ပုလဲတိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာခဲ့လို့ လေကြောင်းအသုံးပြုတိုက်ခိုက်

ပုလဲတိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာခဲ့လို့ လေကြောင်းအသုံးပြုတိုက်ခိုက်
ပုလဲမြို့နယ်အတွင်းက စစ်ရှာင်ပြည်သူများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့
ပုလဲမြို့နယ်အတွင်းက စစ်ရှာင်ပြည်သူများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပုလဲကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တဲ့အတွက် လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့၊ နေ့လည် ၁၂ နာရီကျော်လောက်မှာ ပုလဲမြို့ပေါ်ကနေထွက်လာတဲ့ အင်အား ၈၀ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေ အကြား ပုလဲမြို့နယ်တောင်ဘက်ခြမ်း နွယ်ရှောက်ရွာ အနီး တစ်ဝှိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ပုလဲလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တာဝန်ရှိသူ တစ်ယောက် က ပြောပါတယ်။

“တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ခဲ့တာ နွယ်ရှောက်ရွာအရှေ့ဘက်မှာတိုက်ပွဲဖြစ်ခဲ့တာ။ စစ်ကောင်စီ တပ်က ပိတ်မိပြီဆိုတာသိသွားတဲ့အတွက် mi 35နဲ့ စုစုပေါင်းကြာချိန်၁နာရီကျော် လောက် ကြာတယ် ဝဲလိုက် ပစ်လိုက်နဲ့ပေါ့ သူတို့တပ်သားတွေ ဘေးလွတ်အောင်ရှင်းလင်းတဲ့သဘောပေါ့။ ကျဆုံးမှုကတော့ ခန့်မှန်းပဲ ပြော လို့ရမှာ ဒရုန်းနဲ့ကြည့်တဲ့ အနေအထားက သုံးယောက်လောက် ကျဆုံးနိုင်တယ်။ ဒဏ်ရာရတာတွေလည်း ရှိနိုင် တယ်။ တော်လှန်ရေး အင်အားစုဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသကာကွယ် ရေး တပ်ဖွဲ့တွေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကပဲ စတင်ဖွဲ့စည်းလိုက်တဲ့ BNRA စတဲ့ တော်လှန်ရေး အင်အားစု တွေက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

လေကြောင်း ပစ်ခတ်တိုက်ခိုက်မှု အပြီးမှာတော့ အဲ့ဒီစစ်ကောင်စီတပ်တွေဟာ နွယ်ရှောက်ကျေးရွာအတွင်း ညအိပ်တပ်စွဲခဲ့ကြပြီးတော့ အဲ့ဒီအနီးတစ်ဝှိုက်မှာ ရှိတဲ့ရွာပေါင်း ၄ ရွာလောက်က ဒေသခံတွေ ဘေးလွှတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ပုလဲလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကြောင်းက မြို့ပေါ်က စထွက်တာဆိုတော့ ယာယီစစ်ဘေးရှောင် လိုက်ရတာ ပိုများတာပေါ့။ တနေကုန် ရှောင်လိုက်ရတာပေါ့။ အခုချိန်ထိ ကိုယ့်ရွာကိုယ် မပြန်ရသေးတာက ၄ ရွာလောက်ရှိတယ်။ လူဦးရေကတော့ ၈ ထောင်လောက် ရှိတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ရွာသာ၊ လိန်ကုန်း၊ ကံကြီး၊ ညောင်ကုန်း၊ ဖိုကုန်း၊ မန်ကျည်းခွ၊ ကျွန်းဖိုကုန်း၊ ကံပေါက်၊ ဇောင်ဂျမ်းကုန်း၊ မြကုန်းစတဲ့ ရွာတွေက ဒေသခံတွေဟာ ယာယီသာစစ်ဘေးရှောင်ခဲ့ကြရပြီးတော့ လှော်ကား နွယ်ရှောက်၊ ကုက္ကိုကုန်းနဲ့ အင်ကြင်းစုရွာတွေကတော့ လက်ရှိအချိန်ထိ စစ်ဘေးရှောင်ကြရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်က ညောင်ကုန်းရွာနဲ့ ပိတောက်ကုန်း ရွာကို လေကြောင်းအသုံးပြုပြီးဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၁၂ ဦးသေဆုံးခဲ့ပြီးတော့ ၆ ဦးဒဏ်ရာ ရရှိခဲ့ ပါသေးတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကနေ ပြီးခဲ့တဲ့ ဩဂုတ်လအထိ စစ်ကိုင်းတိုင်းမှာ ဒေသခံ ၈ သိန်းနီးပါး ဘေးလွှတ် ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ သိရပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...