့်နေရ တယ်။ စာသင်လို့ရှိရင်လည်း ကလေးတွေလည်း လေယာဉ်သံကြားပြီ လက်နက်ကြီးသံကြားပြီ ဆိုလို့ရှိရင် သူတို့ က စာကိုစိတ်မဝင်စားတာရှိတယ်။ ကြောက်လန့်နေကြရတယ်ပေါ့နော်။ ကလေးတွေလည်း ဘယ်နားပြေးရမလဲ ဘယ်ကိုလုပ်ရမလဲ ဆရာမ အဲ့လိုမျိုး စိုးရိမ်စိတ်နဲ့ပဲ ဖြစ်နေရတယ်ပေါ့နော်” လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက  ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားရှိရာနေရာတွေကို လက်နက်ကြီးအပြင် လေကြောင်း ပစ်ခတ်မှုတွေကို ပြုလုပ်နေတာဟာ ကလေးတွေရဲ့ ပညာသင်ယူမှုအခွင့်ကို နှောင့်နှေးစေပြီး ကလေးတွေကို ကျောင်းမသွားရဲအောင်၊ မိဘတွေက သူတို့ကလေးတွေကို ကျောင်းမပို့ရဲအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့  စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်ပစ်ခတ်မှုတွေဟာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လအတွင်းမှာ အများဆုံးဖြစ်ပြီး ညသန်းခေါင်ယံ အချိန်နဲ့ မနက်စောပိုင်းမှာ တိုက်ခိုက်လေ့ရှိတယ်လို့  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး - ၂ ဦးဗညားက ပြောပါတယ်။

“အကြမ်းဖျင်းအားဖြင့် မူကြိုတစ်ကျောင်းထိတယ်ပေါ့နော။ ဖရူဆိုအနောက်ဘက်ခြမ်းမှာ နောက်ပြီးတော့ အလယ်တန်း တစ်ကျောင်းထိတယ်။ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ အဲ့ဒီဟာတွေရှိတယ်။ နောက်ပြီးတော့ တချို့ကျောင်းနဲ့နီးတဲ့ ဧရိယာတွေမှာ ဗုံးကြဲခံရတာတွေရှိတယ်။ ရွာတွေဗုံးကြဲခံရတာရှိတယ်။ ဆိုလိုရင်း အဓိပ္ပာယ်က ရည်ရွယ်ချက်ရှိရှိ လုပ်တယ်။ အဲ့ဒါက တစ်ကြိမ်ပဲလုပ်လုပ် နှစ်ကြိမ်ပဲလုပ်လုပ် အဲ့ဒီဟာရဲ့ ဆက် စပ်မှုက ဖရူဆိုအနောက်ဘက်ခြမ်းမှာ အခုချိန်ထိ မသေချာ၊ မရေရာစွာနဲ့ ကျောင်း ၄ ၊ ၅၊ ၁၀ ကျောင်းကလည်း တက်ရင်ကောင်းမလား မတက်ရင်ကောင်းမလား ဆိုပြီး ပြဿနာတက်နေသေးတယ်။ နောက်ပြီးတချို့နေရာမှာ ကျောင်းထဲမှာ မသင်ရတော့ဘူးပေါ့ တဲလေးတွေထိုးပြီးတော့မှ အိမ်ကြိုအိမ်ကြားမှာ ဖြန့်ကျဲထားပြီးတော့မှ ကျောင်းတက်နေရတာရှိတယ်” လို့ ဦးဗညားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာပဲ ဒီးမော့ဆိုမြို့နယ်အတွင်းက စာသင်ကျောင်းဆောင် ၂ဆောင်ရဲ့ အနီးအနားကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့ပါသေးတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကျောင်းသားကလေးတချို့ဟာ ကျောင်းသွားဖို့ ကြောက်လန့်နေခဲ့ရတယ်လို့ သိရှိရပါ တယ်။

“ကလေးတွေမှာအပြစ်မရှိပါဘူး ကလေးတွေကို ငြိမ်းချမ်းစွာပညာသင်ကြားခွင့်တော့ ပေးစေချင်တယ်။ ကျမတို့ ပြည်သူတွေကိုလည်း ပစ်မှတ်မထားစေချင်ဘူးပေါ့နော်”လို့ ကျောင်းဆရာမက ပြောပါတယ်။

ကရင်နီပြည် ကြားကာလကောင်စီ (IEC) ရဲ့ စာရင်းတွေအရ ကရင်နီပြည်မှာ ကိုယ်ထူကိုယ်ထကျောင်းပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားနိုင်တယ်လို့ ဆိုပါတယ်။ အခုဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ဆရာ၊ ဆရာမ ဦးရေ ၃၀၀၀ ကျော်၊ ကျောင်းသားကျောင်းသူဦးရေ ၄သောင်းဝန်းကျင်နဲ့ လည်ပတ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ပညာရေးကဏ္ဍရဲ့ စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Global Coalition to Protect Education to Attack ရဲ့ စက်တင်ဘာလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၂ခုနှစ်အတွင်း ကမ္ဘာမှာ ပညာရေးနဲ့ပတ်သက်ပြီး တိုက်ခိုက်ခံရ တဲ့ ဖြစ်စဥ်ပေါင်း ၃၀၀၀ ကျော်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီအထဲမှာ ယူကရိန်းပြီးရင် မြန်မာက ဒုတိယ အများဆုံးဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

Most read this week

October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...
October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...
October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...
October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...