မြ၀တီခရိုင်ရဲရုံး တိုက်ခိုက်ခံရမှုအပြီး လက်ခတ်တောင်ကြောကို စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ်ဗုံးကြဲ

မြ၀တီခရိုင်ရဲရုံး တိုက်ခိုက်ခံရမှုအပြီး လက်ခတ်တောင်ကြောကို စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ်ဗုံးကြဲ
CJ (လေယာဉ်ဗုံးကြဲချိန် ကောင်းကင်အနေအထား)
CJ (လေယာဉ်ဗုံးကြဲချိန် ကောင်းကင်အနေအထား)

မြ၀တီခရိုင်ရဲရုံးကို ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအပြီး အုပ်ချုပ်ရေးဖက်၊ တပ်ဖက် အရာရှိများ အပါအဝင် ရဲတပ်ဖွဲ့ ဝင် အတော်များများ ထိခိုက်၊ သေဆုံးမှုရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်ခတ်တေင်ကြောဘက်ကို ဂျက်တိုက် လေယာဉ်ဖြင့် ၃ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

စက်တင်ဘာလ ၃ ရက်နေ့ ညဦးပိုင်းက မြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့တွင် စစ်ကောင်စီက လက်ခတ်တောင်ကြော ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

ဒေသတွင်း သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရ စက်တင်ဘာလ ၄ ရက်နေ့၊ မွန်းလွှဲ ၁ နာရီခွဲကျော် မိုးရွာ နေချိန်တွင် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လက်ခတ်တောင်ကြောဘက်ကို ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

“ကျနော နီးစပ်သူတွေနဲ့ မေးမြန်းကြည့်တာတော့ လေယာဉ်ဗုံးကြဲသွားတာက မေတ္တာလင်းမြိုင်နဲ့ နီးတယ်ပေါ့ နော်။ အဲဒီ တောင်ခြေဘက်ကို ကြဲသွားတာ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှု၊ ပျက်စီးမှု အခြေအနေများကို ကေအိုင်စီက ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

စက်တင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် ကားအစီး ၂၀ ခန့်ရှိသည့် စစ်ကောင်စီယာဉ်တန်းသည် ဖားအံမြို့မှ မြဝတီမြို့ဘက်သို့ တက်လာနေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဒေသခံ သတင်းအရင်းအမြစ်များ၏ ပြောပြ ချက်များအရ သိရသည်။

ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး၊ ဒူးပလာယာခရိုင်၊ သတင်းနှင့် ပြန်ကြားရေးမှ ပေးပို့သည့် သတင်း အချက်အလက်များအရ အွန်လိုင်းစာမျက်နှာတွင် မြဝတီမြို့၊ စစ်ကောင်စီလက်အောက်ခံ မြဝတီခရိုင်ရဲရုံးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (K.N.L.A) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် (၂)ကြိမ် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံတပ်မှ (၅)ဦး သေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိကြောင်း ကေအဲန်ယူ၏ အွန်လိုင်းစာမျက်နှာ၌ ဖော်ပြထားသည်။

Photo: CJ (လေယာဉ်ဗုံးကြဲချိန် ကောင်းကင်အနေအထား)

October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...