ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ၅နှစ်အောက် ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု များနေ

ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ၅နှစ်အောက် ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု များနေ

ထိုင်းနိုင်ငံထဲကို ခိုလှုံဝင်ရောက်လာပြီး ထိုင်းအာဏာပိုင်များက ယာယီလက်ခံပေးထားသည့် ဒေါနိုးကူးစစ်ရှောင် စခန်းက ၅ နှစ်အောက် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များနေကြသည်။

ဒေါနိုးကူး စစ်ရှောင်စခန်း ဆေးပေးခန်းတွင် တာဝန်ကျနေသူ ဆရာမတစ်ဦးက “အများအားဖြင့် ၅ နှစ်အောက် ကလေးတွေ အဖြစ်များတယ်ပေါ့နော်။ ဒီဝမ်းပျက်ဝမ်းလျှောနဲ့ ပတ်သက်ပြီးတော့ ဘာလို့ဖြစ်ပွားတာလဲဆိုတော့ မသန့်ရှင်းသော အစားအစာ ပြီးတော့ ရေကြောင့်ပေါ့နော်၊ ကျမတို့ဒီမှာနေတာက ကျမတို့ကိုယ်တိုင်ချက်ပြုတ် လို့ မရဘူးပေါ့။ အများနဲ့ချက်ပြုတ်တဲ့ခါကျတော့ တစ်ခါတစ်လေကျရင် ထမင်းတွေက သိုးသွားတာတွေ ရှိတယ် ပေါ့နော်။ အဲ့ဒါတွေကြောင့် အဖြစ်များတာလဲ ပါတယ်” ဟု ပြောသည်။

လူဦးရေ ၃၈၈၆ ဦး ရှိသည့် အဆိုပါ စစ်ရှောင်စခန်းတွင် တစ်ကိုယ်သန့်ရှင်းရေး အတွက် ရေမလုံလောက်သည့် အပြင် အိမ်သာတက်ပြီး ရေလောင်းရန်အတွက် ရေအလုံအလောက်မရှိဘူးဟု စခန်းအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နော်မူသောက ပြောသည်။

“အခုလောလောဆယ်တော့ လူကလဲ များတဲ့ ခါကျတော့ ဒီရေပြဿနာ ရေက မလုံမလောက်ဖြစ်နေတယ် ပြီးခဲ့ တဲ့ တစ်ရက်နှစ်ရက်ပေါ့နော် ရေတွေငတ်တယ်ပေါ့နော်။ ပြီးတော့မှ သောက်ရေပဲဖြစ်ဖြစ်ပေါ့နော် ရေသန့်စက် တော့ လုပ်ထားပေးတယ်။ ဒါပေမယ့် ရေတော့ မလာတော့ဘူး။ ဘယ်လိုမှ အဆင်မပြေဘူးပေါ့နော်။ ဘာကြောင့် လဲ ဆိုတော့ သူတို့လည်း လူများတဲ့ခါကျတော့လဲ ရေတွေ အခက်ခဲကျတော့ ကျမတို့ ဘယ်လိုမှ မဖြေရှင်း နိုင်ဘူး ပေါ့နော်” ဟု ပြောသည်။

အဆိုပါစစ်ရှောင်စခန်းတွင် ရပ်ကွက် ၇ ရပ်ကွက်ရှိပြီး ထမင်း၊ ဟင်း ချက်ပြုတ်စားသောက်သည့် စားဖိုဆောင် တစ်ခုတည်းသာရှိနေသလို၊ ရေအရင်းအမြစ်ရှားပါးပြီး အိမ်သာကိုလည်း စုပြီးသုံးကြရသည်ဟု စစ်ရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

ထိုင်းနိုင်ငံထဲကို ရောက်ရှိလာသည်မှာ ၁လကျော်ရှိနေပြီ ဖြစ်ပြီး လက်ရှိတွင် စခန်းထဲက သက်ကြီးရွယ်အိုများနှင့် ကလေးငယ် ၆၀ ကျော်က ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြပြီး ဆေးဝါးများလည်း အကူအညီလိုအပ်သည်ဟု ဆိုကြသည်။

October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...
October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...
October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...
October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...