- စစ်ကောင်စီတပ်က ဗန်းမော်မြို့ကနေ နမ်ဆန်ယန်ဘက် စစ်အင်အားတိုးချဲ့ပို့ဆောင်နေသေးတာကြောင့် ဒေါ့ဖုန်းယန်မြို့မှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်မပြန်နိုင်သေးဘဲ အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
- ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်က ဒေသခံပြည်သူတွေရဲ့အစုဖွဲ့ပိုင် ၁၀ ဧက ရှိတဲ့မြေကွက်ကို စစ်တပ်အရာရှိတစ်ဦးက မတရားသိမ်းဆည်းထားတဲ့အပြင် လက်ရှိမှာ မြေကွက်ရောင်းဖို့ ကြိုးစားနေတာကြောင့် အဲဒီမြေနေရာမှာ ခေတ်အဆက်ဆက် လုပ်ကိုင်စားသောက်လာတဲ့ဒေသခံတွေ မြေယာလက်လွတ်ဆုံးရှုံးရမှာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
- ကချင်ပြည်နယ်မှာ သယံဇာတတူးဖော်မှု ပိုမိုများပြားလာတာနဲ့အမျှ ရွှေမှော်လုပ်ငန်းခွင်တွေမှာ အမျိုးသမီးငယ်တွေအတွက် လုံခြုံမှုလျော့နည်းလာပြီး အိမ်တွင်းပြဿနာတွေဖြစ်စေတဲ့ ကိစ္စရပ်တွေလည်း ပိုမိုများပြားလာတယ်လို့ ရွှေမှော်ဒေသက အမျိုးသမီးတချို့က ပြောပါတယ်။