ကလေးမြို့တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်း မြင့်တက် ဝယ်ယူရန်ပင် ခက်ခဲ

ကလေးမြို့တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်း မြင့်တက် ဝယ်ယူရန်ပင် ခက်ခဲ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လမ်းပိုင်းအချို့ ပိတ်ထားမှုကြောင့် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီစျေး နှုန်းများ မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။

ကလေးမြို့နှင့် ပြည်မဘက်သို့ ဆက်သွယ်သည့် ကလေး-ဂန့်ဂေါကားလမ်း နှင့် မဟာမြိုင် ကားလမ်းများကို ပိတ်ထားမှုကြောင့် ယခုရက်ပိုင်းအတွင်း ကလေးမြို့ပေါ်တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီစျးနှုန်း မြင့်တက်နေပြီး ဝယ်ယူရန်ပင် ခက်ခဲနေသည်ဟု ဒေသခံများက ပြောသည်။

“အခုက ဓါတ်ဆီတွေဝယ်ဖို့ခက်တယ် မနေ့က ၂ နာရီလောက်မှာပေါ့ သွားဝယ်တာ ကျွန်မက တစ်ဂါလံရခဲ့တယ် ကျွန်မ ဝယ်လို့ပြီးရော ထပ်ရောက်လာကြတယ်။ အဲမှာ ဆိုင်က တစ်ယောက် ၅၀၀၀ ဖိုးပဲခွဲတန်းသဘောနဲ့ ပေး တယ်၊ ဒီနေ့ကျတော့ ရပ်ကွက်ထဲကသူတွေ သွားဝယ်မယ်ပေါ့ ဘာမှမရဘဲ ပြန်လာကြတယ် ပြီးတော့ တခြားဆိုင် သွားမေးကြည့်မယ်ဆိုပြီး ပြန်သွားရှာတယ် အဲလိုမျိုး။ ပြီးတော့ ဈေးနှုန်းကလည်း အရင်တပတ်ကထက် ၄၀၀၀ လောက်တက်တယ်” ဟု ကလေးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၁ ရက်နေ့တွင် ကလေးမြို့ပေါ်ရှိ ဓါတ်ဆီဆိုင်များတွင် ခွဲတန်းဖြင့်သာ ရောင်ချပေးနိုင်ခဲ့ပြီး ဩဂုတ် လ ၂၂ ရက်နေ့တွင်မူ ဝယ်ယူရန်ပင် မရနိုင်တော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်တစ်ပတ်က ဓါတ်ဆီ တစ်ဂါလံအား ကျပ် ၁၆၀၀၀ ဖြင့် လိုသလောက် ဝယ်ယူနိုင်ခဲ့သော်လည်း ယခု တွင် ဓါတ်ဆီ တစ်ဂါလံကို ၂၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရန်ပင် ခက်ခဲနေသည်ဟု ပြောသည်။

အလားတူ ဆန်၊ ဆီစသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းမှာလည်း အဆမတန် မြင့်တက်နေကြောင်း မြို့ခံများက ပြောသည်။

ဩဂုတ်လဆန်းပိုင်းတွင် အများစု စားသုံးသည့် ကနန်ဧရာမင်းကော်ချက် တစ်အိတ် ၈၇,၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ သော်လည်း ယခုတွင် ကျပ် ၁၂၀,၀၀၀ ကျော်ဖြင့် ဝယ်ယူနေကြရသည်။

ထို့အပြင် နေကြာဆီ- တစ်ပိဿာ ၁၃,၀၀၀ ကျပ်၊ ပဲဆီ တစ်ပိဿာ ၁၅,၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၅၀၀ ကျပ် ရှိနေသော်လည်း ဝယ်ယူရန်ပင် မရှိဘူးဟု မြို့ခံများက ပြောသည်။

အလားတူ ကြက်သား၊ ငါး၊ တစ်ပိဿာကို ကျပ် ၂၀,၀၀၀ ဝန်းကျင်၊ အမဲသား တစ်ပိဿာ ၂၂,၀၀၀ ကျပ်၊ ကြက် သွန်ဖြူ တစ်ပိဿာ ၁၀,၀၀၀ ကျပ် စသည်ဖြင့် ဈေးနှုန်းများ မြင့်တက်နေသည်။

ကလေးမြို့နယ်အတွင်း ကုန်ဈေးနှုန်းတက်ရခြင်းမှာ လမ်းပိုင်းအချို့ကို ပိတ်ထားမှုအပြင် ငွေကြေးဖောင်းပွမှု ကြောင့်လည်း ဖြစ်သည်ဟု အမျိုးသား ညီညွှတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ကလေးမြို့နယ် တာဝန်ခံ ဦးအောင်ဇော်ထွန်းက ပြောသည်။

ဦးအောင်ဇော်ထွန်းက “ကုန်ဈေးနှုန်းတက်ရတဲ့ အဓိက ရိုက်ခတ်မှုကတော့ ငွေကြေးဖောင်းပွမှုနဲ့ ၂၀၀၀၀ တန် ငွေ စက္ကူဂယက်ပေါ့နော် အဲဒါကြောင့်လည်း တစိတ်တပိုင်း ပါတယ်ဗျ။ အဲဒီလိုပဲ ဒီကလေးမြို့ပေါ်မှာလည်း ဒကစ မှူး အသစ်ရောက်တာနဲ့ ထိတွေ့တိုက်ပွဲ ပြင်းထန်တာရော ပါတယ်ဗျ” ဟု ပြောသည်။

ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ကလေးတောင်ဘက်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ဒေသကာကွယ် ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားကာ ဂန်ဂေါ-ကလေး လမ်းမ၊ မဟာမြိုင်လမ်းပိုင်းအား သွားလာ၍မရသည်မှာ တစ်လနီးပါးခန့်ကြာလာပြီ ဖြစ်သည်။

ထိုသို့ ကလေး-ဂန်ဂေါလမ်းပိုင်းအား ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသောကြောင့် ကလေးမြို့သို့ ကုန်စည် စီး ဆင်းနိုင်အောင် ဂန့်ဂေါ-ဟားခါး-ကလေး လမ်းပိုင်းအား လက်ရှိတွင် အားထားအသုံးပြုနေရကြောင်း ဒေသခံ များက ပြောသည်။

Most read this week

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...