ကချင်ပြည်နယ်က အကျဥ်းကျနေသူများ၏ မိသားစုဝင်များ နည်းလမ်းပေါင်းစုံဖြင့် ငွေးကြေးလိမ်လည်ခံနေရ

ကချင်ပြည်နယ်က အကျဥ်းကျနေသူများ၏ မိသားစုဝင်များ နည်းလမ်းပေါင်းစုံဖြင့် ငွေးကြေးလိမ်လည်ခံနေရ
Photo – (Credit) မြစ်ကြီးနားအကျဉ်းထောင်ကို တွေ့ရစဉ်
Photo – (Credit) မြစ်ကြီးနားအကျဉ်းထောင်ကို တွေ့ရစဉ်

ကချင်ပြည်နယ်အတွင်းရှိ အကျဥ်းကျနေသူများ၏ မိသားစုဝင်များသည် နည်းလမ်းပေါင်းစုံဖြင့် ငွေးကြေး လိမ် လည်ခံနေရသည်ဟု နီးစပ်သူများက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် အကျဥ်းချခံထားရသည့် မိသားစုဝင်များကို ငွေကြေးလိမ်လည်သည့် အစုအဖွဲ့များ က ဖုန်းမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားကာ ကျန်းမာရေးအရ သော်လည်းကောင်း၊ ထောင်ကထွက်ရ တော့မည်ဟု ဆိုကာလည်းကောင်း ငွေကြိုတင်လွဲခိုင်းပြီး လိမ်လည်ခံနေကြရခြင်း ဖြစ်သည်။

အကျဥ်းကျနေသူများကို မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ်နေ့များတွင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးခြင်းတို့ကို အကြောင်းပြုပြီး လွတ်ငြိမ်းမှာပါလာရန်အတွက် လုပ်ဆောင်ပေးမည်ဟု ပြောဆိုကာ ကြိုတင် ငွေလွှဲခိုင်းပြီး လိမ်လည်နေခြင်းများ ရှိသည်ဟု ဆိုကြသည်။

လိမ်လည်မှုဖြစ်စဉ်ကိုသိသည့် ဝိုင်းမော်မြို့နယ်က ဒေသခံတစ်ဦးက “ဦးတို့ရွာမှာက မူးယစ်ဆေးဝါးနဲ့ အဖမ်းခံရ တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ သူနဲ့တွဲတဲ့ အမှုတွဲကလည်း ထွက်ခဲ့ပြီ။ သူ့ကိုကျတော့ ပိုက်ဆံ ခြောက် သိန်းလာပို့ ထွက်ရတော့မှာပေါ့နော်။ အဲ့လိုဆိုတော့ ပိုက်ဆံသွား ပေးတာ ပိုက်ဆံသွားပေးတဲ့ အခါကျတော့ အဲ့ဒီ ကောင်တွေက လူလိမ်မှန်းဖြစ်တယ်။ အခုထက်ထိ မထွက်ရသေးဘူး။ အဲ့ဒီကောင်မလေးက” ဟု ပြောသည်။

အထက်ပါ မိန်းကလေးနှင့် အတူ အကျဥ်းကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ အမျိုးသားတစ်ဦး၏  မိသား စုဝင်ကိုလည်း ငွေကြေး လိမ်လည် တောင်းခံမှု ပြုလုပ်ခဲ့သော်လည်း မိသားစုဝင်များက လိမ်လည်ခံရမှာ စိုးရိမ် သည့်အတွက် တောင်းလာသည့်ငွေကို မပေးခဲ့ဘူးဟု အဆိုပါ သတင်းအရင်းအမြစ်၏ ပြောပြချက်အရ သိရှိ သည်။

ယခုရက်ပိုင်းတွင်လည်း မြစ်ကြီးနား အကျဉ်းထောင်ထဲ အကျဉ်းကျနေသူတစ်ဦးသည် ကျန်းမာရေး မကောင်း၍ ဆေးရုံတင်ထားရကြောင်း မိုးကောင်းမြို့နယ် ပြွန်သုံးလုံးကျေးရွာတွင် နေထိုင်သည့် မိသားစုဝင်များဆီကို  ထောင်အရာရှိဟု ပြောဆို ဆက်သွယ်လာပြီး ဆေးဖိုးစရိတ်ငွေကြေး အမြောက်အများ တောင်းခံမှု တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

မိသားစုဝင်များက ဆေးဖိုးစရိတ်ငွေလွှဲပြီး မြစ်ကြီးနားဆေးရုံကို လိုက်သွားသော်လည်း မြစ်ကြီးနားဆေးရုံတွင် အကျဉ်းကျနေသူ ရောက်လာခြင်းမရှိပဲ ဖုန်းဆက်ငွေကြေးတောင်းခံ လိမ်လည်ပြီး ငွေတောင်းခံခဲ့ခြင်းသာ ဖြစ် သည်ဟု ဖြစ်စဉ်ကို သိသူ မိုးကောင်းဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ အကျဥ်းကျနေသူများ၏ မိသားစုဝင်များကို ငွေကြေးလိမ်လည် တောင်းခံခြင်းသည် ထောင်ဝန်ထမ်း များနှင့် နီးစပ်သူများ ဖြစ်နိုင်သလို အပြင်လူများလည်း ဖြစ်နိုင်သည်ဟု ဝိုင်းမော်ဒေသခံ တစ်ဦးက မှတ်ချက်ပြု သည်။

“တချို့တော့ ထောင်ဝန်ထမ်းနဲ့ နီးတဲ့သူ ဖြစ်ချင်ဖြစ်၊ တချို့ကျတော့လည်း အဲ့ဒါ အပြင်က လူလိမ်တွေလည်း ဖြစ် ချင် ဖြစ်နိုင်တယ်။ နှစ်မျိုးစလုံး ဖြစ်နိုင်တာပေါ့။”

မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော် စသည့် မြို့နယ်များ အကျဉ်းကျနေသည့် မိသားစုများကို ငွေကြေးတောင်းခံ မှု များ မကြာခဏဖြစ်ပွားနေပြီး လိမ်လည်ခံရသူ အများအပြား ရှိနိုင်သော်လည်း မီဒီယာများထံ ပြန်ပြောပြနိုင်ဖို့ လုံခြုံရေး အခက်အခဲ၊ ဆက်သွယ်ရေး အခက်အခဲ များစွာရှိနေသည်ဟု ဆိုကြသည်။

November 23, 2024
မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေတဆင့် အိန္ဒိယနိုင်ငံအထိ ...
November 22, 2024
ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်း( Purchase Order – PO)ကို  မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ...
November 20, 2024
တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာမြင့်လာချိန် ပင်လည်ဘူးမြို့နယ်က ကလေးငယ်တွေဟာ ကျောင်းပညာရေးကို...
November 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလက်နက်ကိုင်တပ်ဖွဲ့  PSLF/TNLA...