ဖလမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦးသေ၊ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

ဖလမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦးသေ၊ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

ချင်းပြည်နယ် ဖလမ်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော် CNA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့ သည်။

ဩဂုတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်း ၁ နာရီမှ ၂ နာရီခွဲအချိန်ထိ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်း ကို ချင်းအမျိုးသားတပ်မတော် (CNA/ CNF) နှင့် CDF-KKG ပူးပေါင်းတပ်ဖွဲ့တို့က အလစ်ငိုက် ၀င်ရောက် တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်းက “ဒီမနက် ၁ နာရီ ကနေ ၂နာရီခွဲ လောက်အထိ ဖြစ်တယ်။ CNA/CNF က သွားပစ်တာပါ၊၊ ကျနော်တို့ကိုလည်း အကြောင်းတစ်စုံတစ်ရာ မကြားတော့ ကျနော်တို့ဘက် ကလည်း ဘာမှမသိရသေးဘူး။ KKG တစ်ယောက် ကျသွားတယ်လို့ ကြားပါ တယ်” ဟု ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ MA3 ၄ လက်၊ ၆၀-မမ ၃လက်၊ စက်သေနတ် ၂ လက်၊ RPG လောင်ချာ ၂ ခုနှင့် ပွိုင့်-၅ စက်သေနတ်ကျည်ဆံများကို သိမ်းဆည်းရမိခဲ့ ကြသည်။ ထိုတိုက်ပွဲအတွင်း CDF-KKG တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းကို ချင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင် စီက လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ရာမှာ အမျိုးသမီးနှင့် ကလေးငယ် အပါအဝင် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများမှာ ဖလမ်းမြို့နယ် ရမ်ထလိုနှင့် ဆွန်တလာကျေးရွာက အရပ်သားများ ဖြစ်ကြသည်။

စစ်ကောင်စီသည် ခလရ (၂၆၈) တပ်ရင်းထဲမှ ၁၂၀ မမ၊ ၈၀ မမ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ကျေးရွာများ ဘက်သို့ အများအပြား ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဆွန်တလာကျေးရွာအတွင်း ကျရောက်ပြီး ကလေးငယ်တစ်ဦး အပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒဏ်ရာရရှိသူ (၃) ဦးအနက် အသက် ၁၀ နှစ်အရွယ် အမျိုးသမီး ကငယ်လေးတစ်ဦးမှာ ဦးခေါင်းထိဒဏ်ရာ၊ အသက် ၁၈ နှစ်အရွယ် သားဖြစ်သူမှာ ကျောပြင်ထိခိုက်ဒဏ်ရာနှင့် အသက် ၄၀ အရွယ် မိခင်မှာ ခြေထောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သည်ဟု CNDF မှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

ဩဂုတ်လ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်ကလည်း ဖလမ်းမြို့နယ်၊ ဖလမ်း- ဟားခါးကားလမ်မပေါ်ရှိ ရမ်ထလိုကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ခြင်း ဖြစ်သည်။ ရမ်ထလိုကျေးရွာမှ ဘုရားကျောင်း အပါအဝင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

ဩဂုတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်း ၁ နာရီမှ ၂ နာရီခွဲ အချိန်ခန့်ထိ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ ခလရ (၂၆၈) တပ် ရင်းကို ချင်းအမျိုးသားတပ်မတော် (CNA/CNF) ဦးဆောင်သည့် ချင်းမဟာမိတ်အဖွဲ့က သွားရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...