SSPP နှင့် စစ်ကောင်စီ အပြိုင် စစ်အင်အားဖြည့်၊ မိုင်းကိုင်မြို့ထိ တိုက်ပွဲဖြစ်ပွားလာနိုင်

SSPP နှင့် စစ်ကောင်စီ အပြိုင် စစ်အင်အားဖြည့်၊ မိုင်းကိုင်မြို့ထိ တိုက်ပွဲဖြစ်ပွားလာနိုင်
မိုင်းကိုင်မြို့တွင်းတစ်နေရာ
မိုင်းကိုင်မြို့တွင်းတစ်နေရာ

သျှမ်းပြည်နယ်၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းမှုကြောင့် မိုင်းကိုင်မြို့ထိပါ တိုက်ပွဲ ဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၇ ရက်နေ့ လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီဖက်မှ ပြည်သူ့စစ် တပ်သားခေါ်ယူပြီး စစ်အင်အား ဖြည့်တင်းနေပြီး၊ SSPP ဘက်ကလည်း စစ်အင် အား ဖြည့်တင်းနေကြောင်း မိုင်းကိုင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“အခုလည်း နှစ်ဘက်တပ်ဖွဲ့ စစ်ရေးတင်းမာနေတုန်းပဲ။ လဲချားမြို့နယ်ထဲကို စစ်အင်အား ဖြည့်နေတုန်းပါ။ သီပေါ ဖက်မှာလည်း စစ်ကောင်စီတွေ အင်အားဖြည့်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်။ အဲ့ကြောင့် သူတို့ စစ်ရေးအရ ညမ ထွက်ရ အမိန့်ထုတ်တာ။ မိုင်းကိုင် နဲ့ လဲချားမြို့ကတော့ တမြို့လုံးပဲ ညမထွက်ဖို့ တားမြစ်ထားတယ်“ ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ထုတ်ပြန်သည့် ညမထွက်ရ အမိန့်ထဲတွင် ည ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ဖို့ တားမြစ်ထား ကြောင်း ဒေသခံများက ဆိုသည်။

နှစ်ဖက်တပ်ဖွဲ့ အပြိုင်အဆိုင် ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းကြောင့် တစ်နေ့လုပ်တစ်နေ့စား  ပြည်သူများ အတွက် အခက်အခဲ ဖြစ်နေကြောင်း မိုင်းကိုင်ဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

“သူတို့  ရွာထဲကိုဝင်လာကတည်းက ကုန်သွယ်ရေး၊ အရောင်းအဝယ်တွေ ဘယ်လိုမှ အဆင်မပြေဘူး။ အဲ့ကစပြီး ကျနော်တို့လည်း ကိုယ့်ကိုယ်လုံခြုံမှုမရှိတော့သလို ခံစားရတယ်။ အသွားအလာ စိတ်မချရဘူး။ အဲ့ခုက ပိုဆိုး တာပေါ့။ ဒီလိုထပ်လုပ်လိုက်တော့ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ အခြေခံ အလုပ်သမားတွေ၊ နေ့စား အလုပ် သမားတွေအတွက် ခက်ခဲတာပေါ့“ ဟု ပြောသည်။

အလားတူ တိုက်ပွဲဖြစ်ပွားခဲ့သည့် လဲချားမြို့နယ်အတွင်း ပြည်သူများကလည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထား ခြင်းကြောင့် အချိန်မတော် အရေးကြီး ကိစ္စများ သွားလာရပါက ပစ်ခတ်ခံရမည်ကို စိုးရိမ်နေကြကြောင်း၊ လုံခြုံ ရေးအတွက် စိတ်ပူနေရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့က အရမ်းစိတ်ပူရတယ်။ ပြည်သူတွေအတွက် လုံခြုံရေးဆိုတာ မရှိဘူး။ အချိန်အခါ မတော် အလုပ် လေး ရှိလို့သွားရင် သူတို့ အမြင်မတော်လို့ ပစ်ရင်ပစ်လိမ့်မယ်။ ဟိုဖက်က ပစ်တာလား၊ ဒီဖက်က ပစ်တာလား ဘယ်တပ်ဖွဲ့မှန်း ကိုယ်ကလည်း မသိဘူး။ စိတ်ပူရတဲ့ အပိုင်းတွေ အများကြီးရှိတာပေါ့။“

လဲချားမြို့ နှင့် မိုင်းကိုင်မြို့ အကွာအဝေးသည် ကားဖြင့်သွားလာရပါက တစ်နာရီခန့်သာ ကြာမြင့်သည်။

ထို့အပြင် လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အား တိုးချဲ့ရန်အတွက် ပြည်သူ့စစ်တပ်ဖွဲ့ တစ်ဖွဲ့လျှင် တပ်သား ၁၀၀ ပါဝင်ပေးရန်လည်း တောင်းယူခဲ့ပြီး စစ်ရေးအတူ လှုပ်ရှားနေလျက်ရှိ ကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

ပုံ - မိုင်းကိုင်မြို့တွင်းတစ်နေရာ

October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...
October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...
October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...