မယ်စဲမြို့နယ်အတွင်း တိုက်ပွဲမှာ တပ်ပေါင်းစုမှ နှစ်ဦးကျဆုံး၊ ငါးဦးဒဏ်ရာရ

မယ်စဲမြို့နယ်အတွင်း တိုက်ပွဲမှာ တပ်ပေါင်းစုမှ နှစ်ဦးကျဆုံး၊ ငါးဦးဒဏ်ရာရ

ကယား (ကရင်နီ) ပြည်၊ မယ်စဲမြို့နယ်၊ ကျောက်စုကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တော်လှန်ရေး တပ်ပေါင်းစု များနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားထဲ တော်လှန်တပ်ပေါင်းစုဘက်က ၂ ဦးကျဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဩဂုတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲထဲ ကျဆုံး ထိခိုက်သွားသူများမှာ တော်လှန်ရေး တပ်ပေါင်းစုထဲ က ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်များ ဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း တပ်ပေါင်းစုဘက်က စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ပြီး ဩဂုတ်လ ၆ ရက်နေ့တွင် နယ်မြေရှင်းလင်းရေးလုပ်ဖို့ သွားချိန်မှ သေဆုံးနေသည့် အလောင်းများကို စစ်ကောင် စီတပ်က လာရောက်ရှင်းလင်းသွားကြောင်းကို သိခဲ့ရသည်ဟု ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောသည်။

“လက်နက်ခဲယမ်းတွေ သိမ်းရတာပေါ့။ သိမ်းရတော့ နောက်တစ်ရက် သွားရှင်းတော့ အလောင်းတွေ မတွေ့တော့ ဘူး။ အကုန်လုံး ပြန်သယ်ပြီ။ ရန်သူကတော့ ခမရ ၅၀၈ နဲ့ ၅၁၂ ပေါ့။ အဲ့ဒါက တပ်မ ၅၅ လက်အောက်ခံ တပ် ရင်းတွေ။ သူတို့ အမှတ်တံဆိပ်တွေ ရထားတော့ သိတယ်လေနော။ KA ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိ ဘူး။ ဒါပေမယ့် ကလလတ က နှစ်ယောက်ကျတယ်။ ငါးယောက် ဒဏ်ရာရတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး။ အဲ့ဒါတော့ မှန်ပါတယ်” ဟု ဗိုလ်မှုးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောသည်။

တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် စသည့် တပ်ပေါင်း စုတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ပြုလုပ်ခဲ့သည်ဟု တပ်ပေါင်းစုများ ဘက်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် အဆမတန် ပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေးတပ်ပေါင်းစု ဘက်မှ နောက်ဆုတ်ခဲ့ရသော်လည်း လက်ရှိတွင် အဆိုပါ နေရာပြန်လည်ရရှိရေး ကြိုးစားနေသည်ဟု ဖားဆောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲကတော့ ဖြစ်နေတယ်။ အသေး စိတ်တော့ မသိရသေးဘူး။ ဒါပေမယ့် တပ်ပေါင်းစုမှာ ကလလတ နယ် ခြားက ကျတယ်လို့လည်း သိရတယ်။ လေယာဉ်ခြောက်ကြိမ်လောက် လာကြဲသွားတာပေါ့။ ကျနော်တို့တွေ နေရာနည်းနည်းတော့ ဆုတ်ပေးလိုက်ရ တယ်ပေါ့နော။ ဒါပေမယ့် တောက်လျှောက်တော့ ကာ ထားတယ်ပေါ့။ အဲ့ဒါတွေကတော့ ရှိတယ်။ သူတို့ကတော့ အလုံးအရင်းနဲ့ လေယာဉ်နဲ့ဘဲ တနေကုန်ဝဲပြီးတော့မှ ခြောက်ကြိမ် လောက် ကြဲသွားတဲ့ အနေအထားမှာ ရှိတာ ပေါ့။ လေယာဉ်နဲ့ကြဲတာတော့ ကျနော်တို့ဘက်က ထိခိုက်မှု မရှိဘူး။ တခြား လက်နက်ကြီး ပစ်တဲ့အချိန်မှာ ထိ ခိုက်မှု အနည်းငယ်ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လေကြောင်းရော မြေပြင်ရှိ ဘောလခဲမြို့နယ် ဗျုဟာတပ်ကနေပါ အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြော သည်။

ယခုဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ) တာဝန်ရှိသူကို ကန္တာရဝတီတိုင်း(မ်) မှ ကြိုးစား ဆက်သွယ်နေသော်လည်း ဖုန်းစက်ပိတ် ထားခြင်းကြောင့် အဆက်အသွယ် မရရှိသေးပေ။

ဓါတ်ပုံ - ဩဂုတ်လ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...
October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...
October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...