- မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေဆဲဖြစ်တာကြောင့် အခုတလော ဌာနချုပ်အနီးမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ KIO ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း မူဆယ် - နမ့်ခမ်းကြားရှိ စယ်လန့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့ကြားတိုက်ပွဲအတွင်း ကျေးရွာထဲ လက်နက်ကြီးကျရောက်တာကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
- ဖားကန့်လမ်းဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းချီတက်လာတိုင်း ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ပြုလုပ်နေတာဟာ နိုင်ငံတကာစစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးကို ဆိုးရွားစွာ ကျူးလွန်နေတယ်လို့ ကချင်အမျိုးသမီးအဖွဲ့အစည်း(KWAT)က ပြောပါတယ်။