ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်း‌ပေးသည့်အမှုများမှာ ပြစ်ဒဏ်စေ့တော့မည့် အမှုများဖြစ်

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်း‌ပေးသည့်အမှုများမှာ ပြစ်ဒဏ်စေ့တော့မည့် အမှုများဖြစ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား စစ်ကောင်စီက လွတ်ငြိမ်း ချမ်းသာခွင့်ပေးကြောင်း ကြေညာခဲ့သည့် အမှုများမှာ ပြစ်ဒဏ်စေ့ရန် လပိုင်းသာ ကျန်ရှိတော့သည့် အမှုများ ဖြစ်ပြီး ပြစ်ဒဏ်များစွာ ကျန်နေသေးကြောင်း တရားရုံးနှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲဆို ထားသည့်အမှု နှစ်ခု၊ ပုဒ်မ ၅၀၅-ခ အမှု၊ ဆက်သွယ်ရေးပုဒ်မ - ၆၇ အမှု၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ အမှု များကို လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

“ငါးမှုတောင်မှ အဲ့ဒီငါးမှုရဲ့ ပြစ်ဒဏ်တွေက ပြည့်ခါနီးနေပြီလေ။ အဲ့ဒီပြည့်ခါနီးတဲ့ ကာလကို သူတို့က လွတ်ငြိမ်း ချမ်းသာ ခွင့်ပြုတယ်လို့ ပြောတာ။ ကျန်တဲ့ ၁၄ မှုက နည်းတဲ့ ပြစ်ဒဏ်တွေ မဟုတ်ဘူးလေ။ အများကြီးပဲ” ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် သမ္မတဦးဝင်းမြင့်၏ သဘာဝဘေးအမှုနှင့် ပုဒ်မ ၅၀၅-ခ အမှုကို လွတ်ငြိမ်းခွင့်ပေးကြောင်း ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီက ကြေညာခဲ့သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် သဘာဝဘေးဥပဒေပုဒ်မ ၂၅ တစ်မှုနှင့် ပုဒ်မ ၅၀၅-ခ အမှုကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် တစ်မှုလျှင် ထောင်ဒဏ် နှစ်နှစ်စီဖြင့် စုစုပေါင်း လေး နှစ် အမိန့်ချမှတ်ခဲ့သည်။

ထိုသို့ အမိန့်ချမှတ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ၎င်းတို့အပေါ် တရားရုံးက ချမှတ်ခဲ့ သည့် ထောင်ဒဏ် လေးနှစ်စီအနက် ထောင်ဒဏ် နှစ်နှစ်စီကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာခဲ့သည်။

အဆိုပါအမှုနှစ်မှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ပူးတွဲစွဲဆိုခံရ သည့် အမှုများ ဖြစ်သည်။

ကျန်သည့် သဘာဝဘေးတစ်မှု၊ ပို့ကုန်၊ သွင်းကုန်အမှုနှင့် ဆက်သွယ်ရေး အမှုတို့မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း စွဲဆိုခံရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က သဘာဝဘေးအမှုကို ထောင် ဒဏ်နှစ်နှစ်၊ ဆက်သွယ်ရေးအမှုနှင့် ပို့ကုန်၊ သွင်းကုန်အမှုကို ပြစ်ဒဏ်တစ်ပေါင်းတည်း ထောင်ဒဏ် နှစ်နှစ် ချမှတ် ခဲ့သည်။

“ချုပ်ရက်လျော့ရက်က တစ်မှုပဲထည့်တွက်တာ။  ကျန်တဲ့အမှုတွေကတော့ မတွက်တော့ဘူး” ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

ထို့ကြောင့် ချုပ်ရက်လျော့ရက်မပါဘဲ တွက်ပါက အဆိုပါ လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အမှုများမှာ ပြစ်ဒဏ်‌စေ့ရန် ငါးလကျော်ခန့်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရပြီး ယခု ထောင်ဒဏ်ခြောက်နှစ် လျော့ပေါ့ပေးလိုက်ခြင်းကြောင့် ၎င်းမှာ ထောင်ဒဏ် ၂၇ နှစ် ကျန်ရှိမည် ဖြစ်သည်။

သမ္မတဦးဝင်းမြင့်အနေ ဖြင့် သဘာဝဘေးအမှု ၅၀၅-ခ အမှု၊ ရဟတ်ယာဉ်ကိစ္စ အဂတိ ငါးမှု၊ ပုဒ်မ ၁၃၀-က အမှု တို့အတွက် ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၁ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြစ်ဒဏ် နှစ် နှစ်၊ လက်ရှိ ပြစ်ဒဏ် နှစ်နှစ် စစ်ကောင်စီက လျော့ပေါ့ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ထောင်ဒဏ် ၁၀ နှစ် ဆက် လက်ကျခံရန် ရှိနေသည်။

Most read this week

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...