လက်နက်နဲ့အတူ ခိုလှုံတဲ့ မိုးဗြဲအခြေစိုက်မှ တပ်သားတစ်ဦးကို ဆုငွေချီးမြှင့်

လက်နက်နဲ့အတူ ခိုလှုံတဲ့ မိုးဗြဲအခြေစိုက်မှ တပ်သားတစ်ဦးကို ဆုငွေချီးမြှင့်

စစ်ကောင်စီရဲ့ တပ် ၆၆ လက်အောက်ခံ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်က တပ်သားတစ်ယောက် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် တပ်ရင်း (၁) လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDM တပ်သားအဖြစ် ခိုလှုံလာသူကို ဆုငွေချီး မြှင့်ခဲ့တာ ဖြစ်ပါတယ်။

CDM အဖြစ် ခိုလှုံလာသူမှာ တပ်မ (၆၆) လက်အောက်ခံ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှ ကိုယ်ပိုင်နံပါတ် (တတ-၁၃၁၂၅၈) တပ်သား တင်သိန်းဖြစ်ပါတယ်။

အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ((MBPDF)၊ တပ်ခွဲ (၃) ကျွဲချိုတပ်ခွဲမှ လက်နက်နဲ့ CDM ဝင် ရောက်လာတဲ့ တပ်သား တင်သိန်းကို ဆုငွေ (၂၀) သိန်းကျပ်တိတိကို ပေးအပ်ချီးမြှင့်ခဲ့ပြီး လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ မိုးဗြဲ PDF က ပြောပါတယ်။

အဆိုပါ တပ်သားဟာ အသက် (၂၀) အရွယ်ရှိပြီး ဆန္ဒမပါပဲ စစ်တပ်ထဲ တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ ဆိုပါ တယ်။ စစ်အာဏာရှင်ကို မကြိုက်တဲ့အတွက် CDMအနေနဲ့ ရုန်းထွက်ခဲ့တာဖြစ်တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ် ရေးတပ်၊ ကျွဲချိုထောက်ပို့ ဖေ့ဘုတ်စာမျက်နှာက ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်မှာ CDMတပ်သား တင်သိန်းက ပြော ဆိုထားပါတယ်။

သူ့အနေနဲ့လည်း စစ်အာဏာရှင်ကို ပြန်လည်တိုက်ထုတ်တဲ့နေရာမှာ ပါဝင်သွားမယ်လို့ ပြောဆိုထားပါတယ်။

“ကျနော် ဒီတော်လှန်ရေးမပြီးမချင်း ကျနော့်အသက် မသေမချင်း ရအောင်ပြန်ပြီး နှိမ်နင်းဖို့ ကျနော် ဒီတော် လှန်ရေး မပြီးမချင်း တိုက်ဖို့ပါ။ တကယ်လို့ အရေးကြီးလာပြီး သေမလောက်ရှင်မလောက် ဖြစ်လာရင် ကျနော့် အသက်ပေးပြီး တိုက်ဖို့ ဝန်မလေးဘူး။ ဝင်တိုက်ရဲတယ်။ ဒီစနစ်အောက်မှာ မနေချင်လို့ ရုန်းထွက်ခဲ့တယ်။ ပြည် သူအတွက် ပြန်ပြီး တိုက်ပေးဖို့ ကျနော့်အသက် မသေမချင်းတိုက်ဖို့ပါ“ လို့ တပ်သားတင်သိန်းက ပြောပါတယ်။

စစ်ကောင်စီ တပ်သား တင်သိန်းဟာ ဇူလိုင်လ ၃ ရက်နေ့က CDM လုပ်လာခြင်း ဖြစ်ပြီး သူ CDM ဝင်ရောက် လာခြင်းကို မိုးဗြဲပြည်သူ့ကာကွယ်တပ် က ဩဂုတ်လဆန်းမှာ ထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။

ငွေ ၃ သိန်းပေးပြီး တပ်စုဆောင်းရေးထဲ ခေါ်ဆောင်ခံရကြောင်း၊ သင်တန်းပြီးပြီးချင်း မိုးဗြဲဖက်ကို ရှေ့တန်း ပို့ဆောင်ခံရကြောင်း၊ မိုးဗြဲမြို့မှာ တာဝန်ထမ်းဆောင်နေချိန်မှာ ပြည်သူ့အိုးအိမ်တွေကို မီးရှို့လို့ရကြောင်း၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလို့ရကြောင်း၊ မြင်မြင်သမျှ ပစ်လို့ရကြောင်း၊ အမျိုးသမီးတွေကို မုဒိမ်းကျင့် သတ်ပစ်လို့ရကြောင်း အထက်ညွှန်ကြားထားတာရှိခဲ့သလို မြေပြင်မှာလည်း လက်တွေ့မြင်တွေ့နေရတာကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံဖို့ စိတ်ဆုံးဖြတ်ချက်ခဲ့တယ်လို့ တပ်သားတင်သိန်း ပြောကြားထားတယ်လို့ မိုးဗြဲ PDF ထံက နေ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ အနေနဲ့ စစ်ကောင်စီကိုစွန့်ခွာပြီး တော်လှန်ရေးမှာ CDMပြုလုပ်ပြီး ပါဝင်ဖို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက ဖိတ်ခေါ်တာတွေလည်းရှိနေပါတယ်။

မိုးဗြဲမြို့မှာဆိုရင် စစ်ကောင်စီတပ်က မြို့တွင်းကို မကြာခဏ စစ်ကြောင်းထိုးခြင်း၊ တပ်စွဲခြင်း ပြုလုပ်တာ ကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိနေတာပါ။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ကနေလည်း ဘက်ပြောင်းခိုလှုံသူများ နဲ့ CDM ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းထားတာရှိသလို စစ်ကောင်စီတပ်သားတွေကို CDM ပြုလုပ်ဖို့ ဖိတ်ခေါ်တာတွေလည်း ရှိပါတယ်။

Most read this week

October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...
October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...
October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...