ကသာမှာ ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

ကသာမှာ ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁၀ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဩဂုတ်လ ၃ ရက်နေ့၊ မနက်ပိုင်း ၉ နာရီဝန်းကျင်က ကလုံရွာနား ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း အင်းရွာတိုက် နယ်အုပ်စုဘက်ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ အင်းရွာ အုပ်စု ဦးစောကျွန်းရွာက ကလေးငယ်သေဆုံးခဲ့ရတာလို့ ကသာမြို့နယ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး က ပြော ပါတယ်။

“ကလုံမှာ ရွာက အဖွဲ့တွေက သူတို့ရဲ့အရှေ့ဘက်ကမ်း ကလုံနဲ့မျက်နှာချင်းဆိုင်ရွာ ဦးစောကျွန်းရွာကို လက်နက် ကြီးနဲ့ လှမ်းပစ်တာဗျ။ အဲ့မှာပဲ ကလေးငယ်ကို လက်နက်ကြီး ထိမှန်တယ်။ ဆေးရုံရောက်လိုက် သေးတယ်။ ဆေးရုံမှာတင် သေဆုံးခဲ့တာပေါ့။ ည ၁၀ နာရီလောက်မှာ သေဆုံးသွားပြီလို့သိရတာပါ“ လို့ ပြောပါတယ်။

အဲ့ဒီကလေးငယ်ဟာ အသက် ၁၀ နှစ်ဝန်းကျင်ရှိတဲ့ ကလေးငယ်ဖြစ်ပြီး အင်းရွာက ဆေးရုံ အရောက်မှာပဲ ဗိုက် ပွင့်ထွက် ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာဖြစ်ပြီးတော့ ဦးစောကျွန်းရွာက ဦးဖိုးဆိုင်းနဲ့ ဒေါ်ဆယ်တို့ရဲ့ သမီးဖြစ်တယ်လို့ ဆိုကြပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မန္တလေးကနေ ကချင်ပြည်နယ်ဘက်ကို ဧရာဝတီ မြစ် ကြောင်းအတိုင်း ဦးတည်တက်လာတဲ့ စစ်သင်္ဘောတွေကို လုံခြုံရေးယူပေးနေတဲ့ ခမရ ၃၆၇ နဲ့ ၃၁၇ တပ်ဖွဲ့တွေ ဖြစ်ပြီး အင်အား ၁၀၀ ကျော်လောက် ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက် က ပြောပါတယ်။

ဒါ့အပြင် မြစ်ကြောင်းအတိုင်း တက်လာတဲ့ သင်္ဘော ၉ စီးဟာလည်း လက်ရှိမှာ ကသာသဖန်းကိုင်း ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ ကသာမြို့နယ်ကကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလို ဆက်ပြောပါတယ်။

“ရေကြောင်းက သဖန်းကိုင်းဆိပ်ကမ်းမှာ ရပ်နေတယ် အခုကား၁၀စီးနဲ့ ရိက္ခာတွေတင်နေတယ်။ ဘယ်ကို သွား မယ်ဆိုတာတော့ မသိရဘူး။ သူတို့က မြို့ကြီးတွေရဲ့ ဆိပ်ကမ်းတိုင်း သူတို့ရဲ့ တပ်ရင်းတွေရှိတဲ့အတွက် အဲ့ တပ် ရင်းတွေကို ရိက္ခာ ပြတ်လပ်တဲ့ပစ္စည်းတွေကို ချပေးနေတာ” လို့ ပြောပါတယ်။

လက်ရှိ ကသာမြို့နယ်မှာ ရေကြောင်းရော ကုန်းကြောင်းမှာပါ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေရှိနေတဲ့ အတွက် ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ရွာတွေအားလုံးက ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေ ထဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - ကသာပြည်သူ့ဆေးရုံးကြီး

October 30, 2024
ကချင်အထူးဒေသ (၁) ဖီမော်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့...
October 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်  KBC ဘုရားကျောင်းကို...
October 24, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကို တရုတ်အစိုးရက...
October 24, 2024
ဗန်းမော်မြို့ နယ် နဲ့ မိုးမောက်မြို့နယ်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့...