ကော့ကရိတ်မြို့နယ်တွင် ဆန်‌ဈေးနှုန်းမြင့်တက်သည့်အပြင် ဝယ်ယူရန်လည်း အခက်ခဲများရှိနေ

ကော့ကရိတ်မြို့နယ်တွင် ဆန်‌ဈေးနှုန်းမြင့်တက်သည့်အပြင် ဝယ်ယူရန်လည်း အခက်ခဲများရှိနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဆန်ဈေးနှုန်းအဆမတန် မြင့်တက်သည့်အပြင် တိုက်ပွဲများကြောင့် ဒေသခံ ကျေးရွာသားများအနေဖြင့် ဆန်ဝယ်ယူရာတွင်လည်း အခက်ခဲများကြုံတွေ့နေရကြောင်း ကော့ကရိတ် ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲများကြောင့် လယ်ယာစပါးများ လုပ်ကိုင်ကြရန် ခက်ခဲလာသည့် အတွက် မြို့ပေါ်ဆန်များကို ဝယ်ယူရာတွင် စျေးနှုန်း အဆမတန် ပေးဝယ်နေရသလို ကျေးရွာများတွင်လည်း ဆန် ရောင်းချသူမရှိ သ‌လောက်နည်းပါးပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပွားသဖြင့် ဝယ်ယူရေးအတွက် အခက်အခဲ များရှိနေကြောင်း ဒေသခံများက ပြောသည်။

သာယာကုန်း‌ဒေသခံတစ်ဦးက “ရွာမှာလယ်လုပ်ကြတာက မိသားစုစားဖို့ပဲ လုပ်ကြတာများတယ်။ စပါး‌ပိုနေမှ ရောင်းကြတာ။ အခုခေတ်ကာလ မကောင်းတော့ သိပ်မရောင်းကြတော့ဘူ။ လယ်မလုပ်တဲ့သူတွေက ကော့ ကရိတ်က ဆန်ပဲ ဝယ်စားရတယ်။ တိုက်ပွဲလည်းဖြစ် မိုးတွင်းလမ်းလည်းမကောင်းတော့ ခက်ခက်ခဲခဲနဲ့လိုက် ရှာဝယ်ယူရတယ်” ဟု ကေအိုင်စီသို့ပြောသည်။

စစ်တပ်က အာဏာသိမ်းသည့် ၂ နှစ်ကျော် အတွင်းတွင် စားသောက်ကုန်ပစ္စည်းများ‌ ဈေးနှုန်း အသီးသီးမြင့် တက် လာသလို ကော့ကရိတ်ဒေသတွင် တိုက်ပွဲ မကြာခဏဆိုသလို ဖြစ်ပွားနေသောကြောင့် ဒေသခံ ကျေးရွာသားများ အနေဖြင့် အသက်မွေးဝမ်းကျောင်း ပြုရာတွင် ယခင်ကထက် ပိုမိုခက်ခဲလာကြောင်း ဒေသခံများ က ပြောသည်။

“အာဏာသိမ်းပြီးကတည်းက ကုန်ဈေးနှုန်းတွေအမြဲတက် ဈေးတက်လာတယ်။ ဆန်ဆိုလဲ တစ်တင်းခွဲ တစ် အိတ်ကို ၂သောင်းကျော်ကနေ ၇သောင်းကျော်ထိရှိလာတယ်။ တိုက်ပွဲကလည်းအမြဲဖြစ်တော့ အလုပ်အကိုင် လည်း လုပ်လို့မရဘူး။ အသက်မွေးဝမ်းကျောင်းရတာတော်တော်ခက်ခဲတယ်” ဟု ကော့ကရိတ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

ထို့အပြင် ကော့ကရိတ်ဒေသတွင် ဆန်များကို သယ်ယူရာတွင်လည်း စစ်ကောင်စီဘက်က ဆန်အိတ် ၂ အိတ် ထက် ပိုသယ်ခွင့်မပြုဘဲ ၂ အိတ်ထက် ပိုသယ်ယူသည်ကို တွေ့ရှိလျှင် အဆိုပါ ဆန်အိတ်များကို သိမ်းယူကြောင်း လည်း ဒေသခံများက ဆိုသည်။

အလားတူ ကော့ကရိတ်မြို့ နှင့် မြို့အနီး ကျေးရွာများတွင် နယ်မြေခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ် ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) တို့ အကြား တိုက်ပွဲများ အမြဲလိုလို ဖြစ်ပွားနေသလို စစ်ကောင်စီဘက်မှ မြို့အနီးရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပုံမှန်ပစ်ခတ်နေသောကြောင့် ဒေသခံအချို့မှာ လယ်လုပ်ကိုင် နိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာသို့ ယနေ့အချိန်ထိ တိမ်းရှောင်နေကြရ‌သည်။

ကော့ကရိတ်မြို့နယ်ရှိ ဒေသခံကျေးရွာသားအများစုသည် တစ်နိုင်တစ်ပိုင် လယ်လုပ်ကြသော်လည်း လုံလောက်မှု မရှိသောကြောင့် ကော့ကရိတ်မြို့မှ ဆန်များကို အဓိက မှီခိုဝယ်ယူစားသောက်ကြရသည်။

လတ်တလောတွင် တိုက်ပွဲများ အမြဲလိုလိုဖြစ်ပွားသည့်အပြင် စစ်ကောင်စီတပ်မှ မြို့အဝင်လမ်းများ ဖျက်ဆီး ခြင်း၊ ပိတ်ထားခြင်းနှင့် သွားလာသည့် ဒေသခံများကို စစ်ဆေး မေးမြန်းခြင်းတို့ကြောင့် ကော့ကရိတ်မြို့သို့ ‌ကုန် ပစ္စည်းသွား ရောက်ဝယ်ယူရန် စိုးရိမ်စိတ်ဖြင့် ‌သွားလာ‌နေရကြောင်းလည်း ဒေသခံများက ပြောသည်။

Most read this week

October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...