တော်လှန်တွင် အာဏာရှင် အမူအကျင့်များအား ပြတ်သားစွာ အရေးယူမည်ဟု NUG ယာယီသမ္မတပြော

တော်လှန်တွင် အာဏာရှင် အမူအကျင့်များအား ပြတ်သားစွာ အရေးယူမည်ဟု NUG ယာယီသမ္မတပြော

စစ်အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင် အမူအကျင့်များ ပေါ်ထွက်လာပါက ပြတ်ပြတ်သားသား အရေးယူ မည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

“တော်လှန်ရေးကဏ္ဍ အသီးသီးမှာ တာဝန်ထမ်း ဆောင်နေကြတဲ့ သူတွေကို အထူးသတိပေးလိုတာက စစ် အာ ဏာရှင်ကို ဆန့်ကျင်နေပါလျက်နဲ့ ကျနော်တို့ ကိုယ်တိုင်က စစ်အာဏာရှင်များရဲ့ အမူအကျင့်၊ အတွေးအခေါ်နဲ့ လုပ်ရက်တွေကို မလုပ်ဆောင်မိကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ စစ်အာဏာရှင်ရဲ့ အမူအကျင့်တွေ အတွေးအခေါ်တွေ ရှိလာရင်လည်း ခြေမ မကောင်းခြေမ၊ လက်မ မကောင်း လက်မ။ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အစိုးရဆိုသည်မှာ လူထုကို ဝန်ဆောင်မှုပေးရခြင်း ဖြစ်ပြီး လူထုအသံကို အမြဲမပြတ် နားထောင်နေရမည် ဖြစ် ကြောင်း၊ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများ စနစ်တကျရှိရန်လည်း အင်မတန်အရေးကြီးသည်ဟု ယာယီ သမ္မတက ပြောသည်။

“ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့( ပကဖ)နဲ့ တရားရေးမဏ္ဍိုင်များမှာ တာဝန်ယူ လုပ်ဆောင်နေကြတဲ့ ရဲဘော်များကို တိုက်တွန်းချင်တာက ရဲဘော်တို့အနေနဲ့ လူထုအသံကိုအနီးကပ်ဆုံး နား ထောင်ကြပါ။ ပြည်သူကို ဝန်ဆောင်မှု ပေးနေရတဲ့ အုပ်ချုပ်မှုယန္တရားကို အကောင်းဆုံး ဖြစ်အောင် ကြိုးစား ကြပါ။ ကျနော်တို့ဟာ ပြည်သူကိုဝန်ဆောင်မှု ပေးရတဲ့ ပြည်သူ့ဝန်ထမ်းများဖြစ်တယ်ဆိုတာကို အမြဲသတိချပ်ပြီး ပြည်သူများအပေါ် ဝန်ပိဝန်လေးစေမယ့် လုပ်ရက်တွေကို မလုပ်မိဖို့ ပြည်သူလူထုကို ထိခိုက်နစ်နာအောင် မလုပ် ကြဖို့ ကျနော်အထူး တိုက်တွန်းလိုပါတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီကို တော်လှန်ရာတွင် Change of commend တခုတည်းအောက်တွင် စုစည်းညီညွတ်စွာ ရှိရမည် ဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အနေဖြင့်လည်း စည်းကမ်းကျင့်ဝတ်များကိုလည်း လေးစားလိုက်နာရန် လိုအပ်ကြောင်း ယာယီသမ္မတက ပြောသည်။

“စစ်ကောင်စီကို တိုက်ထုတ်ဖို့ Change of commend တခုတည်းအောက်မှာ စုစည်းညီညွတ်စွာ ရှိကြပြီး တော် လှန်ရေး အောင်ပွဲပန်းတိုင်ကို အရယူကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

စစ်ရေးနှင့်ပတ်သက်ပြီး စစ်ဗိုလ်ချုပ်များ အလုံခြုံဆုံးဟု ယူဆကြသည့် နေပြည်တော်ကဲ့သို့ နေရာမျိုးမှာပင် ခြိမ်း ခြောက် လာနိုင်ပြီဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီကို စစ်ရေးသာမက နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများ တွင်လည်း တိုက်ခိုက်နေသည်ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူ့ခုခံတော်လှန်စစ် ရှင်သန်ရပ်တည်နိုင်ရေးမှာ မဟာမိတ် တိုင်းရင်းသားများ၏ ထောက်ကူမှုများကြောင့် ဖြစ်ပြီး အထူးကျေးဇူးတင်ကြောင်း ၎င်းက ဆက်ပြောသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “အောင်မြင်မှုတွေ ရယူနိုင်တာ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ စစ်ရေး၊ နိုင်ငံရေးအဖက်ဖက်ကနေ လက်တွဲ ကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံနဲ့ စွမ်းရည်များ ပံ့ပိုးကူညီမှု တွေက အင်မတန်အရေးကြီးတဲ့ ကဏ္ဍ မှာ ရှိပါတယ်။ ဒီကနေ့အချိန်မှာ အကြမ်းဖက် စစ်တပ်ကို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့တွေ မဟာဗျူဟာကျကျ ရင်ဆိုင် တိုက်ခိုက်နိုင်တာဟာ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ စစ် ရေးလေ့ကျင့်ပေးမှု၊ လက်နက် တပ်ဆင် ပေးမှုတွေ ကနေ ရရှိလာတဲ့ တန်ဖိုးတွေပဲ ဖြစ်ပါတယ်။ ဒီလိုခမ်းနား လှတဲ့ တန်ဖိုးတွေကို ကျနော်တို့ လေးနက်စွာ အသိအမှတ်ပြုပြီး အမြဲတမ်းဂုဏ်ယူနေမှာဖြစ်ပါတယ်” ဟု ပြော သည်။

တော်လှန်ရေးပန်းတိုင်မှာ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို အပြီးအပိုင် ဖျက်သိမ်းပြီး ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။

“ပန်းတိုင်ကို ရောက်ဖို့ ကျနော်တို့အားလုံး ကျောချင်းကပ်ပြီး အတူတကွ တိုက်ပွဲဝင်သွားကြဖို့ လေးနက်စွာ တိုက် တွန်းတောင်းဆို လိုပါတယ်” ဟု ၎င်းက ပြောသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...