NCA အခြေခံပြီး နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားမည်ဟု KNU ဖားအံခရိုင် သဘောထားထုတ်ပြန်

NCA အခြေခံပြီး နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားမည်ဟု KNU ဖားအံခရိုင် သဘောထားထုတ်ပြန်

နယ်မြေ တည်ငြိမ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်- NCA ကို အခြေခံပြီး ပြည်သူအကျိုးကို ရှေ့ရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာ နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ဖားအံခရိုင် (တပ်မဟာ ၇) က စက်တင်ဘာလ ၁၄ ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန်ထားသည်။

ကေအဲန်ယူက NCA စာချုပ်ပျက်ပြယ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို ကေအဲန်ယူ ကွန် ဂရက်တွင်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည်ဖြစ်ကြောင်း ပြောဆိုထားခြင်း ရှိသည့် အတွက် ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ (၇) အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြစ်သာ အဖြေရှာ မည်ဟု ဖားအံခရိုင်သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက “အခြားခရိုင် တပ်မဟာတွေမှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်တပ်ဘက်က လေယာဉ်နဲ့ လာပစ်တော့ ကျနော်တို့ ပြည်သူလူထုတွေတော်တော်လေးကို ခံစားနေရပြီး အခက်အခဲတွေနဲ့ ရင် ဆိုင်ကြုံတွေ့နေရတယ်။ အဲဒါကြောင့် ကေအဲန်ယူက ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ သွားရမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ၏ နိုင်ငံရေးရည်မှန်းချက်သည်လည်း NCA ထဲတွင်ရှိနေသောကြောင့် NCAကို ပယ်ဖျက်လိုက်ပါက  အစည်းအရုံး၏ နိုင်ငံရေးရည်မှန်းချက် မူဝါဒလမ်းစဉ်ကို ပစ်ထုတ်လိုက်သလိုဖြစ်ပြီး လက်ရှိအချိန်တွင် ပစ်ခတ် တိုက်ခိုက်မှု တိုက်ပွဲများဖြစ်သော်လည်း နောင်တချိန်တွင် နိုင်ငံရေးစားပွဲဝိုင်းပေါ်တွင်သာ ပြန်လည်ပြီးဆုံးသွား မည် ဖြစ်ကြောင်းလည်း ပဒိုစောအောင်မော်အေးက ဖြည့်စွက်ပြောသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင်ရေးအတွက် NCA စာချုပ်သည် ကေအဲန်ယူ၏ တစိုက်မတ်မတ် တောင်းဆိုလာရာမှ ဖြစ်ပေါ်လာသည့် စာချုပ်တစ်ရပ်ဖြစ်ပြီး စာချုပ်ခိုင်ခိုင်မာမာချုပ်ဆိုနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများရှေ့တွင် ချုပ်ဆိုထားသည့် စာချုပ်တစ်ရပ်လည်းဖြစ်ကြောင်းလည်း ဖားအံခရိုင်၏ သဘောထားချက်ထဲတွင် ဖော်ပြပါရှိသည်။

ဖားအံခရိုင် သဘောထားထုတ်ပြန်ချက်အပေါ် ကေအဲန်ယူနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က “ရက် ၁၀၀ (ကေအဲန်ယူ) သတင်းစာရှင်းလင်းပွဲရဲ့ ထုတ်ပြန်ချက်နဲ့ ဖားအံခရိုင်ရဲ့ ထုတ်ပြန်ချက်က ကွဲလွဲမှုမရှိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီရက် ၁၀၀ မှာပြောတာက NCA ဟာ ကေအဲန်ယူကြောင့် ဖျက်သိမ်းတာမဟုတ်ဘူး။ စစ်တပ် ကြောင့် ပျက်တာဖြစ်တယ်။ စစ်တပ်ဘက် ဗိုလ်ချုပ်ဇော်မင်းထွန်းဘက်ကလည်း မဖျက်ပါဘူး။ NCA ကရှိ သေး တယ်ဆိုပြီး ပြောတာရှိတယ်။ ဒါကြောင့် NCA ဟာ ကေအဲန်ယူနဲ့ စစ်တပ်ကြားမှာပဲဖြစ်ဖြစ် တစ်နည်းအားဖြင့် NCAလမ်းကြောင်းအတိုင်း KNU ဟာ ဆက်ပြီးကိုင်စွဲနေတယ်ဆိုတာ ဒါကတိတိကျကျ ပိုပြီးတော့ ရှင်းလင်းပေါ် လွင်စေတယ်ဆိုတာ အဲလိုပဲ သုံးသပ်ရမှာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

NCA ပျက်ပြယ်သွားသည့်အကြောင်းနှင့်ပတ်သက်၍ ကေအဲန်ယူဘက်မှ အတိအလင်း ထုတ်ပြန်ကြေညာထား ခြင်း မရှိသော်လည်း NCA ၏ နှလုံးသားဖြစ်သည့် အခန်း(၁) အခြေခံမူကို စစ်တပ်ဘက်မှ နင်းချေဖျက်ဆီးလိုက် ပြီး ဖြစ်သလို စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် NCA ပျက်ပြယ်သွားပြီဆိုဟု ပြီးခဲ့သည့် ဩဂုတ်လ (၁၀) ရက်နေ့တွင် ပြုလုပ်သော (၁၇) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်အပြီး ပထမဦးဆုံး ရက် (၁၀၀) အတွင်း လုပ်ဆောင်ခဲ့မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးက ပြောဆိုထားခြင်း ရှိသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဦးသိန်းစိန်ဦးဆောင်သည့် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းတို့ကြား စတင်ချုပ်ဆိုခဲ့သည့် NCA အပစ်ရပ်စာချုပ်တွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့က လက်မှတ် ရေးထိုးထားခြင်း ဖြစ်သည်။

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...