ဒေါ့ဖုန်းယန် စစ်ရှောင်စခန်းတွင် အမျိုးသမီးအသုံးဆောင်များ ကူညီထောက်ပံ့မှု လိုအပ်နေ

ဒေါ့ဖုန်းယန် စစ်ရှောင်စခန်းတွင် အမျိုးသမီးအသုံးဆောင်များ ကူညီထောက်ပံ့မှု လိုအပ်နေ
ဒေ့ါဖုန်းယန်စစ်ဘေးရှောင်မှာတွေ့ရတဲ့ အမျိုးသမီးများ
ဒေ့ါဖုန်းယန်စစ်ဘေးရှောင်မှာတွေ့ရတဲ့ အမျိုးသမီးများ

ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဗန်းမော်လမ်းမ တလျှောက်က တိုက်ပွဲများကြောင့် ဒေ့ါဖုန်းယန်စစ်ရှောင်စခန်းမှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ရေချိုးခန်း၊ အိမ်သာ လုံလောက်မှုမရှိတဲ့ အပြင် စစ်ရှောင် အမျိုးသမီးတွေ အမျိုးသမီးအသုံးအဆောင် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ပြောပါတယ်။

ဒေါ့ဖုန်းယန် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းထဲမှာ ၂ လ ကျော်လောက်အကြာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေမှာ ရေချိုးခန်၊ အိမ်သာနဲ့ နေထိုင်တဲ့ နေရာ အခက်အခဲတွေရှိနေတဲ့အပြင် အမျိုးသမီးတွေရဲ့ လစဉ် သုံးပစ္စည်းတွေ ကူညီထောက်ပံပေးဖို့ လိုအပ်နေတယ်လို့ ဒေါ့ဖုန်းယန် စစ်ရှောင်တာဝန်ခံတစ်ယောက်က KNG ကိုပြောပါတယ်။

 “အဓိကလိုအပ်နေတာက ရေချိုးခန်း အိမ်သာအခက်အခဲရှိတယ်။ အမျိုးသမီးနဲ့ အမျိုးသားတွေ ဆိုပြီးခွဲခြားထား တာရှိပေမယ့် ရေချိုးခန်းမလောက်တော့ ရေအတူချိုးလိုက်ရတဲ့အခြေအနေတွေလည်းဖြစ်နေတယ်။ နောက်ပြီး အမျိုးသမီးတွေရဲ့ လစဉ်သုံးပစ္စည်းတွေနဲ့ အခြားအမျိုးသမီးတွေ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်” လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ နေရာထိုင်ခင်း အခက်အခဲကြောင့် အဆောက်အအုံ တစ်ခုထဲမှာဘဲ မိသားစုတွေ အစုလိုက် အပြုံလိုက် တိမ်းရှောင်နေကြတာဖြစ်လို့ အရွယ်ရောက်လာတဲ့ အမျိုးသမီးတွေအတွက်လည်း နေ့စဉ် လူမှုနေ ထိုင်ရေးမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေါ့ဖုန်းယန်စစ်ရှောင်က ဆက်ပြောပါတယ်။

“ပြီးရင် နောက်တစ်ခုက နေရာအခက်အခဲလည်း ဖြစ်တယ်။ အခန်းခွဲပေးတာတွေလည်းမလုပ်ပေးနိုင်သေးဘူး။ အဲ့ကြောင့် အခုက မိသားစု တစ်စုနဲ့ တစ်စုပေါင်းနေရတယ်။ အဲ့လိုပေါင်းနေတဲ့အခါကြတော့ အရွယ်ရောက်လာ တဲ့ လူငယ်တွေက ရှက်တာတော့ရှိကြမှာပဲ။ ဒါပေမယ့် ဒီအချိန်မှာက အဆောက်အအုံတွေ ဆောက်နိုင်မယ့် အနေ အထားမှာလည်း မရောက်သေးဘူး” လို့ ပြောပါတယ်။

ဒေါ့ဖုန်းယန်ထဲမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကတည်းက ရွာအနီးတဝိုက် မှာ တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရတဲ့ ခလား၊ နောင်ဝမ့်၊ ဒိန်ဂျန်နဲ့ ဒိန်ဂျာ စတဲ့ ရွာ ၄ ရွာ က စစ်ရှောင် အိမ်ထောင်စု တစ်ရာကျော်တို့ ဖြစ်ကြပါတယ်။

ဒီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလ ၂ လကျော်လောက် ကြာမြင့်လာပြီဖြစ်ပြီး အကူအညီတွေ မရှိတဲ့အပြင် အပြင်ထွက်ပြီး လုပ်ငန်းလုပ်ကိုင်ဖို့လည်း အဆင်မပြေတာကြောင့် အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေ အကူအညီ လိုအပ်နေကြပါတယ်။

စစ်ရှောင်တွေဟာ အရင်က ဆောက်လုပ်ပေးထားတဲ့ ဒေါ့ဖုန်းယန်ရှိ ဘုရားကျောင်းဝင်းနေရာတွေထဲ အဆောက် အအုံနေရာတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ ဘော်ဒါဆောင်နေရာတွေမှာ တိမ်းရှောင်နေ ကြတာ ဖြစ်ပါတယ်။

အဲဒီနေရာကို ရောက်လာတဲ့ စစ်ရှောင်တွေထဲ နားမကြားတဲ့ အသက်ကြီးရွယ်အို ၆ ယောက်လည်း ပါဝင်ပြီး စစ်ရှောင်တစ်ရာကျော်ထဲမှာ အမျိုးသမီး ၆၀ ကျော်က နေရာထိုင်ခင်း အခက်အခဲကြောင့် နေစဉ်လူမှုနေထိုင်ရေး ပြဿနာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒေါ့ဖုန်းယန်ဒေသထဲက နွမ်လန့်၊ မြို့သစ်၊ အူထန်ယန်စတဲ့ ကျေးရွာတွေဟာ ဗန်းမော်ဘက်နေ စစ်အင်အား တိုးချဲ့ လာတိုင်း ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတဲ့ နေရာတွေ ဖြစ်တာကြောင့် စစ်ရှောင်တွေဟာ နေရပ်မပြန်နိုင် ဘဲ နှစ်ရှည် တိမ်းရှောင်ကြရမှာကို စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကနေ စစ်ကောင်စီတပ်ဟာ KIO ဗဟိုဌာနချုပ်အနီး နမ်ဆန်ယန်ဘက်ကို ဗန်းမော်၊ မြစ် ကြီးနားဘက်မှ လက်နက်ရိက္ခာအပြည့်နဲ့ ကုန်းကြောင်း၊ ရေကြောင်း အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးဝင်ရောက် လာလို့ မြစ်ကြီးနား - ဗန်မော်လမ်းတစ်လျှောက်မှာ တိုက်ပွဲဖြစ်ပွားနေတာ ၃ လောက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

ပုံစာ- ဒေ့ါဖုန်းယန်စစ်ဘေးရှောင်မှာတွေ့ရတဲ့ အမျိုးသမီးများ

Most read this week

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...