စခန်းသိမ်းခံလိုက်ရသည့် ကသိုဏ်းတောင်ဘက်ကို စစ်တပ်က လေကြောင်းသုံး ဗုံးကြဲ၊ ပြည်သူများ ပိတ်မိနေ

စခန်းသိမ်းခံလိုက်ရသည့် ကသိုဏ်းတောင်ဘက်ကို စစ်တပ်က လေကြောင်းသုံး ဗုံးကြဲ၊ ပြည်သူများ ပိတ်မိနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မော်ကျေးရွာအနီးက ကသိုဏ်းတောင်စခန်း သိမ်းပိုက်ခံရပြီနောက် စစ်တပ် က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၆၀၀ နီးပါးခန့်လည်း ပိတ်မိနေသည်ဟု ဒေသခံများက ပြော သည်။

ဩဂုတ်လ ၈ ရက်နေ့၊ နံနက်က စခန်းသိမ်းခံလိုက်ရသည့် ကသိုဏ်းတောင်ဘက်ကို စစ်ကောင်စီတပ်က ထိုနေ့ ညနေ ၃ နာရီကျော် အချိန်ခန့်က စပြီး ဂျက်ဖိုက်တာတစ်စီးက ဗုံး ၄  လုံးကြဲသွားကြောင်း ဖားကန့်ဒေသရှိ KIA နှင့် နီးစပ်သည့် တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီကနေ့ သုံးနာရီကနေကြဲ နေတာ တစီးပဲလာတယ်။ အဲ့အနားတစ်ဝိုက် ၄လုံး၊ ၅ လုံးလောက် ချသွားတယ်။ ဘာ လို့ ကသိုဏ်းတောင်ကို ပြန်လာကြဲလဲဆိုတော့ မနေ့က စခန်းသိမ်းတိုက်ပွဲမှာ စကစဘက်က ဒဏ်ရာနဲ့ ထွက်ပြေး သွားတဲ့သူတွေ အများကြီး။ အဲ့ဘက် တောထဲပိတ်မိနေတယ်တဲ့။ သူတို့ကို ပိတ်မိနေလို့ လာပြီး ကာပစ်ပေးတဲ့ သဘောဖြစ်မယ်။”

ဖားကန့်ဒေသ ကသိုဏ်းတောင်ဘက် လေကြောင်းတိုက်ခိုက်မှုအပြင် စစ်တပ်နှင့် KIA အကြား စစ်ရေးတင်းမာ နေသောကြောင့် ဒေသခံပြည်သူ ၆၀၀ ကျော် ထွက်မရဘဲ ပိတ်မိနေသည်ဟု  ကသိုဏ်းဘုရားတောင်ကျေးရွာ ရှိ ဒေသခံများက ပြောသည်။

ကသိုဏ်းဘုရားတောင်ရွာက ဒေသခံတစ်ဦးက “ဘယ်လိုမှ ထွက်လို့မရဘူး။ KIA ဘက်က စစ်သားတွေက လေ ယာဉ်လာရင် တောင်အောက်ဘက် မဟုတ်ရင် တောစပ်ဘက် သွားပုန်းနေကြလို့ ပြောတယ်။ နှစ်ဖက်စလုံးက စစ်ရေးတင်းမာနေတော့ ထွက်မရဖြစ်နေတယ်” ဟု ပြောသည်။

ကသိုဏ်းဘုရားတောင်ကျေးရွာက ပြည်သူများသည် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် အချိန်ကတည်းက တာမခံ ကျေးရွာဘက်သို့ ရွှေ့ပြောင်းရန် စီစဉ်ခဲ့သော်လည်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့များက သွားခွင့်မပေးခဲ့သဖြင့် ရွာအတွင်း ကျန်ခဲ့သူများက ကသိုဏ်းဘုရားတောင် ဘုန်းကြီးကျောင်းနှင့် နေအိမ်များရှိ ကတုတ်ကျင်းများ တွင် သာ ပုန်းခိုနေကြရသည်ဟု ဆိုသည်။

အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက “ဘေးလွတ်ရာကို ရွှေ့ချင်တာပေါ့၊အခုက သူတို့က အဝင်အထွက်တွေ အကုန်ပိတ်ထားတော့ သွားလို့မရဘူးလို့‌ပြောခဲ့ပါတယ်” ဟု ပြောသည်။

ထို့အပြင် နမ့်မော် အနီးဝန်းကျင်တွင် နေထိုင်ကြသည့် အရပ်သားပြည်သူ ၄၀၀ ကျော်မှာ လက်ရှိတွင် ဆိုင်း တောင်ကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တိုက်ပွဲရှောင်နေကြရသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ဗုံးကြဲ သွားသောကြောင့် နမ့်ဖော်၊ တာမခံ၊ ဟောင်ပါး အနီးဝန်း ကျင်ရှိ ပြည်သူများ စိုးရိမ်နေကြပြီး အသင့်အနေအထားဖြင့် နေ နေရသည်ဟု ဟောင်ပါး ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“အခုတော့ ငြိမ်နေတယ်။ ဒါပေမယ့် တံတားဦးဘက်က ၂စီးပြန်တက်လာနေတယ်လို့ ကြားတယ်။ ကျွန်မတို့ တောင် ရင်တမမနဲ့ နေ နေကြရတယ် စောင့်နေတာပါ့ ဘယ်လိုဖြစ်လာမလဲ” ဟု ပြောသည်။

စစ်ကောင်စီက ကသိုဏ်းတောင်ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အပြင် ဖားကန့် တပ်မကုန်းနှင့် အခြား လက်နက်ကြီးထိုင်ထားသည့် တပ်ကုန်းများမှလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်နေသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၈ ရက်နေ့ တိုက်ပွဲထဲ စစ်တပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ရွာအစပ်နေရာတွင် ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် သားအမိနှစ်ဦး ကျည်စ ထိမှန်ဒဏ်ရာ ရရှိထားသည်ဟု ဒေသခံများက ပြောသည်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...