ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု ထိပ်ဆုံးနိုင်ငံစာရင်းထဲ မြန်မာပါဝင်လာ

ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု ထိပ်ဆုံးနိုင်ငံစာရင်းထဲ မြန်မာပါဝင်လာ
ဓာတ်ပုံ-KHRG
ဓာတ်ပုံ-KHRG

စစ်ကောင်စီလက်ထက် ကမ္ဘာတဝန်းမှာရှိတဲ့ ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု ထိပ်ဆုံးနိုင်ငံစာရင်းတွေထဲမှာ မြန်မာနိုင်ငံပါဝင်လာတယ်လို့ နိုင်ငံတကာပညာရေး စောင့်ကြည့်ရေးအဖွဲ့ (GCPEA) က ထုတ်ပြန်ပါတယ်။

ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ယူကရိန်း၊ မြန်မာနဲ့ဘာကီနာဖာဆိုနိုင်ငံဆိုတဲ့ နိုင်ငံ ၃ နိုင်ငံမှာ အများဆုံးဖြစ်ပေါ်ခဲ့တယ်လို့ စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာဆိုင်ရာ ပညာရေး ကာကွယ်ရေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝန်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုအနေနဲ့ ဖြစ်စဉ်ပေါင်း ၃၀၀၀ ကျော် ရှိခဲ့ပြီး အဲဒီထဲမှာ ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ ဆရာမပေါင်း ၆၇၀၀ ကျော် ဖမ်းဆီးခံရတာ၊ ဒဏ်ရာရရှိတာနဲ့ သတ် ဖြတ်ခံရတာတွေ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အစိုးရလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကရော စာသင် ကျောင်းတွေကို စစ်ရေးပစ်မှတ်အဖြစ် အသုံးပြုတိုက်ခိုက်ခဲ့တာရှိပြီး အဲဒီတိုက်ခိုက်မှုအနေနဲ့ ဖြစ်စဉ်ပေါင်း ၅၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

CDM ဆရာမတစ်ဦးက “လေကြောင်းနဲ့ပဲ ဖြစ်ဖြစ်၊ မြေပြင်ကနေပြီးတော့ စစ်ကြောင်းထိုးတာပဲဖြစ်ဖြစ်၊ သူတို့က ရွာတိုင်းမှာ သူတို့ဝင်တဲ့ ရွာတိုင်းမှာဆိုလို့ရှိရင် အဓိကပြစ်မှတ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားသလို ဖြစ် ပြီးတဲ့အခါ စာသင်ကျောင်းတွေကို မီးရှို့တယ်။ ပစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ပညာရေးကဏ္ဍကို စစ်ကောင်စီကနေ အဓိကပစ်မှတ်ထား တိုက်ခိုက်လာတာကို တွေ့နေရ သလို ပညာရေးအပေါ် အဆိုးဝါးဆုံးဖိနှိပ်ခံနေရတယ်လို့ အထက်ပါ CDM ဆရာမက ထောက်ပြ ဝေဖန်ပါတယ်။

“ဆရာ၊ ဆရာမတွေကိုလည်း ကျွန်မတို့မြို့နယ်က အများဆုံး ဖမ်းခံရတဲ့ မြို့နယ်လည်းဖြစ်တယ်။ ဖမ်းပြီး သတ် ဖြတ်ခံရတာမျိုးတွေလည်း ရှိပါတယ်။ ကျွန်မတို့ကတော့ ကလေးတွေ ကို ပညာတတ်လေးတွေကို မျှော်မှန်း တယ်။ နိုင်ငံတော်အတွက်လည်း အားကိုးတယ်။ သူတို့ရဲ့ပစ်မှတ်က ဒီပညာ တတ်တွေသာ မရှိခဲ့ရင် သူတို့ပဲ ဆက် လက်ပြီး အုပ်ချုပ်မယ်။ နောင်တက်လာမယ့် အနာဂတ်မျိုးဆက်သစ်တွေကို သူတို့လက်မခံနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ဒီပညာတတ်တွေကို အခုချိန်တည်းကနှိမ်ပြီး ထားတယ်ဆိုတဲ့ ပုံစံမျိုးထင် တယ်။ သူတို့ပဲအုပ်ချုပ်မယ်၊ သူတို့ပဲ ဦးစီးမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။”

