ထားဝယ်ထောင်မှ နိုင်ငံရေးအကျဉ်းသားမဟုတ်သည့် လွတ်ရက်စေ့ခါနီးသူများသာ လွတ်မြောက်လာ

ထားဝယ်ထောင်မှ နိုင်ငံရေးအကျဉ်းသားမဟုတ်သည့် လွတ်ရက်စေ့ခါနီးသူများသာ လွတ်မြောက်လာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ထားဝယ်အကျဉ်းထောင်မှ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသား ၃၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား မဟုတ်သည့် လွတ်ရက် စေ့ခါနီးသူများကိုသာ ပါဝင်သည်ဟု နိုင်ကျဉ်း မိသားစုဝင်များက ပြောသည်။

စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့က ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံး ရှိ အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းသား/အကျဥ်းသူ (၇,၇၄၉) ဦးကို လွတ်ငြိမ်းသက် သာခွင့် ပေးလိုက်ကြောင်း ကြေညာလိုက်သည်။

ထို့နောက် ထားဝယ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ၃၀ ကျော် အနက် နိုင်ငံရေး အကျဉ်းသား တစ်ဦးမျှမပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောသည်။

၎င်းက “အခုလွတ်လာတာက ၆ လလောက်ကျန်တဲ့သူတွေ။ ခိုးမှု၊ လုယက်မှု၊ နိုင်ငံရေးမှုမပါဘူး။ ကျမ ယောက် ကျားဆို နိုင်ငံရေးနဲ့ ၃နှစ်ကျတယ်။ အခုဆိုတစ်နှစ်နီးပါးကျန်သေးတယ်။ ဦးလေးကျတော့ ၁၀ နှစ် အထက်တွေ။ လျှော့ရက်လည်းမရဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ (၇,၇၄၉) ဦးအနက် နိုင်ငံရေး အကျဉ်းသားမည်မျှပါဝင်နေကြောင်းကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စာရင်းပြုစုနေဆဲဖြစ်ပြီး လက်ရှိရရှိထားသည့်စာရင်းများအရ ၁၂၀ ကျော် ပါဝင်နေကြောင်း AAPP ၏ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

၎င်းက “စာရင်းအတိအကျက အခုထိလုပ်နေတုန်းမို့လို့ပါ။ အဆက်မပြတ်ဝင်နေတော့ ပြောဖို့ခက်သေးတယ်။ ဒီမနက်အထိတော့ နိုင်/ကျဉ်း ၁၂၀ ကျော်အထိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ တောင်ကလေးအကျဉ်းထောင်တွင်လည်း အကျဉ်းသား/အကျဉ်းသူ (၂၅၈)ဦး လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာပြီး ၎င်းတို့ထဲတွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးခန့်သာ ပါဝင်နေကြောင်း သိရှိရသည်။

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...
October 31, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျောက်ပုံ၊...
October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...