စစ်ခေါင်းဆောင် နှင့် သျှမ်းမြောက် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ တွေ့ဆုံ

စစ်ခေါင်းဆောင် နှင့် သျှမ်းမြောက် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ တွေ့ဆုံ
Photo - Credit (စစ်ခေါင်းဆောင် နှင့် ဌာနေပြည်သူ့စစ်များ တွေ့ဆုံစဥ်)
Photo - Credit (စစ်ခေါင်းဆောင် နှင့် ဌာနေပြည်သူ့စစ်များ တွေ့ဆုံစဥ်)

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သျှမ်းပြည် မြောက်ပိုင်းအတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ နှင့် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အရှေ့ မြောက်ပိုင်း စစ်ဌာနချုပ် ရွှေလီရတနာခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် သျှမ်းပြည်မြောက်ပိုင်းသည် အိမ်နီးချင်း တရုတ်နိုင်ငံ နှင့် ထိစပ်လျက်ရှိပြီး ပို့ကုန်၊ သွင်း ကုန်များကို နယ်စပ် ကုန်သွယ်ရေးမှ တစ်ဆင့် ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေး၊ စီးပွားရေး အရ အရေးကြီးသော ဒေသဖြစ်ကြောင်း၊ ဒေသတွင်း ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့ များများ တင်ပို့ နိုင်ရန်အတွက် ထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန် နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြည် သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များကို စစ်ခေါင်းဆောင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဆက်လက်ပြီး ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များသည် နိုင်ငံတော် လုံခြုံရေးအရ အင်အားဖြည့်ပေးနေသည့် အင် အားစု တစ်ရပ်ဖြစ်ပြီး၊ နယ်မြေ တည်ငြိမ်အေးချမ်းအောင် တာဝန်ထမ်းဆောင်နေသည့် အဖွဲ့များ ဖြစ်သည့် အတွက် လေးစား အသိအမှတ် ပြုကြောင်းလည်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင် နှင့် တွေ့ဆုံခဲ့သည့် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့များမှာ နမ့်ခမ်းမြို့မ ပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်းဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကျော့ ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း နှင့် ထင်ပါကျိုင်း ပြည်သူ့စစ် ခေါင်းဆောင် ဦးခင်မောင်လွင်တို့ ဖြစ်ကြသည်။

စစ်ခေါင်းဆောင် အနေဖြင့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့စစ်ဌာနတပ်ဖွဲ့ဝင်များကို ခေါ်တွေ့ဆုံခြင်းသည် အလွန် ပင် စိတ်ဝင်စားစရာဖြစ်ကြောင်း၊ ပြည်သူ့စစ်များသည် စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့အလျောက် ယခု လည်း ထိုပြည်သူ့စစ်တပ်ဖွဲ့များကို အသုံးချရန် အတွက် ခေါ်ယူခြင်းသာ ဖြစ်ကြောင်း မူဆယ်မြို့ ဒေသခံများက ပြောဆိုကြသည်။

မူဆယ်မြို့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ပြည်သူ့စစ်ဆိုတာ စစ်တပ်ရဲ့ လက်အောက်ကပဲလေ။ ဒီဒေသမှာ ပြည်သူ့စစ်တွေ ကောင်းလားဆိုးလားဆိုတာ လူတိုင်းသိတယ်။ စစ်တပ် အလိုကျနေတာ။ ပြည်သူတွေ ကောင်းကျိုး ပေးတဲ့အဖွဲ့မှ မဟုတ်ဘူး။ တရားဝင် လက်မှတ်ရ ရာဇာဝတ်ဂိုဏ်းတွေပါပဲ” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

သျှမ်းပြည် မြောက်ပိုင်းတွင် ကျင်လည် ကျက်စားနေသည့် ပြည်သူ့စစ် ဌာနေတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး ကို တရားဝင်ရောင်းချခြင်း၊ လောင်းကစားကို တရားဝင် ဖွင့်လှစ်ခြင်းတွင် ပါဝင်ပတ်သက်မှုများရှိ နေကြသည်။

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...