ဒါ့အပြင် လက်ရှိ မြေပြင်အခြေအနေကို ကြည့်ပါကလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက် နက်ကြီး ပစ်ခတ်တာ၊ ဒေသတွင်းစစ်ကြောင်းထိုးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် ပညာသင် ကြားဖို့က အစ အခက်အခဲဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

CDM ကျောင်းဆရာတစ်ဦးက “ဒီလိုတိုက်ခိုက်ခံရတယ်ဆိုတော့ ကျောင်းတွေက တဖြည်းဖြည်းနဲ့ လုံးဝမဖွင့်နိုင် တော့ဘူး။ မြို့ပေါ်တွေရော ကျေးလက်တွေရောပေါ့။ ပြီးတော့ ကျောင်းအုပ်ဆရာမတွေ၊ CDMလုပ်တဲ့ ဆရာ၊ ဆရာမ တွေကို စစ်အုပ်စု ဖမ်းထားတာတွေကတော့ အများကြီးပဲဗျ။ ကလေးတွေရဲ့ အနာဂတ်တွေလမ်းတွေ ပျောက်ဆုံးတာပေါ့ဗျာ။ ကလေးတွေမှာ စိတ်ခံစားချက်လည်းဖြစ်၊ ကျောင်းလည်းဆက်တက်လို့ မဖြစ်။ ပညာရေးရော၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရတယ်” လို့ ပြောသည်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျောင်းတွေလုံးဝ မဖွင့်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိလာသလို ကျောင်းနေအရွယ်ကလေးတွေရဲ့ အနာဂတ်ပျောက် ဆုံးလာတယ်လို့ အဲ့ဒီ CDM ကျောင်းဆရာက ဆက် ပြောပါတယ်။

“စစ်ကောင်စီရဲ့ လုပ်ရပ်တွေကတော့ အင် မတန်မှဆိုးရွားပါတယ်။ တော်တော်လေးကို ဒုက္ခရောက်ပါတယ်။ မိဘ တွေကလည်း ဘာမှမတတ်နိုင်တော့ ဒီအတိုင်းပဲ ကြည့်နေရတဲ့ဘဝ ဖြစ်တာပေါ့ဗျာ။ ဒီစစ်ကောင်စီလုပ်ရပ်တွေ ကတော့ လူမဆန်ဘူးလို့ ပြောရမှာပေါ့၊ လူသားချင်းစာနာထောက်ထားမှု မရှိတော့တဲ့ ဘယ်လိုပြောမလဲ။ သား သမီးချင်း ကိုယ်ချင်းမစာတဲ့ ဘဝကို ရောက်တော့တာပဲ။”

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ စစ်တမ်းတွေအရ အာဏာသိမ်းကာလအတွင်း မြန်မာပြည် အရှေ့တောင်ပိုင်း ဒေသတွေမှာ စစ်အုပ်စုရဲ့ စာသင်ကျောင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ၂၄ ကြိမ်အထက်ရှိနေပြီး စာသင် ကျောင်းအဆောက်အအုံ ၃၇ လုံးကျော် လုံးဝပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပညာရေးအပေါ် စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေတာ ကို မြင်တွေ့နေရပြီး စစ်ရေးနည်းဗျူဟာ တစ်ခုအနေနဲ့ စာသင်ကျောင်းတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို အပြင်းအထန်ရှုတ်ချတယ်လို့ KHRG က ဆိုထားပါတယ်။

ပညာရေးကဏ္ဍ ဖိနှိပ်ခံနေရပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဆင်းရဲမွဲတေမှု လျော့ချ ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသနဲ့ အစွန်အဖျားနေရာတွေမှာ စာတတ်မြောက် အောင် လုပ်ဆောင်ကြဖို့ ဝါဒဖြန့်တိုက်တွန်းနေတာပါ။

ပညာရေးကဏ္ဍစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ (ECW) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက ကလေးငယ် ၁၇ သန်းဟာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခအကျိုးဆက်တွေကြောင့် ပညာသင်ကြား ခွင့် ဆုံးရှုံးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...