စစ်တွေတွင် အဝေးသင် တက္ကသိုလ်ကျောင်းသားများ ဓားခုတ်ခံရပြီး ၄ ဦးကို ဆေးရုံတင်ထားရ

စစ်တွေတွင် အဝေးသင် တက္ကသိုလ်ကျောင်းသားများ ဓားခုတ်ခံရပြီး ၄ ဦးကို ဆေးရုံတင်ထားရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အဝေးသင်တက်ရောက်နေသည့် တက္ကသိုလ် ကျောင်းသား ၁ဝ ကျော်အား အမည်မသိလူတစ်စုက ညအချိန် ဓားဖြင့်ခုတ်မှုဖြစ်ပွားခဲ့၍ ၄ ဦး ဒဏ်ရာရရှိသွားသည်။

ဓားခုတ်ခံရသည့် ကျောင်းသားများမှာ ၁၁ ဦးဖြစ်ပြီး ၎င်းတို့ထဲက ကိုမောင်စိုးလွင်၊ ကိုကျော်နိုင်ဝင်း၊ ကိုကျော် ငြိမ်းစိုးနှင့် ကိုစိုးမင်းသူတို့ ၄ ဦးမှာ ဦးခေါင်း၊ ပခုံး၊ ကျောပြင်၊ ခါးနှင့် လက်တို့၌ ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံတင်ထားရသည်ဟု နီးစပ်သူများက ပြောသည်။

နီးစပ်သူ တစ်ဦးက “ဒဏ်ရာရရှိတဲ့ ကျောင်းသားတွေက ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်။ ဒဏ်ရာ တွေက များတယ်လို့ပြောတယ်။ ဘာကြောင့် ခုတ်ခံရလဲတော့ ကျွန်တော်လည်း မသိဘူး။ ကျောင်းသားတွေ ပြောတာကတော့ သူတို့နဲ့လည်း မသိကြဘူး။ ရန်ငြိုးတွေလည်း မရှိဘူးလို့ပြောတယ်” ဟု ပြောသည်။

ဓားခုတ်ခံရသည့် ကျောင်းသားများသည် နယ်ဘက်မှ ဖြစ်ကြသည်ဟု ဆိုသည်။

၎င်းတို့သည် ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့၊ ည ၁၀ နာရီကျော်က စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ရှိ BOS Bar တွင် မွေးနေ့ပွဲကျင်းပပြီး အဆောင်သို့ ပြန်ရာ၌ အမည်မသိလူတစ်စုက ကားဖြင့်ရောက်လာကာ ကားပေါ်မှ ဆင်းပြီး ဓားရှည်ဖြင့် ဝိုင်းခုတ်ခြင်းကို ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက “အဲ့ဒီကျောင်းသားတွေက မွေးနေ့ပွဲနဲ့ အရက်တွေလည်း သောက်ထားတော့ ပြန်ခုခံဖို့မရဘဲ အုပ်စုဖွဲ့ ဓားနဲ့ခုတ်တာခံရတယ်။ အနီးအနားကို အော်ဟစ် အကူအညီတောင်းလို့ လွတ်သွားကြတာလို့ပြောတယ်” ဟု ပြောသည်။

ဓားဖြင့် အုပ်စုဖွဲ့ခုတ်ခံရသည့်အတွက် ကျောင်းသားများက အနီးအနားရှိ ပတ်ဝန်းကျင်ကို အော်ဟစ် အကူညီ တောင်း၍ ဓားဖြင့်လာခုတ်သူများမှာ ကားပေါ်သို့ပြန်တက်ကာ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

ကျောင်းသားများအား ဓားဖြင့် အုပ်စုဖွဲ့ လာခုတ်သူများမှာ အသက် ၃ဝ ကျော်အရွယ်များ ဖြစ်ကြပြီး မျက်နှာ စိမ်း များ ဖြစ်ကာ စုစုပေါင်း လူ ၂၀ ကျော်ခန့်ရှိနိုင်သည်ဟု ဆိုသည်။

ဓားဖြင့် လာခုတ်သူများမှာ မည်သည့်အဖွဲ့က ဖြစ်သည်ကိုလည်း ကျောင်းသားများက မသိရှိခဲ့ဟု ဆိုကြသည်။

October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...