လဲချားမြို့နယ် SSPP နှင့် တိုက်ရန် ပြည်သူ့စစ်များကို စစ်ကောင်စီ ခေါ်ယူ

လဲချားမြို့နယ် SSPP နှင့် တိုက်ရန် ပြည်သူ့စစ်များကို စစ်ကောင်စီ ခေါ်ယူ

သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်အင်အား ဆက်တိုက် တိုးချဲ့နေသည့်အပြင် ပြည်သူ့ စစ်တပ်ဖွဲ့ တစ်ဖွဲ့လျှင် တပ်သား ၁၀၀ ပါဝင်ပေးရန်လည်း တောင်းယူနေကြောင်း နီးစပ်သူများက ပြောသည်။

စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ တိုက်ပွဲဖြစ်ပွားပြီး လဲချားမြို့ နယ်အတွင်း စစ်ရေးတင်းမာနေသည့်အပြင် ဒေသတွင်း ပြည်သူ့စစ်များကို တပ်ဖွဲ့ တဖွဲ့လျှင် အင်အား ၁၀၀ ဖြင့် ပါဝင်ပေးရန် တောင်းခံခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြော သည်။

“အခု လောလောဆယ်တော့ ပြည်သူ့စစ်ဘက်က အင်အား ၃၀၀ ကျော်ရှိပြီလို့ သိရတယ်။  PNO၊ SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်း ပြည်သူ့စစ် ပါတယ်။ နောက်ပြီး နားရိုင်းပြည်သူ့စစ်တွေ ကောပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ တစ်ခုကို အင်အား ၁၀၀ ပါဖို့ တောင်းထားတယ်လို့တော့ ကြားတယ်“ ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ဦး ကဆိုသည်။

လက်ရှိမှာ စစ်ကောင်စီတပ်အတွက် လဲချားမြို့နယ်အတွင်း နယ်မြေတိုးချဲ့မှု လုပ်ဆောင်ရန်အတွက် ပါဝင်လာ သည့် ပြည်သူ့စစ်တပ်ဖွဲ့သည် PNO အပါအဝင် SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်း ပြည်သူ့စစ် နှင့် နားရိုင်း ပြည်သူ့စစ်အဖွဲ့များ ဖြစ်ကြသည်။

ယခင် လဲချားမြို့ အဝင် နှင့် အထွက်ရှိ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ မဟုတ်သည့် ပြည်သူ့ စစ် တပ်ဖွဲ့တပ်သားများ လုံခြုံရေးအတွက် စောင့်ဆိုင်းနေလျက်ရှိကြောင်း လဲချားမြို့ဒေသခံတစ်ဦးက ထပ် လောင်းပြောသည်။

“မနေ့က ထပ်ကြားတာ မြို့အဝင်၊ အထွက် လမ်းမကြီးမှာ သဲကျောက်တွေ ခင်းထားလို့ ကားတွေ ဖြတ်သန်းသွား တာ မရတော့ဘူးလို့ ပြောတယ်။ နောက်ပြီး ဂိတ်တွေမှာလည်း အရင်တုန်းက ပြည်သူ့စစ်တွေ စောင့်နေတာ ရှိ တယ်လေ။ ဒါက စစ်ရေးအရဆိုတော့ မပြောတတ်ဘူး“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

လဲချားမြို့နယ်အတွင်း တိုက်ပွဲသည် ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့တွင် SSPP/SSA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့သည်။

လက်ရှိတွင်လည်း နှစ်ဘက်တပ်ဖွဲ့ကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ပြန်လည်ဖြစ်လာမည်ကို ပြည်သူများ က စိုးရိမ်နေကြသည်။

Most read this week

October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...
October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...
October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...