ဗန်းမောက်မြို့နယ်မှာ ဆွမ်းခံပြီးပြန်လာတဲ့ ကိုရင်လေးနှစ်ပါး ဓားပြတိုက်ခံရ

ဗန်းမောက်မြို့နယ်မှာ ဆွမ်းခံပြီးပြန်လာတဲ့ ကိုရင်လေးနှစ်ပါး ဓားပြတိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ဆွမ်းခံကြွပြီး ပြန်လာသည့် ကိုရင်လေးနှစ်ပါး ဓါးပြ တိုက်ခိုက်ခံလိုက်ရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က ဗန်းမောက်မြို့မှ ကျွဲကောကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဆွမ်းခံပြီး ပြန်ကြွလာသည့် ကိုရင်လေးနှစ်ပါး လူပြတ်သည့် လမ်းခုလပ်တစ်နေရာတွင် ဓားပြတိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဗန်းမောက်မြို့ပေါ်နေ ဒေသခံများက ပြောသည်။

ဓားပြတိုက်ခံရမှု ဖြစ်စဉ်ကို သိသော ဗန်းမောက်မြို့ဒေသခံတစ်ဦးက “မနေ့က ကျွဲကောကုန်းက ကိုရင်လေး နှစ်ပါး ဓားပြ အတိုက်ခံရတယ်တဲ့။ နှစ်လုံးပါ သွားတယ် ဖုန်း။ ဆွမ်းခံ ကြွတဲ့အချိန် ဆွမ်းခံပြီး ပြန်တဲ့အချိန် လူပြတ်တဲ့နေရာမှာ” ပြောသည်။

ကိုရင်လေးနှစ်ပါးကို ဓားပြလာတိုက်သည့် လူငယ်နှစ်ဦးမှာ အသက် (၁၇) နှစ်ဝန်းကျင် လူငယ်များ ဖြစ်ကြပြီး ၎င်းတို့လက်ထဲတွင် ပစ္စတိုသေနတ် တစ်လက်ပါရှိသည်ဟု ဆိုသည်။

အဆိုပါ လူငယ်နှစ်ဦးမှာ ကျွဲကောကြီးကျေးရွာက လူငယ်များ ဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း ရှမ်းနီအသံ အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဓားပြတိုက်ခံရသည့် ကိုရင်နှစ်ပါးအား နာကျင်အောင် တစ်စုံတစ်ရာ လုပ်ဆောင်သွားခြင်းမျိုးမရှိဘဲ ဖုန်းနှစ်လုံးကို ယူဆောင်သွားသည်ဟု ဆိုသသည်။

နောက်ထပ်ဗန်းမောက်မြို့ဒေသခံတစ်ဦးက “လူကိုတော့ မလုပ်သွားဘူး။ မလုပ်သွားဘူး။ နောက်တော့ သူတို့ကို ပြန်ကြိမ်းသွားတာက ငါတို့ ဆွမ်းစားချိန်ကြရင် ပြန်လာမယ်။ အဲ့ဒါပဲ ကြိမ်းသွားတယ် ပြန်မလာတော့ဘူး ထင် တယ်ကော” ဟု ပြောသည်။

လတ်တလော  ဗန်းမောက်မြို့ပေါ်တွင် ခိုးမှုများ၊ ဓားပြမှုများကို ကျူးလွန်နေသူ လူရှစ်ဦးခန့်ပါသည့် အုပ်စုတစ်စု က လှုပ်ရှားနေသည်ဟု ဒေသခံများက ပြောသည်။

ဗန်းမောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်း အင်းတော်-ဗန်းမောက် လမ်းပိုင်းတွင် ဓားပြမှု နှစ်ခုဖြစ်ပွားခဲ့ သည်ဟု ဒေသခံများ ဆိုသည်။

Most read this week

October 25, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးလက်ဒေသတွေမှာ ကျန်းမာရေးဆေးပေးခန်း...
October 24, 2024
ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခံရမှုကြောင့်...
October 21, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ  အခုလတွေအတွင်း မြို့ပေါ်ရပ်ကွက်တွေထဲ...
October 16, 2024
၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွေဟာ ယမန်နေ့ (အောက်တိုဘာ ၁၆ )က...